သမားတော်

ဖျူစေရီယမ်နှင့်မြေဆောင်ရောဂါ ကာကွယ်နှိမ်နင်းဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် သမားတော် ၇၀ ဒဗလျူပီ
အစွမ်းရှိပစ္စည်း (AI) Hymexazol 70%
‌ဆေးအမျိုးအစား ပင်လုံးပြန့်မှိုသတ်ဆေး
‌အသုံးပြုရမည့်ပုံစံ မြေပြင်ဖျန်းဆေးနှင့် ရွက်ဖျန်းဆေး
‌ဆေး ပြန့်နှံပုံ မြေပြင်ဖျန်းထားပါက အမြစ်မှတစ်ဆင့် တစ်ပင်လုံးပြန့်နှံ့နိုင်သည့် ပင်လုံးပြန့်မှိုသတ်ဆေး။
သုံးစွဲ၍ရသောသီးနှံ မတ်ပဲ ၊ ပဲတီစိမ်း၊ မြေပဲ၊ ပဲမျိုးစုံ၊ ခရမ်းချဉ်၊ ငရုတ်၊အာလူး ၊ဂျင်း၊ ကြက်သွန်ဖြူ/နီ၊ ကွမ်း ဖရဲသခွား၊ ပန်းမာန်။
နှိမ်နှင်းနိုင်သောရောဂါများ ဖျူစေရီယမ်၊ အခြားပင်ညှိုးရောဂါနှင့် မြေဆောင်ရောဂါများ။
‌ဆေးနှုန်းထား ရေ ၂၀ လီတာ ဝင် ဆေးဖျန်းပုံးတစ်ပုံးတွင် ၁၂၀ – ၁၆၀ ဂရမ် ဖြင့် တစ်ဧကလျှင် ၆၀၀ – ၈၀၀ ဂရမ်ဖြင့် ၅-၈ ပုံးအသုံးပြုပါ။
ဆေးအသုံးပြုရမည့်အချိန်
  • မြေပြင်ဖျန်းဆေးဖြစ်သောကြောင့် မစိုက်မီ စိုက်ဘောင်စိုက်ကျင်း အတွင်း ၁ ကြိမ်၊ စိုက်ပြီး ၁၅ – ၂၀ ရက်အတွင်း ၁ ကြိမ် အနည်းဆုံး ၂ကြိမ် ဖျန်းခြင်းဖြင့် ကာကွယ်နိုင်သည်။
  • မြေဆောင်ရောဂါများ မဖြစ်ပွားစေရန် မြေပေါ်ဖျန်းပေးခြင်းဖြင့် မြေသန့်ဆေးအဖြစ်အသုံးပြုနိုင်သည်။
သီးနှံ့မရိတ်သိမ်းမီ နောက်ဆုံးဆေးဖျန်းရက် ၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။
အဓိကအကျိုးကျေးဇူးများ
  • ဖျူစေရီယမ်နှင့် မြေဆောင်မှိုရောဂါများကို ကာကွယ်နှိမ်နင်းရာတွင် အခြားမှိုသတ်ဆေးများထက် ပိုမိုအစွမ်းထက်ပါသည်။
  • အပင်ကိုပိုမိုစိမ်းစိုစေပြီး ပင်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေသည်။
  • Oomycete ရောဂါများကိုနှိမ်နင်းရာတွင် တုန့်ပြန်မှုမြန်သည်။
  • Phytophthora မှိုမျိုးစိတ်များ၏ မျိုးပွားမှုနှင့် ကြီးထွားမှုကို တားဆီးပေးပါသည်။

ဆက်စပ်ထုတ်ကုန်များ