ဖိုင်းရား ၂၀ အီးစီ

ဖျက်ပိုးမျိုးစုံအတွက် တစ်မူထူးခြားသော အစွမ်းထက်ပိုးသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ဖိုင်းရား ၂၀အီးစီ
အစွမ်းရှိပစ္စည်း (AI) Carbosulfan 20%
ဆေးအမျိုးအစား ထိသော စားသေနှင့် ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေး၊ နီမတုပ်သတ်ဆေး
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌‌ဆေးအာနိသင်ပြန့်နှံ့ပုံ ပိုးကောင်၏မတူညီသော အာရုံကြောများကိုတိုက်ခိုက်ခြင်းကြောင့် ပိုးသေနှုန်းပိုမိုမြန်ဆန်စေသည်။
‌‌သုံးစွဲ၍ရသောသီးနှံ ပဲမျိုးစုံ၊ မြေပဲ၊ နှမ်း၊ လိမ္မော်၊ ရှောက်၊ သံပရာ၊ စပါး၊ ဝါ၊ ပြောင်း၊ အာလူး၊ ငရုတ်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးပင်များ။
‌နှိမ်နှင်းနိုင်သောပိုးများ ရွက်လိပ်ပိုး၊ ဆစ်ပိုး၊ လောင်မီးပိုး၊ ရွက်ထွေးပိုး၊ ရွက်စားခူ၊ ပင်စည်ထိုးပိုး၊ လှေး၊ ပျ၊ ယင်ဖြူများနှင့် တစ်ခြားသောဖျက်ပိုးများ။
‌ဆေးနှုန်းထား ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးတွင် ၄၀ – ၆၀ စီစီနှုထည့်ပြီး တစ်ဧကလျှင် ၂၀၀ – ၃၀၀ စီစီဖြင့် ၅ – ၈ ပုံးအသုံးပြုပါ။
အဓိကအကျိုးကျေးဇူးများ
  • တစ်ခြားသော ဖျက်ပိုးမျိုးစုံကိုလည်း နှိမ်နင်းနိုင်ပြီး ပိုးသတ်ဆေးဒဏ် ခံနိုင်ရည် ရှိသော ပိုးမျိုးစိတ်များ ထွက်ပေါ်လာမှုကိုလည်း နည်းစေပါသည်။
  • စပါးဖျက်ပိုးများကျရောက်ခြင်းမှ ရက်ကြာရှည်စွာ ကာကွယ်မှု ပေးနိုင်သည်။
  • အပင်ကြီးထွားမှုနှင့် အမြစ်ဖွဲ့စည်းမှု ကို အထောက်အကူ ဖြစ်စေသောကြောင့် စပါးထွက်နှုန်းလဲ တိုးစေပါသည်။
  • စပါးဆစ်ပိုး၊ ရွက်လိပ်ပိုးတွေအတွက် ဖိုင်းရားတစ်လှည့်၊ ဇွန်ဘီတစ်လှည့်ဖြင့် ၂ကြိမ်ဖျန်းနိုင်ပါတယ်။

ဆက်စပ်ထုတ်ကုန်များ