ငှက်ကြီးတောင်

ငမြှောင်တောင်၊ ပွင့်ထွေးပိုးနှင့်ကိုက်စားပိုးများအတွက် အကောင်းဆုံးဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ငှက်ကြီးတောင် ၁၈အက်စ်စီ
အစွမ်းရှိပစ္စည်း (AI) Indoxacarb 16%+ Emamectin Benzoate 2%
ဆေးအမျိုးအစား ပိုးသတ်ဆေး
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ထိသေ စားသေ၊ ထိုးဖောက်စိမ့်ဝင်နိုင်သော အာနိသင်ရှိသည်။
  • အင်ဒိုဇာကပ် နှင့် အီမာမက်တင် ၂ မျိုးလုံးသည် သည် ထိသေ၊စားသေ နှင့် ထိုးဖောက်စိမ့်ဝင်နိုင်သော အာနိသင်ရှိပြီး ပိုးကောင်ကို မတူညီသော တိုက်ခိုက်ပုံဖြင့် တိုက်ခိုက်နှိမ်နှင်းသည်။
  • ထို့ကြောင့် ဆေးဒဏ်ခံနိုင်ရည်ရှိနေသော ပိုးများ နှိမ်နှင်းရာတွင် အကောင်းဆုံးဖြစ်သည်။
  • အင်ဒိုဇာကပ် သည် လောက်ကောင်၏ ဥကိုသတ် နိုင်သော အာနိသင်လဲ အနည်းငယ်ရှိသည်။
‌‌သုံးစွဲ၍ရသောသီးနှံ မြေပဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ မြေပဲ၊ ငရုတ်၊ အာလူး၊ ဂေါ်ဖီ၊ ဟင်းသီးဟင်းရွက်။
‌နှိမ်နှင်းနိုင်သောဖျက်ပိုးများ ငမြှောင်တောင်၊ စိန်ကွက်ဖလံ၊ ပွင့်ထွေးပိုး၊ ရွက်လိပ် ရွက်ကပ်ပိုး၊ ရွက်ထွင်း၊ သီးလုံးဖောက်ပိုး။
‌ဆေးနှုန်းထား
  • ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ၁၀ – ၂၀ ဂရမ်ထည့်သွင်းပြီး တစ်ဧကလျှင် ၅၀ – ၁၀၀ ဂရမ်ဖြင့် ၅ – ၈ ပုံးအသုံးပြုပါ။
  • ပိုးဆိုးဝါးစွာ ကျရောက်ပါက ဆေးတစ်ပုံးလျှင် ၃၀စီစီ ထည့်သွင်းအသုံးပြုရမည်။
‌သုံးစွဲရမည့်အချိန်
  • အပင်ငယ်စဥ်မှစ၍ အပင်သက်တမ်းတစ်လျှောက် အသုံးပြုနိုင်သည်။
  • ပိုးကောင် ငယ်ရွယ်စဥ်မှ စတင်၍ ဖျန်းပါ။
‌သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက် ၃၀ ရက်။
အဓိကအကျိုးကျေးဇူးများ
  • ကိုက်ဖြတ်ပိုး များ (ငမြှောင်တောင်၊ပွင့်ထွေး)အတွက်အကောင်းဆုံးဆေးဖြစ်သည်။
  • ဆေးနှုန်းထား အနည်းငယ်သာ သုံးရသည်။
  • ဆေးအာနိသင် တာရှည်ခံသည်။ ဆေးဖျန်းထားသော အပင် အစိတ်အပိုင်း အားစားလျှင်ပင် သေစေနိုင်သည်။
  • ပိုးသတ်ဆေး ဒဏ်ခံနိုင်ရည်ရှိသော ပိုးများကို ကောင်းစွာနှိမ်နှင်းနိုင်သည်။

ဆက်စပ်ထုတ်ကုန်များ