ငရုတ်အထွက်တိုး စိုက်ပျိုးနည်း

ငရုတ် စိုက်တောင်သူဦးကြီးများအတွက် ငရုတ် သက်တမ်းအလိုက်၊ ပိုးမွှားရောဂါအလိုက် အသုံးပြုသင့်သော မြန်မာ့သြဘာ ထုတ်ကုန်များကို အောက်တွင် ရှာဖွေနိုင်ပါသည်။

ငရုတ် အထွက်တိုး စိုက်ပျိုးနည်း အပြည့်အစုံ

ငရုတ်စိုက်တောင်သူကြီးများ ငရုတ်အထွက်တိုးစေရန်အတွက် အပင်မစိုက်ခင် မျိုးရွေးချယ်ကတည်းက ဒေသနှင့် ကိုက်ညီပြီး အထွက်ကောင်းသောမျိုးများကို ရွေးချယ်စိုက်ပျိုးရမည်ဖြစ်ပါသည်။ ငရုတ် အထွက်တိုးပြီး ဈေးကောင်းရစေရန်အတွက် ငရုတ်စိုက်ပျိုးရာတွင် စနစ်တကျ လုပ်ဆောင်ချက်များကို တင်ဆက်ပေးလိုက်ပါတယ်။

⦿ မျိုးရွေးချယ်ခြင်း

ပင်ညှိုးရောဂါ ခံနိုင်ရည်ရှိသော မျိုး၊ လှေးပိုး ကျရောက်မှုဒဏ်ခံနိုင်သော အထွက်ကောင်း စပ်မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

⦿ မြေယာပြုပြင်ခြင်း

ငရုတ်စိုက်ပျိုးသည့် မြေအား ထယ်ရေး နက်နက်နှင့် ထွန်ရေးညက်ညက် ပြင်ဆင်ပါ။အမှိုက်များကို စင်အောင် ကောက်ပါ။ ရေသွင်းရေထုတ် ကောင်းစေရန် ဘောင်စနစ်ဖြင့် စိုက်ပျိုးသင့်ပါသည်။ မြေကို ညီညာအောင်ပြုပြင်ပါ။ မြေအမျိုးစားပေါ်မူတည်၍ အပင်‌ဦးရေ ၆၀၀၀-၁၀၀၀၀ ပင်ဝင်အောင် စိုက်ပါ။

⦿ ပေါင်းနှိမ်နင်းခြင်း

ပင်စီ ကို မစိုက်မီ ဘောင်ပေါ်တွင် ဖျန်းပါ။ စိုက်ပြီးပါက မြက်ပေါင်းများအတွက် ဖော်ကျွန်း သုံးပါ။

⦿ ပျိုးထောင်ခြင်း

ပျိုးအိတ်နှင့်လည်းကောင်း၊ ဘောင်စနစ်ဖြင့်လည်းကောင်း ပျိုးထောင်နိုင်ပါသည်။

ဘောင်ဖြင့် ပျိုးထောင်ပါက ၃ လက်မ ကြောင်းဆွဲ ဘောင် ဖော်ပြီး ဘောင်လုံးပါ။ ဘောင်ပေါ်တွင် စက်ဖွဲပြာနှင့် မြေဆွေးကို မှိုသတ်ဆေး လောင်နှင့် ရောမွှေပြီး မြေကိုညီအောင် ပြုပြင်ပါ။ ၄ လက်မ စိုက်ကြောင်းများ ဆွဲ၍ အစေ့များကို ညီညာစွာချပါ။ ပြီးလျှင် မြေဆွေးပါးပါး ဖြူးပေးပါ။ ပျိုးဘောင်ကို ကောက်ရိုးဖြင့် အုပ်ပြီး ရေကို ရွှဲအောင် လောင်းပေးပါ။

ပျိုးအိတ်နှင့် ပျိုးထောင်ပါက နွားချေးဆွေး၊ မြေဆွေး၊ စက်ဖွဲပြာ ရောစပ်ထားသော မြေကို ၂ လက်မ × ၄လက်မ ထည့်ပြီး ရေလောင်း၍ မြေနှပ်ထားပါ။ မျိုးစေ့ကို အိတ်တွင် အစေ့မြုပ်ရုံသာ ထည့်ပြီး မြေဆွေးဖုံးပေးပါ။ ပျိုးအိတ်များကို မြက်ခြောက်၊ ကောက်ရိုးတို့နှင့် ဖုံးပြီး ရေလောင်းပေးပါ။ ပျိုးဘောင် (သို့) ပျိုးအိတ်များကို နေ့စဉ်မှန်မှန် ရေလောင်းပေးပါ။

⦿ စိုက်ပျိုးခြင်း

ငရုတ်ပင်ပျိုးသက်(၂၅-၃၀)တွင် ရွှေ့ပြောင်းစိုက်ပါ။ မစိုက်မီ ပျိုးပင်များကို ရေ ၂ ဂါလန်တွင် ရီဗိုက် ၅ စီစီ၊ မိုရယ်လ်မုန်း (၁၀စီစီ) ဖျော်ပြီး ပျိုးမြစ်များကို စိမ်၍စိုက်ပါ။ စိုက်ဘောင်ပေါ်တွင် ၂ ပေခြား၊ ဖိုခနောက်ဆိုင် (သို့) ၂ ပေခြား စွယ်စုံစိုက်ပါ။ သာမို ၁၁၊ သာမို ၉ ကဲ့သို့ အပင်မျိုးကို မြေသြဇာသန်သော မြေတွင် စိုက်ပါက ပင်ကြား ၃ပေ × တန်းကြား ၃ ပေ စိုက်ပျိုးသင့်ပါသည်။ ပျိုးပင် မစိုက်ပျိုးမီ စိုက်ဘောင်ပေါ်တွင် တော်ပီဒို ၃ ဂျီအာ ကို တစ်ဧက လျှင် ၅ထုတ်ကြဲပက်ပြီးမှ စိုက်ပါ။ အထွက်ကောင်း စပ်မျိုးငရုတ်ကို စိုက်လျှင် ဝိုင်ခွအောက်ဘက်ရှိ အတက်များနှင့် ခွသီးကို ဖဲ့ပေးရပါမည်။ သို့မှသာ အသီးစောပြီး အထွက်ကောင်းနိုင်ပါသည်။

⦿ မြေသြဇာ အသုံးပြုခြင်း

မြေခံ ကောမက်စွမ်းအား + ဂျစ်ပဆမ် အသုံးပြုပါ ။ပန်းပွင့်ချိန်၊ ခွသီးခူးချိန်နှင့် အသီးခူးပြီးချိန်တိုင်း ၇-၁၀ ရက်ခြား ကောမက်ဗီစူပါ + ကောမက်ထွက်တိုး ဂျီ ၄၅ ကို လိုအပ်သလို ချိန်ဆ အသုံးပြုနိုင်သည် ။

⦿ ရေသွင်းခြင်း

စိုက်ချိန်တွင် ဘောင်ပြည့် ရေတင်၍ စိုက်ပါ။ (၁၀-၁၅) ရက်ခြားတစ်ကြိမ် ရေသွင်းပေးပါ။ ရာသီပူပြင်းပါက (၅-၇) ရက်ခြား တစ်ကြိမ် ရေသွင်း ပေးပါ။ ရေသွင်းရာတွင် ဘောင်ပြည့်မတင်ဘဲ ရေပါးပါးနှင့် အကြိမ်များများ တင်ပေးလျှင် ပို၍ကောင်းပါသည်။

⦿ အပင်ပြုစုခြင်း

အပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပါ။ ရေသွင်းပြီးတိုင်း ပေါင်းပေါက်၊ ဘောင်တင်ပေးပါ။ အပင်ငယ်စဉ်မှ စ၍ ပိုးမွှားရောဂါများကို စဉ်ဆက်မပြတ် ကြည့်ရှု၍ ကြိုတင်ကာကွယ်ပါ။

⦿ ဖျက်ပိုးနှင့် ရောဂါများ

ငရုတ်တွင် လှေး ၊ မွှားပင့်ကူနီ ၊ ပျ ၊ ယင်ဖြူ ၊ သိးထိုးယင်နှင့် သီးလုံးဖောက်ပိုးများ အကျများတတ်ပြီး ကိုင်းဖျားခြောက်(မှည့်ပြောက်စွန်း) ၊ ဘက်တီးရီးယားပင်ညှိုး ၊ ပင်ခြေပုပ် ရောဂါများဖြစ်ပွားတတ်ပါတယ်။

⦿ ငရုတ်သီးနှံတွင် သုံးစွဲသင့်သော အရွက်ဖျန်းမြေသြဇာများနှင့် ဟော်မုန်းဆေးများ

အပင်ပေါက်ပြီး(၁၅)ရက်သားမှစတင်၍ အပင်ဟော်မုန်းဆေးဖြစ်သော မိုရယ်လ်မုန်း၊ ကောမက်(အစိမ်း) အမှုန့်နှင့် ကောမက်ထရေစ့် တို့ကို (၇-၁၀)ရက်ခြား တစ်ကြိမ်ဖျန်းပါ။ ငရုတ်သီးအားကောင်း၍ အလေးချိန်စီးပြီး အထွက်နှုန်း မြင့်မားစေရန် ပန်းစပွင့်ချိန်တွင် ဂိုးလ် ၅၀ အက်စ်စီ၊ ကောမက်အားကောင်းနှင့် ကယ်လ်ဘိုမဂ်စူပါ တို့ကိုလည်း သုံးစွဲပေးပါ။

ငရုတ်အရွက်များ ရွက်ကြောစိမ်းပြီး အကြောကြား အဝါရောင်သမ်းလာပါက လောက်ဒီကို ဖျန်းပေးပါ။ ဤသို့ အလှည့်ကျ ဖျန်းပေးခြင်းဖြင့် ငရုတ်သီးပွင့် အားကောင်း၍ အသီးအလေးချိန်စီးခြင်း၊ အရောင် တောက်ပ ခြင်း၊ ပုပ်ရိခြင်း ကင်း၍ ရောင်းပန်းလှပြီး အကျိုးအမြတ်များစွာ ရရှိပါမည်။

ငရုတ်ခင်းတွင် အသုံးပြုသည့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးနှင့်ရွက်ဖျန်းမြေသြဇာများ ပက်ဖျန်းသည့်အခါတိုင်း ၎င်းတို့၏ အာနိသင် ပိုမိုထူးကဲစွာ ရရှိစေရန်အတွက် ဝမ်းဒါး ပြန့်ဆေး၊ ကပ်ဆေးကို မဖြစ်မနေ ပူးတွဲအသုံးပြုပါ။
မြန်မာ့သြဘာ၏ ငရုတ်စိုက်တောင်သူကြီးများ သီးနှံအထွက်တိုးပြီး ဈေးကောင်းရကြပါစေခင်ဗျာ။

မြေသြဇာအသုံးပြုရန်အတွက်

မြေခံ

တစ်ဧကလျှင် ကောမက် စွမ်းအား (၅၀) ကီလို နှင့် ကောမက် ဂျစ်ပ်ဆမ် (၂၅-၅၀)ကီလို အသုံးပြုပါ။

အသုံးပြုရမည့်ပစ္စည်း – ကောမက် စွမ်းအား , ကောမက် ဂျစ်ပ်ဆမ်

ပန်းပွင့်ချိန် (၄၅-၅၀) ရက်သား

တစ်ဧကလျှင် ကောမက် ဗီစူပါ(၅၀)ကီလို နှင့် ကောမက် ထွက်တိုးဂျီ ၄၅ (၂၅) ကီလို အသုံးပြုပါ။

အသုံးပြုရမည့်ပစ္စည်း – ကောမက် ဗီစူပါ , ကောမက် ထွက်တိုးဂျီ

ပထမဆုံးအသီးခူပြီး (၇-၁၀)ရက်ခြား

တစ်ဧကလျှင် ကောမက် ဗီစူပါ(၅၀)ကီလို နှင့် ကောမက် ထွက်တိုးဂျီ ၄၅ (၂၅) ကီလို အသုံးပြုပါ။
အသီးခူးပြီး (၇-၁၀)ရက်ခြား လိုအပ်သလိုချိန်ဆအသုံးပြုနိုင်ပါသည်။

အသုံးပြုရမည့်ပစ္စည်း – ကောမက် ဗီစူပါ , ကောမက် ထွက်တိုးဂျီ

ပေါင်းသတ် ဆေးအသုံးပြုရန်အတွက်

မြက်၊ ရွက်ပြန့် ပေါင်း

ငရုတ် ရွှေ့စိုက်ပြီးပြီးခြင်း ပင်စီ ပေါင်းသတ်ဆေးကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၂၀၀ စီစီနှုန်းဖြင့် ၅-၁၀ ပုံး ထိဖျန်းနိုင်ပါသည်။မပေါက်သေးသောပေါင်းများသာ အုပ်ဆေးအဖြစ်သုံးနိုင်ပါသည်။

အသုံးပြုရမည့်ပစ္စည်း – ပင်စီ

မြက်ပေါင်းများ

ငရုတ်စိုက်ပြီး သက်တန်းတစ်လျှောက်လုံး ဖော်ကျွန်း ကိုဆေးဖျန်းပုံးတစ်ပုံးလျှင် ၃၀-၅၀ စီစီနှုန်းဖြင့် ဖျန်းပေးနိုင်ပါသည်။

အသုံးပြုရမည့်ပစ္စည်း – ဖော်ကျွန်း

မြက်၊ရွက်ပြန့်၊မုန်ညင်း

ငရုတ်ပင်ကြား တန်းကြားတွင် ပရိုင်မာ ကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၁၀၀ စီစီ နှုန်းဖြင့် အုပ်ဆောင်းခေါင်း သုံး၍ဖျန်းပေးပါ။ပရိုင်မာသည် ထိသေရွေးချယ်မဲ့ ပေါင်းသတ်ဆေး ဖြစ်ပြီး ဆေးစက်ထိသော အရွက်များ လောင်းကျွမ်းနိုင်ပေမဲ့ အပင်အတွက် ပြဿနာ မရှိပါ။ ကုန်ကျစရိတ် အလွန် သက်သာသော ပေါင်းသတ်ဆေးဖြစ်သည်။

အသုံးပြုရမည့်ပစ္စည်း – ပရိုင်မာ

မှိုသတ်ဆေး အသုံးပြုရန်အတွက်

မှဲ့ပြောက်စွန်းရောဂါ / ဖလံဖြူ/ ကိုင်းဖျားခြောက်

ဆေးတစ်ပုံးလျင် ယူနတီ ၃၀စီစီ နှင့် နီဗိုစူပါ ၂၀ ဂရမ်ကို တစ်လှည့်စီ နှံ့စပ်အောင်ဖျန်းပေးပါ၊၊

အသုံးပြုရမည့်ပစ္စည်း – ယူနတီ,  နီဗိုစူပါ

ခါးရိရောဂါ

ဆေးတစ်ပုံးလျင် ရီဗိုက် ၃၀စီစီ + သမားတော် ၁၀၀ ဂရမ် အားအပင်ခြေထိ နှံ့စပ်အောင် ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ရီဗိုက်, သမားတော်

ဖားဥမှိုရောဂါ

ကာကွယ်လိုပါက ကလောက်ဒီ ဆေးတစ်ပုံးလျှင် ၈၀ ဂရမ်နှုန်းဖြင့် နှံ့စပ်အောင်ဖျန်းပါ။ ရောဂါဆိုးရွားလာပါက ဆေးတစ်ပုံးလျင် ယူနတီ ၂၀စီစီ အား နှံ့စပ်အောင်ဖျန်းပေးပါ၊၊

အသုံးပြုရမည့်ပစ္စည်း – ယူနတီ, ကလောက်ဒီ

ရွက်ပြောက်ရောဂါ

ဆေးတစ်ပုံးလျင် ယူနတီ ၂၀စီစီ အား နှံ့စပ်အောင်ဖျန်းပေးပါ၊၊

အသုံးပြုရမည့်ပစ္စည်း – ယူနတီ

ဖျူစေရီယမ်ပင်ညှိုးရောဂါ

ဆေးတစ်ပုံးလျင် သမားတော် ၁၀၀ဂရမ် ဖြင့်စိုရွှဲ သည်အထိဖျန်းပါ။ (စိုက်ကျွန်းမှစ၍ ၁၅ရက်ခြား ၃ကြိမ်ဖျန်းပါ၊၊)

အသုံးပြုရမည့်ပစ္စည်း – သမားတော်

ဘက်တီးရီးယားပင်ညှိုးရောဂါ

ဆေးတစ်ပုံးလျှင် ဘီလီယံ၁၀၀ ဂရမ် နှင့် ကာဆူဂါ ၁၀၀စီစီဖြင့် ရက်ခြားအလိုက် တလှည့်စီဖျန်းပါ၊၊ ရောဂါဆိုးရွားလာပါက ပေါင်းဖျန်းနိုင်ပါသည်။

အသုံးပြုရမည့်ပစ္စည်း –  ဘီလီယံ, ကာဆူဂါ

အသီးပုပ်ရောဂါ

ဆေးတစ်ပုံးလျှင် ဘီလီယံ၁၀၀ ဂရမ် နှင့် ကာဆူဂါ ၁၀၀စီစီဖြင့် ရက်ခြားအလိုက် တလှည့်စီဖျန်းပါ၊၊ ရောဂါဆိုးရွားလာပါက ပေါင်းဖျန်းနိုင်ပါသည်။

အသုံးပြုရမည့်ပစ္စည်း –  ဘီလီယံ, ကာဆူဂါ

ပိုးသတ်ဆေး အသုံးပြုရန်အတွက်

မွှားပင့်ကူနီ

ဆေးတစ်ပုံးလျှင် ဒီမွန် ၃.၆ ၂၀ စီစီ အသုံးပြုပါ။

အသုံးပြုရမည့်ပစ္စည်း- ဒီမွန်

လှေးပိုး

ဆေးတစ်ပုံးလျှင် ဘက်တား ၂၀ ဂရမ် ၊ တော်ပီဒို ၄၀ စီစီ ၊ ဘလိတ် ၂၀ ဂရမ်ကို တစ်လှည့်စီ အလှည့်ကျသုံးပါ။

အသုံးပြုရမည့်ပစ္စည်း- ဘက်တား, တော်ပီဒို

ရွက်လိပ်ပိုး

ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၄၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီကို တစ်လှည့်စီ အလှည့်ကျသုံးပါ။

အသုံးပြုရမည့်ပစ္စည်း- အလန်း, ဇိုင်ကလုံး, ငှက်ကြီးတောင်

ယင်ဖြူ ၊ ပျ

ဆေးတစ်ပုံးလျှင် ဘက်တား ၂၀ ဂရမ် ၊ ပိုင်ဒီ ၁၀ ဂရမ် နှင့် ဘလိတ် ၂၀ ဂရမ် ကို တစ်လှည့်စီ အလှည့်ကျသုံးပါ။

အသုံးပြုရမည့်ပစ္စည်း- ဘက်တား, ပိုင်ဒီ

သီးထိုးယင်

ဆေးတစ်ပုံးလျှင် ဇွန်ဘီ တစ်ပုံး ၃၀ ဂရမ် ၊ ဘလိတ် တစ်ပုံး ၂၀ ဂရမ် ၊ ပိုင်ဒီ တစ်ပုံး ၁၀ ဂရမ် အလှည့်ကျပက်ဖျန်းပေးပါ။

အသုံးပြုရမည့်ပစ္စည်း- ဘက်တား, ဇွန်ဘီ

မြေခွေးပုရစ် ၊ ဖိုးလမင်းကျိုင်း ၊ပင်ဖြတ်ပိုး၊ ခြ

တော်ပီဒို ၃ ဂျီအာ အား တစ်ဧက ၄-၅ကီလိုအသုံးပြု၍ စိုက်ကျင်းတစ်လျှောက် မစိုက်မီ ထည့်သွင်းအသုံးပြုပါ။

အသုံးပြုရမည့်ပစ္စည်း- တော်ပီဒို ၃ ဂျီအာ

ရွက်ဖြန်းအားဆေး အသုံးပြုရန်အတွက်

အပင်ကြီးထွားစေရန်

ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ + ကောမက်အားကောင်း (ငရုတ်) ၅၀ ဂရမ် သုံးပါ။

အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်အားကောင်း

အသီး၊အပွင့်များစေရန်

ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ ၊ ကောမက်ပီဖိုလန် ၅၀ ဂရမ် ရောစပ်အသုံးပြုပါ။

အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်

အသီးအောင်စေရန်အတွက်သုံးစွဲရန်

ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ ၊ ကောမက်ပီဖိုလန် ၅၀ ဂရမ် ရောစပ်အသုံးပြုပါ။

အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်

အသီး၊ အပွင့်၊ အပင်၏ အရည်အသွေးကောင်းစေရန်

ဆေးတစ်ပုံးလျှင် ဆေးတစ်ပုံးလျှင် ကောမက်အားကောင်း (ငရုတ်) ၅၀ ဂရမ် ၊ ကောမက်ထရေ့စ် ၂၀ ဂရမ် ၊ကယ်ဘိုမက်စူပါ ၄၀ စီစီ ရောစပ်ပက်ဖျန်းပါ။

ရေငတ်ဒဏ်နှင့် ရောဂါဒဏ်ခံ နိုင်ရည်ရှိစေရန်

ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ နှင့် ကောမက်အားကောင်း (ငရုတ်) ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်အားကောင်း

အပင်ဟုန်ခြင်းကိုကာကွယ်၍ အသီး ကြီးထွားမှုကိုအားပေးစေရန်

ဆေးတစ်ပုံးလျှင် ဂိုးလ် ၄၀ စီစီ သုံးပါ။

အသုံးပြုရမည့်ပစ္စည်း- ဂိုးလ်

သုံးစွဲသောဆေးများကို အာနိသင်ပိုကောင်းစေရန်

ဆေးတစ်ပုံးလျှင် ဝမ်းဒါး (‌ကော်ရည်) ၁၀ စီစီ သုံးပါ။

အသုံးပြုရမည့်ပစ္စည်း- ဝမ်းဒါး

Crops

ဆက်စပ်စိုက်သီးနှံများ