ရီဗိုက်

မှိုရောဂါများ ကာကွယ်မှု၊ ကုသမှုနှင့် အမြစ်ပြတ်သုတ်သင်နိုင်သော ပင်လုံးပြန့် မှိုသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ရီဗိုက် ၂၅ အက်စ်စီ
အစွမ်းရှိပစ္စည်း (AI) Azoxystrobin 25%
ဆေးအမျိုးအစား ပင်လုံးပြန့်မှိုသတ်ဆေး
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ပင်လုံးပြန့်အာနိသင်နှင့် ထိုးဖောက်စိမ့်ဝင်နိုင်သောအာနိသင်ရှိသည်။
  • အီလက်ထရွန်သွားလာမှုလမ်းကြောင်းအားအဆင့်ဆင့်ပြိုကွဲပျက်စီးစေပြီး မှိုမျှင်များ၏ အသက်ရှူစနစ်ကို တားစီးပိတ်ပင်ပါသည်။အပင်ရေကြောစီးမှပြန့်နှံ့သည်။
သုံးစွဲ၍ရသောသီးနှံ စပါး၊ နှမ်း၊ မြေပဲ၊ ပဲမျိုးစုံ၊ အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ပန်းမာန် နှင့်ဟင်းသီးဟင်းရွက်။
နှိမ်နှင်းနိုင်သော မှိုရောဂါများ မြစ်ခြောက်ဆွေး၊ ဖားဥမှို၊ သံချေး၊ အကြေးဖတ်ရောဂါ၊ ရွက်ပျောက်ရွက်‌ခြောက်၊ ရွက်ဖုံးခြောက်၊ မှဲ့ပြောက်စွန်း နှင့် မှိုသီးရောဂါ။
‌ဆေးနှုန်းထား ရေ ၂၀ လီတာ ဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် ၁၀ – ၃၀ စီစီထည့်သွင်းပြီး တစ်ဧကလျှင် ၅၀ – ၁၅၀ စီစီ ဖြင့် ၅ – ၈ပုံး အသုံးပြုပါ။
သီးနှံ့မရိတ်သိမ်းမီ နောက်ဆုံးဆေးဖျန်းရက် ၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။
အဓိကအကျိုးကျေးဇူးများ
  • ကာကွယ်မှုနှင့် ကုသမှုနှစ်မျိုးစလုံး အသုံးပြုနိုင်သောဆေးဖြစ်ပါသည်။
  • အာနိသင်တာရှည်ခံပြီး မှိုရောဂါ ကာကွယ်နိုင်သော အကောင်းဆုံးဆေးဖြစ်သည်။
  • ဆေးလောင်ကျွမ်းမှုမရှိသောကြောင့် သီးနှံမျိုးစုံပန်းပွင့်ချိန်မှာပင်ဖျန်းနိုင်ပါသည်။
  • အခြားမှိုသတ်ဆေးများနှင့် ရောစပ် အသုံးပြုနိုင်ပါသည်။
  • ရောဂါဆိုးရွားနေပါက အခြားမှိုသတ်ဆေးများနှင့် ရောစပ်အသုံးပြုပါက ထိရောက်စွာ ကာကွယ်အကျိုးထူးနိုင်သည်။

ဆက်စပ်ထုတ်ကုန်များ