ပိုင်ဒီ

ယင်ဖြူ၊ လှေး၊ ပျ၊ ဖြုတ် အထူးသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ပိုင်ဒီ ၇၀ ဒဗလျူဒီဂျီ
အစွမ်းရှိပစ္စည်း (AI) Pymetrozine 50%+ Nitnepyram 20%
ဆေးအမျိုးအစား ပိုးသတ်ဆေး
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ပင်လုံးပြန့်အာနိသင်ရှိပြီး အပင်ရောကြောစီးနှင့် အစာကြောစီးမှ တစ်ဆင့် ပြန့်နှံ့နိုင်သည်။
  • ပိုင်မီထရိုဇင်းသည် ပိုးကောင် ၏ အစားစာမှုကို ရပ်တန့်စေပြီး အပင်ကို ပိုးကောင်ဖျက်ဆီးမှုမှ လျှင်မြန်စွာ ကာကွယ်မှုပေးသည်။
  • နီတမ်ပရမ်သည် အဓိက အားဖြင့် ပိုးကောင်အား ၏ နာ့ပ် ကြောများကို တိုက်ခိုက်ပြီး ပိုးကောင်ကို နှိမ်နင်းပေးသည်။
‌‌သုံးစွဲ၍ရသောသီးနှံ ပဲမျိုးစုံ၊ ပန်းမျိုးစုံ၊ ဝါ၊ နှမ်း၊ ဂေါ်ဖီ၊ ဟင်းသီးဟင်းရွက်၊ ဖရဲ၊ သခွား၊ စပါး။
‌နှိမ်နှင်းနိုင်သော ဖျက်ပိုးများ ယင်ဖြူ၊ လှေး၊ ပျ၊ ဖြုတ်ညို၊ ဖြုတ်စိမ်း။
‌ဆေးနှုန်းထား
  • ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆေး ၁၀ – ၂၀ ဂရမ်ထည့်သွင်းပြီး တစ်ဧကလျှင် ၅၀ – ၁၀၀ ဂရမ် ဖြင့် ၅ – ၈ ပုံးအသုံးပြုပါ။
  • ပိုးဆိုးရွားစွာကျရောက်ပါက ၇ ရက်ခြား ၁ ကြိမ်ဖျန်းပါ။
‌သုံးစွဲရမည့်အချိန်
  • ပိုးကောင် ငယ်ရွယ်စဥ်မှ စတင်၍ ဖျန်းပါ။
  • အပင်သက်တမ်းတစ်လျှောက် အသုံးပြုနိုင်သည်။
သီးနှံမရိတ်မှီ နောက်ဆုံးဆေးဖျန်းရက် ၁၄ -၂၀ ရက်။
အဓိကအကျိုးကျေးဇူးများ
  • သီးနှံစိုက်ခင်းတွင် စုပ်စားပိုး ဆိုးရွားစွာကျပါကနှိမ်နင်းနိုင်သော ဆေးကောင်းတစ်ခုဖြစ်သည်။
  • ယင်ဖြူ၊ ပျ နှင့် ဖြုတ်ညို ပိုးများ၏ မည်သည့်အဆင့်မဆို အထိရောက်ဆုံးနှိမ်နှင်းနိုင်သည်။
  • ဗိုင်းရပ်စ် ရောဂါများ မဖြစ်စေရန် ကာကွယ်ပေးနိုင်သောကြောင့် သီးနှံ အထွက်နှုန်း နှင့် အရည်အသွေး ပိုမိုကောင်းမွန်စေသည်။

ဆက်စပ်ထုတ်ကုန်များ