ကျူပရောက်ဆက်

မှိုနှင့်ဘက်တီးရီးယားရောဂါကာကွယ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ကျူပရောက်ဆက် FL
အစွမ်းရှိပစ္စည်း (AI) Tri-basic Copper sulphate 345 g/l
ဆေးအမျိုးအစား မှိုနှင့် ဘက်တီးရီးယား ကာကွယ်ကုသဆေး
‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ထိသေအစွမ်းသတ္တိနှင့် အရွက်အပင်ပေါ်တွင် ပြန့်နှံ့ဖုံးအုပ်နိုင်စွမ်းအကောင်းဆုံးဆေးဖြစ်သည်။
  • ရောဂါဖြစ်စေသော မှိုမျှင်များကိုသတ်ပြီး၊ စပိုးပွားများခြင်းမှ ကာကွယ်ပေးသည်။
သုံးစွဲ၍ရသောသီးနှံ စပါး၊ နှမ်း၊ အာလူး၊ ခရမ်းချဉ်၊ ကြက်သွန်၊ ငရုတ်၊ ဖရဲ၊ သခွားမွှေး၊ ပန်းမာလ်၊ ကွမ်း၊ မတ်ပဲ၊ ပဲတီစိမ်း နှင့်ပဲမျိုးစုံ။
နှိမ်နှင်းနိုင်သော ရောဂါ စပါးရွက်ခြောက်၊ စောပင်နာကျ၊ နှောင်းပင်နာကျ၊ ဒေါင်းနီးရွက်ခြောက်၊ ဘက်တီးရီးယားရောဂါများ။
‌ဆေးနှုန်းထား ရေ ၂၀ လီတာဝင် ဆေးတစ်ပုံးလျှင် ဆေးတစ်ပုံးလျှင် ၃၀- ၄၀ စီစီ (တစ်ဧက ၁၅၀- ၂၀၀စီစီ)ထည့်ပြီး တစ်ဧကကို ၅ – ၈ ပုံးခန့်ဖျန်းနိုင်သည်။
ဆေးအသုံးပြုရမည့်အချိန် အပင်ငယ်စဉ်မှ ရိတ်သိမ်းချိန်မတိုင်မီအထိ အသုံးပြုနိုင်သည်။ တစ်ကြိမ် နှင့် တစ်ကြိမ် (၁၄- ၂၁) ရက်ခြားပက်ဖျန်းပေးပါ။
သီးနှံ့မရိတ်သိမ်းမီ နောက်ဆုံးဆေးဖျန်းရက် ၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။
အဓိကအကျိုးကျေးဇူးများ
  • အပင်ရောဂါကာကွယ်မှုပိုင်းတွင် အခြားထိသေမှိုသတ်ဆေးများထက် ကာကွယ်မှုစွမ်းအားပိုမြင့်သည်။
  • သိုလှောင်ရာတွင် အနည်ကျမှုမရှိခြင်းကြောင့် ကြာရှည်သိုလှောင်ထားနိုင်သည်။ အရွက်ပေါ်တွင် ညီညာစွာ ပြန့်နှံ့မှုအထူးကောင်းသည်။
  • ကော့ပါးကြောင့်အပင်လောင်ကျွမ်းမှုမဖြစ်နိုင်ပါ။
  • ဘက်တီးရီးယားကျရောက်ပါက ဘီလီယံ နှင့် ရောစပ်ဖျန်းခြင်းဖြင့် အကျိုးထူးနိုင်ပါသည်။

ဆက်စပ်ထုတ်ကုန်များ