ပင်စီ

ကြက်သွန်၊ မြေပဲ၊ ငရုတ်၊ စပါး ရွေးချယ်ပေါင်းအုပ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ပင်စီ ၃၃ အီးစီ
အစွမ်းရှိပစ္စည်း (AI) Pendimethalin 33%
ဆေးအမျိုးအစား မြေပြင်ဖျန်း ပေါင်းအုပ်ဆေး
‌‌အသုံးပြုရမည့်ပုံစံ ပေါင်းမပေါက်မီ မြေပြင်ဖျန်းဆေး
‌‌ဆေးအာနိသင်ပြန့်နှံ့ပုံ ထိသေနှင့်ပင်လုံးပြန့် အာနိသင်ရှိပြီးပေါင်းပင်၏ အမြစ်နှင့် အညွန့်တို့မှစုပ်ယူပြီး တစ်ပင်လုံးကိုပြန့်နှံ့သည်(Translocate by Shoot & Roots )။
‌သုံးစွဲရမည့်သီးနှံ ကြက်သွန်၊ အာလူး၊ ငရုတ်၊ မြေပဲ၊ ဂန္ဓမာ၊ ပြောင်း စသောသီးနှံများ။
‌နှိမ်နှင်းနိုင်သောပေါင်းများ ရွက်ပြန့် နှင့် မြက်ပေါင်းများ။
သုံးစွဲရမည့်အချိန် မစိုက်ခင်နှင့် စိုက်ပြီး ( ဝ – ၂ ) ရက် အတွင်းအသုံးပြုနိုင်သည်။
ဆေးနှုန်းထား ရေ ၂၀လီတာ ဝင်ဆေးဖျန်းပုံး ၁ ပုံးလျှင် မြင်းခေါင်း စတီးဇွန်း ၂၀ -၂၅ ဇွန်း ( ၁၀၀၀ – ၁၂၅၀ စီစီ/ဧက) နှုန်းဖြင့် ၁ ဧက လျှင် ဆေးဖျန်းပုံး ၅- ၁၀ ပုံး အသုံးပြုပါ။
အဓိကအကျိုးကျေးဇူးများ
  • ပေါင်းများကို မပေါက်မီနှင့် ပေါင်းပင်မကြီးထွားခင် နှိမ်နှင်းနိုင်သောကြောင့် ပေါင်းပင်များ သီးနှံပင်နှင့်ယှဉ်ပြိုင်ကြီးထွားခြင်းမှ ကင်းလွတ်စေပြီး သီးနှံကြီးထွားဖွံ့ဖြိုးမှုကောင်းစေကာ အထွက်နှုန်းတိုးစေသည်။
  • အမြစ်နှင့်အညွန့်တို့မှ စုပ်ယူကာ သတ်ပေးနိုင်သောကြောင့် အညှောင့်မှ ပေါက်ခါစ၊ မြေကြီးမှထွက်စ ပေါင်းများကို အကောင်းဆုံးကာကွယ်နှိမ်နင်းနိုင်သည်။
  • အသုံးပြုရလွယ်ကူပြီး ကုန်ကျစရိတ်သက်သာစေသော ပေါင်းသတ်ဆေးဖြစ်သည်။

ဆက်စပ်ထုတ်ကုန်များ