အဆီဖိတ် ၇၅ အက်စ်ပီ

ပိုးကင်းစင်စေပြီး သီးနှံပင်ကြီးထွားသန်မာ အထွက်တိုးစေသော ပိုးသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် အဆီဖိတ် ၇၅ အက်စ်ပီ
အစွမ်းရှိပစ္စည်း (AI) Acephate 75%
ဆေးအမျိုးအစား ထိသေစားသေနှင့် ပင်လုံးပြန့်ပိုးသတ်ဆေး
‌‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ဆေးဖျန်းပြီးသီးနှံပင်အတွင်၊း ဖျက်ပိုးအတွင်းတွင် ပိုမိုပြင်းထန်သောအဆိပ် (Methamidophos) အဖြစ်ပြောင်းသွားသည်။
  • ဉီးနှောက်နှင့် အာရုံကြောအဖွဲ့အစည်းကို ဆက်သွယ်ပေးသော Acetylcholin (Ach) ကိုဖျက်ဆီးပြီး အာရုံကြောအဖွဲ့အစည်းကို တိုက်ခိုက်ပါသည်။
‌‌သုံးစွဲ၍ရသောသီးနှံ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ကြက်သွန်၊ ပန်းမာလ်အမျိုးမျိုး၊ ဖရဲ၊ သခွား၊ ဂေါ်ဖီ။
‌နှိမ်နှင်းနိုင်သောပိုး ပျ၊ လှေး၊ ရွက်ထွင်းပိုး၊ ငမြှောင်တောင်၊ သီးလုံးဖောက်ပိုး၊ ရွက်လိပ်ရွက်ကပ်ပိုး။
‌ဆေးနှုန်းထား ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးတွင် ဆေး ၅၀ – ၈၀ ဂရမ် ထည့်ပြီး တစ်ဧကလျှင် ၂၅၀ – ၄၀၀ ဂရမ် နှုန်းဖြင့် ၅ – ၈ ပုံးအသုံးပြုပါ။
အဓိကအကျိုးကျေးဇူးများ
  • ဆေးဖျန်းထားသော သီးနှံပင်အား ဖျက်ပိုးမှ စားမိပါက ဖျက်ပိုး၏ ခန္တာကိုယ်အတွင်းတွင် ပိုးမို ပြင်းထန်သော အဆိပ်အဖြစ်ပြောင်းသွားပြီး ဖျက်ပိုးကို သတ်ပေးသည်။
  • ပိုးအမျိုးမျိုးကို ကာကွယ်နှိမ်နင်းနိုင်သည့်အပြင် ပန်းပွင့်နှုန်းကို များပြားစေပါသည်။
  • အခြားပိုးသတ်ဆေးများနှင့်လည်း ရောစပ်အသုံးပြုနိုင်ပါသည်။

ဆက်စပ်ထုတ်ကုန်များ