ယူနတီ

ကာကွယ်မှု၊ ကုသမှုနှင့် အမြစ်ပြတ်သုတ်သင်နိုင်သော အစွမ်းထက်မှိုသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ယူနတီ ၃၂.၅ အက်စ်စီ
အစွမ်းရှိပစ္စည်း (AI) Azoxystrobin 20% + Difenoconazole 12.5%
ဆေးအမျိုးအစား ပင်လုံးပြန့်မှိုသတ်ဆေး
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ကာကွယ်မှုနှင့် ကုသမှု ၂ မျိုးလုံးပေးနိုင်သော ပင်လုံးပြန့် မှိုသတ်ဆေးဖြစ်သည်။
  • အပင်၏အရွက်မှသာမက အမြစ်မှလဲ စုပ်ယူပြီး တပင်လုံးသို့ အာနိသင်ပြန့်နိုင်သည်။
  • မှို၏ အသက်ရှူစနစ်ကိုတားဆီးပေးပြီး အီလက်ထရွန် ပို့ဆောင်မှုစနစ်ကို ဟန့်တားသည်။
သုံးစွဲ၍ရသောသီးနှံ နှမ်း၊ မြေပဲ ၊ ပဲမျိုးစုံ၊ ကြက်သွန်ဖြူ/နီ၊ အာလူး၊ ခရမ်းချဥ်၊ ဂေါ်ဖီထုပ်၊ ပန်းမာန်၊ စပျစ်၊ ဖရဲ နှင့် သီးနှံမျိုးစုံ။
နှိမ်နှင်းနိုင်သော ရောဂါများ ရွက်ခြောက်၊ အမြစ်ခြောက်၊ ပင်စည်ပုပ်၊ ခါးရိ၊ မြစ်ခြောက်ဆွေး၊ ဆာကိုစပိုးရာ ရွက်ပြောက်၊ အော်တာနေးရီးယား၊ မှည့်ပျောက်စွန်း၊ သရက်မှည့်ပြောက်စွန်း၊ ရွက်ညိုပျောက်၊ စောပင်နာကျ၊ ဖားဥမှို ၊ သံချေး၊ တောက်တဲ့မြီး၊ အကြေးဖတ် ၊ ကိုင်းဖျားခြောက်။
‌ဆေးနှုန်းထား ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင် ၁၀ – ၃၀ စီစီ ထည့်ပြီး တစ်ဧကလျှင် ၅၀ – ၁၅၀ စီစီ ဖြင့် ၅-၈ ပုံးအသုံးပြုပါ။
သီးနှံ့မရိတ်သိမ်းမီ နောက်ဆုံးဆေးဖျန်းရက် ၁၄-၂၁ ရက် ( အသုံးပြုသည့် သီးနှံအလိုက် ပြောင်းလဲနိုင်သည်)။
အဓိကအကျိုးကျေးဇူးများ
  • အပင်အရောင်စိမ်းစေသည့် အာနိသင်ပါရှိသောကြောင့် ဆေးဖျန်းပြီး အပင်စိမ်းစိုစေပြီး အစာချက်လုပ်မှုအားကောင်းစေကာ သီးနှံပင်ပိုမိုကြီးထွားပြီး အထွက်တိုးစေသည်။
  • Pythium မှိုကြောင့်ဖြစ်သော ခါးရိ ၊ မြစ်ခြောက်ဆွေး ရောဂါများအတွက် အထူးကောင်းမွန်သည်။
  • ဆေးနှုန်းထားနည်းနည်းဖြင့် ရောဂါများကို နှိမ်နှင်းနိုင်သဖြင့် စီးပွါးရေးတွက်ချေကိုက်သည်။

ဆက်စပ်ထုတ်ကုန်များ