ဟက်ကာ

မြေပဲရွေးချယ်ပေါင်းသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ဟက်ကာ
အစွမ်းရှိပစ္စည်း Imazethapyr 10%
ဆေးအမျိုးအစား ပင်လုံးပြန့် ရွေးချယ်ပေါင်းသတ်ဆေး
‌အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌ဆေးအာနိသင်ပြန့်နှံ့ပုံ ပေါင်းပင်၏ အရွက်နှင့် အမြစ်မှ စုပ်ယူနိုင်ပြီး အစာကြော၊ ရေကြောစီးမှ ပြန့်နှံ့ကာ အပင်ကြီးထွားသည့် အစိတ်အပိုင်းများကို တိုက်ခိုက်ပြီး ပေါင်းပင်ကို သေစေသည်။
‌အသုံးပြုနိုင်သော ပေါင်းများ မြက် (ဆင်ငို၊ လက်သဲခွ)၊ မုံညင်းဥနက်၊ သဲမုံညင်း၊ ဟင်းနုနွယ်၊ ဂျိုးခြေထောက် ပေါင်းအားလုံးသတ်ပေးနိုင်သည်။
အသုံးပြုနိုင်သောသီးနှံ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ မြေပဲ။
သုံးစွဲရမည့်အချိန် နှင့် နှုန်းထား
  • မြေပဲစိုက်ပြီးပြီးခြင်း၊ ကြမ်းတုန်းအုပ်ပြီးပြီးခြင်း၊ မြေပြင်အစိုဓာတ်ရှိနေချိန်တွင် ရေ၂၀လီတာဝင် ဆေးဖျန်းပုံး ၁ပုံးလျှင် မြင်းခေါင်းစတီးဇွန်း ၁၀ ဇွန်းထည့်ပြီး ၁ ဧကကို ၅ ပုံး (၅၀၀ စီစီ/ဧက) ဝင်အောင်ဖျန်းပေးပါ။
  • ပေါင်းပင်များနုစဉ် ၂ – ၄ ရွက်ထွက်ပြီး မြေအစိုဓာတ်ကောင်းချိန်တွင် ရေ ၂၀ လီတာဝင် ဆေး ၁ ပုံးလျှင် ၈ဇွန်း ထည့်ပြီး ၁ ဧကလျှင် ဆေးဖျန်းပုံး ၅ ပုံး (၄၀၀ စီစီ/ဧက) နှုန်းဖြင့်ဖျန်းပေးပါ။
  • ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် တွင် ပဲပင်ပေါက်ပြီး ၇ – ၁၅ ရက်အတွင်း သုံးနိုင်သည်။
အကျိုးကျေးဇူးများ
  • ပေါင်းအားလုံးကိုနှိမ်နင်းနိုင်သည်။ အထူးသဖြင့် မြက် (ဆင်ငို၊ လက်သဲခွ)၊ မုံညင်း၊ ဟင်းနုနွယ်၊ ဂျိုးခြေထောက် ကိုသတ်ပေးနိုင်သည်။
  • ပေါက်ပြီးသားပေါင်းသာမက မပေါက်သေးသော ပေါင်းများကိုပါ ထိန်းထားနိုင်သည်။
  • လက်ပေါင်းလိုက်ခြင်းနှင့်ယှဉ်လျှင် ကုန်ကျစရိတ်သက်သာသည်။
မှတ်ချက် နောက်သီးနှံ (နှမ်း) စိုက်မည်ဆိုလျှင် ဟက်ကာ အစား မက်တယ် ပေါင်းအုပ်ဆေးကို အသုံးပြုပါ။

ဆက်စပ်ထုတ်ကုန်များ