တော်ပီဒို ၅၀ အက်စ်စီ

သီးနှံပင်စိမ်းစိုတောက်ပစေပြီး ဆေးအာနိသင်ကြာရှည်ခံသော ပိုးသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် တော်ပီဒို ၅၀ အက်စ်စီ
အစွမ်းရှိပစ္စည်း (AI) Fipronil 5%
ဆေးအမျိုးအစား ပိုးသတ်ဆေး
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
ဆေးအာနိသင်ပြန့်နှံ့ပုံ ဖစ်ပရိုနေးသည် ထိ‌သေစားသေ အာနိသင်ရှိပြီး စုပ်စားပိုး နှင့် ကိုက်စားပိုး ၂ မျိုးလုံးကို ကာကွယ် နှိမ်နှင်းနိုင်သော ဆေးဖြစ်သည်။
‌‌နှိမ်နှင်းနိုင်သော ဖျက်ပိုးများ လှေး၊ ငမြှောင်တောင်၊ စိန်ကွက်ဖလံ၊ ရွက်လိပ် ရွက်ကပ်ပိုး၊ ပျ၊ စပါးဆစ်ပိုး။
‌သုံးစွဲ၍ရသောသီးနှံ ပဲမျိုးစုံ၊ နှမ်း၊ ငရုတ်၊ ကြက်သွန်၊ ဟင်းသီးဟင်းရွက်၊ စပျစ်၊ ဖရဲ၊ သခွား၊ စပါး။
‌ဆေးနှုန်းထား ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် ၄၀ – ၆၀ စီစီ ထည့်သွင်းပြီး တစ်ဧကလျှင် ၂၀၀ – ၃၀၀ စီစီဖြင့် ၅ – ၈ ပုံးအသုံးပြုပါ။
‌သုံးစွဲရမည့်အချိန် အပင်ငယ်စဥ်မှစ၍ အပင်သက်တမ်းတစ်လျှောက် ပိုးကောင် ငယ်ရွယ်စဥ်မှ စတင်၍ ဖျန်းပါ။
‌သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက် ၇ – ၁၄ ရက်။
အဓိကအကျိုးကျေးဇူးများ
  • သီးနှံစိုက်ခင်းတွင် ကျရောက်သော ကိုက်ဖြတ်ဝါးစားပိုး နှင့် လှေးပိုးများကို အဓိက နှိမ်နှင်းနိုင်သည်။
  • ဆေးတစ်မျိုးတည်းဖြင့် လှေးပိုးကိုသာမက အခြားဖျက် ပိုးများကိုလဲ ထိရောက်စွာနှိမ်နင်းနိုင်ပြီး ကုန်ကျစရိတ် သက်သာစေသည်။
  • ဆေးဖျန်းပြီးပါက သီးနှံပင်ကို အစိမ်းရောင်တာက်ပစေပြီး အမြစ်ဖွံ့ဖြိုးမှု ပိုကောင်းစေသည်။
  • အခြားပိုးသတ်ဆေးများကို ခံနိုင်ရည်ရှိသော ပိုးများကို ထိ ရောက်စွာ နှိမ်နှင်းနိုင်သည်။

ဆက်စပ်ထုတ်ကုန်များ