မြေပဲစိုက်ပျိုးနည်း အပြည့်အစုံ
⦿ မျိုး
အထွက်ကောင်းမျိုးများဖြစ်သော ဆင်းပဒေသာ ၅၊ ၆၊ ၇၊ ၉၊ ၁၀ မကွေး ၁၁၊ ၁၅ မျိုးများနှင့် ပင်ပြန့် ကျောင်းကုန်း မျိုးကို သုံးစွဲပါ။ အပင်ပေါက်၈၀% အထက်ရှိသော မျိုးစေ့ကိုစိုက်ပါ။ မစိုက်မီ ၁ ပတ် အလိုတွင် အစေ့ထုတ်၍ ကြီးလွန်းသော၊ သေးလွန်းသော မျိုးများကို ဖယ်ထုတ်ပစ်ပါ။မျိုးစေ့ကို မစိုက်မီ သြဘာမျိုးစေ့လူးနယ်ဆေး ဖြင့် လူးနယ်စိုက်ပျိုးပါ။
⦿ မြေပြုပြင်ခြင်း
စိုက်ခင်းကို ထယ်ရေးနက်နက်နှင့် ထွန်းရေးညက်အောင် မြေပြုပြင်ပါ။ မိုးရာသီလယ်မြေများတွင် ဘောင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါသည်။
⦿ စိုက်ချိန်
မိုးမြေပဲ – ဇွန်လအတွင်း
ဆောင်းမြေပဲ – စက်တင်ဘာလမှ နိုဝင်ဘာလ
စကမြေပဲ – သြဂုတ်လ (၁၅) ရက်အတွင်း
⦿ စိုက်စနစ်
ပင်ထောင်မြေပဲ = တန်းကြား ၁၅ လက်မ × ပင်ကြား ၄ လက်မ
ပင်ပြန့် = တန်းကြား ၁၈ လက်မ × ပင်ကြား ၄ လက်မ
ပင်ထောင်မြေပဲကို ပင်စည်မမှထွက်သည့် ကိုင်း (၄)ကိုင်း အနည်းဆုံး ရရှိစေရန်နှင့် တစ်ဧက အပင်ဦးရေ (၁) သိန်း ဝင်အောင် စိုက်ပျိုးပါကအထွက်နှုန်း တိုးမည်ဖြစ်ပါသည်။
⦿ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အသုံးပြုခြင်း
မြေပြင်ချိန်တွင် နွားချေးလှည်း (၅-၁၀) စီး ချပေးပါ။ မြေခံအဖြစ် ရွှေကောမက် ပဲမျိုးစုံ (၂၅-၅၀) ကီလို နှင့် ကောမက် ဂျစ်ပဆမ် (၂၅) ကီလိုနှစ်အိတ် ထည့်ပါ။
⦿ ပေါင်းသတ်ဆေးအသုံးပြုခြင်း
မြေပဲခင်းအတွင်းရှိ ပေါင်းများကို ဟက်ကာ၊ မက်တယ်၊ ပင်စီ၊ ဖော်ကျွန်း စသည့် ပေါင်းသတ်ဆေးများကို အသုံးပြု၍ နှိမ်နှင်းနိုင်ပါသည်။
၁။ ဟက်ကာ
မြေပဲခင်းတွင်းရှိ ပေါင်းအစုံကို သတ်ပေးနိုင်သည်၊ ပဲပင်ပေါက်ပြီး (၇-၁၀) ရက်သား ပေါင်းပင် စပေါက်သော အချိန်တွင် ဖျန်းပါက အထိရောက်ဆုံး ဖြစ်သည်။ ဟက်ကာသည် ပေါင်းပင်အရွက်၊ အမြစ်၊ ပင်စည် အားလုံးမှ စိမ့်ဝင်၍ သတ်နိုင်သောကြောင့် မြေတွင်း အစိုဓာတ်ရှိချိန် ပေါင်းမြက်ပေါက်ချိန် ဖျန်းပေးပါက ပိုမိုထိရောက်သည်။
၂။ မက်တယ်
မြေပဲ၊ ကြံ၊ ဝါ၊ ပြောင်း၊ နှမ်း၊ ဆေးရွက်ကြီး စသည့် သီးနှံစိုက်ခင်းများအတွင်းရှိ မြက်၊ ရွက်ပြန့်ပေါင်း၊ မုန်ညင်းများကို သတ်ပေးနိုင်သော ရွေးချယ်ပေါင်းသတ်ဆေး ဖြစ်သည်။ မျိုးစေ့ချ မြေဖုံးပြီး (၃) ရက်အတွင်း အစိုဓာတ် လုံလောက်ချိန်ဖျန်းပါ (သို့) ရေသွင်းပြီး/မိုးရွာပြီး မြေမခြောက်ခင်ဖျန်းပါ၊ မက်တယ်သုံးလျှင် သမန်းညက်မှ ထိရောက်ပါသည်။ မက်တယ်သည် အစေ့သေးမှ ပေါက်သော ပေါင်းများအား သေစေနိုင်သော်လည်းအဆစ်၊ အကိုင်း၊ အတက်၊ ဥမှ ပေါက်သော ပေါင်းများကို မသတ်နိုင်ပါ။
⦿ ပိုးရောဂါကာကွယ်နှိမ်နင်းခြင်း
ငမြှောင်တောင် ၊ ဖိုးလမင်းပိုးတီ၊ ရွက်လိပ်ရွက်ကပ်ပိုး ၊ ပျပိုး ၊ ခူမွှေးရှည်များ ကျရောက်တတ်ပြီး ရွက်ပြောက်ရောဂါ ၊ သံချေးရောဂါ ၊ ခါးရိခါးသိမ်ရောဂါ ၊ သပ်ပုံပါ အနာကွက်ရောဂါနှင့် ပင်ရင်းပုပ်ရောဂါများ အဖြစ်များတတ်သောကြောင့် အထူးသတိထားရမည်ဖြစ်ပါတယ်။
⦿ ရိတ်သိမ်းခြင်း
မြေပဲညှိုး၍ အရွက်များ ဝါလာချိန်၊ အတောင့်၏ ၇၀% ရင့်မှည့်ချိန်တွင် ရိတ်သိမ်းပါ။ ရိတ်သိမ်းချိန်တွင် အစိုဓာတ်ရှိ၍ ၃-၄ ရက်ခန့် နေလှန်းပါ။