ဇွန်ဘီ ၉၅ အက်စ်ပီ

ပိုးကောင်ကြီးထွားမှု အဆင့်တိုင်း နှိမ်းနင်းနိုင်သော အစွမ်းထက် ပိုးသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ဇွန်ဘီ ၉၅ အက်စ်ပီ
အစွမ်းရှိပစ္စည်း (AI) Cartap Hydrochloride 95%
ဆေးအမျိုးအစား ပိုးသတ်ဆေး
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ထိသေ စားသေ၊ ပင်လုံးပြန့်အာနိသင်ရှိပြီး ကိုက်စားပိုး ၊ စုပ်စာပိုး ၂ မျိုးလုံးအား နှိမ်နှင်းနိုင်သော အာနိသင်ရှိသည်။
  • ကာတပ် ကြောင့် ဖျက်ပိုးများသည် အစာဆက်လက်မစားတော့ဘဲ အစာငတ်ကာ သေစေနိုင်ပါသည်။
‌‌နှိမ်နှင်းနိုင်သော ဖျက်ပိုး စပါးဆစ်ပိုး၊ ဖြုတ်ညို၊ ဖြုတ်စိမ်း၊ စိန်ကွက်ဖလံ၊ ယင်ဖြူ၊ ရွက်လိပ်ပိုး၊ ခေါင်ညွန့်ထိုးပိုး၊ လှေး၊ ရွက်ထွင်း၊ နီမတုတ်။
‌သုံးစွဲ၍ရသောသီးနှံ စပါး၊ ဝါ၊ ခရမ်းချဉ်၊ အာလူး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ပဲမျိုးစုံ၊ ခရမ်း။
‌ဆေးနှုန်းထား ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ၂၀ – ၃၀ ဂရမ် ထည့်သွင်းပြီး တစ်ဧကလျှင် ၁၀၀ – ၁၅၀ ဂရမ် ဖြင့် ၅ – ၈ ပုံးအသုံးပြုပါ။
‌သုံးစွဲရမည့်အချိန်
  • အပင်သက်တမ်းတစ်လျှောက် အသုံးပြုနိုင်သည်။
  • ပိုးကောင် ငယ်ရွယ်စဥ်မှ စတင်၍ ဖျန်းပါ။
အဓိကအကျိုးကျေးဇူးများ
  • စပါးတွင် ကျရောက်သော ဆစ်ပိုး၊ ရွက်လိပ်ရွက်ကပ်နှင့် အခြားသီးနှံမျာ တွင်ကျရောက်သော ပိုးမျိုးစုံ အတွက်အထူးကောင်းမွန်သော ဆေးဖြစ်သည်။
  • အကျိုးပြုမိတ်ဆွေပိုးများအတွက် ထိခိုက်မှုနဲပါးပြီး ပတ်ဝန်းကျင် ထိခိုက်မှုနည်းစေသည်။
  • အခြားပိုးသတ်ဆေးများနှင့်မတူသောအချက်မှာ အပင်တွင် ထိုးဖေါက်ဝင်ရောက်စားသောက်ဖျက်စီးသော ပိုးများကို ပါ ကာကွယ်နှိမ်နှင်းနိုင်သည်။
  • ဆေးနှုန်းထားနည်းနည်းဖြင့် ဖျက်ပိုးများကို နှိမ်နှင်းနိုင်သဖြင့် စီးပွါးရေးအရ တွက်ချေကိုက်သည်။

ဆက်စပ်ထုတ်ကုန်များ