မတ်ပဲ

မတ်ပဲစိုက်တောင်သူဦးကြီးများအတွက် မတ်ပဲသက်တမ်းအလိုက်၊ ပိုးမွှား ရောဂါအလိုက် အသုံးပြုသင့်သော မြန်မာ့သြဘာ ထုတ်ကုန်များကို အောက်တွင် ရှာဖွေနိုင်ပါသည်။

မတ်ပဲစိုက်ပျိုးနည်း အပြည့်အစုံ

⦿ မျိုး
အထွက်ကောင်းသော ရေဆင်း ၃၊ ရေဆင်း ၄၊ ရေဆင်း ၅ မျိုးများကို စိုက်ပါ။ မြန်မာပြည် အထက်ပိုင်း ရေသွင်း စိုက်ဧကများအတွက် ရေဆင်း(၄) မျိုးကို စိုက်ပျိုးပါ။ အပင်ပေါက်စအချိန်တွင် ရောဂါနှင့် ပိုးမွှားများ ကျရောက်မှု မရှိစေရန် မျိုးစေ့များကို မြန်မာ့သြဘာ မျိုးစေ့လူးနယ်ဆေးဖြင့်လူးနယ်ပြီးမှ စိုက်ပျိုးပါ။

⦿ စိုက်စနစ်
ကြဲပက်စနစ်၊ စိုက်ကြောင်းစနစ် အမျိုးမျိုးဖြင့် စိုက်ပျိုးနိုင်ပါသည်။ လယ်သီးထပ် အနိမ့်ကွင်းများတွင် အစိုဓာတ်နှင့် စိုက်ချိန်ကို လိုက်၍ရေလိုက်ကြဲစနစ်ကို သုံးပါ။ ကြဲပက်စနစ်တွင် တစ်ဧက အပင်ဦးရေ ၁ သိန်း ၃ သောင်းခန့် ဝင်အောင် လက်ဆညီညီနှင့် ကြဲပက်ရပါမည်။
စိုက်တန်းစနစ်တွင် တန်းကြား ၁ ပေ၊ ပင်ကြား ၄ လက်မ ရအောင်စိုက်ပါ။ မျိုးစေ့များ မြေတွင် ၁ လက်မ ၁.၅ လက်မ အနက်အတွင်း ရအောင်စိုက်ပါ။

⦿ စိုက်ချိန်
လယ်သီးထပ်အတွက် နိုဝင်ဘာမှ ဒီဇင်ဘာ ဒုတိယပတ်အတွင်း ပြီးအောင် စိုက်ပါ။ ယာသီးထပ်အတွက် စက်တင်ဘာမှ အောက်တိုဘာလစိုက်ပါ။ ရေသွင်းစိုက်ဒေသအတွက် ဧပြီ၊ မေလအတွင်း စိုက်ပါ။

⦿ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာသုံးစွဲခြင်း
မြေပြင်ချိန်တွင် ရွှေကောမက် ပဲမျိုးစုံ + ကောမက်ဂျစ်ပ်ဆမ် တစ်ဧကလျှင် (၁) အိတ်နှုန်း ထည့်ပေးခြင်းဖြင့်အထွက်နှုန်း တိုးစေပါသည်။
မတ်ပဲစိုက်ပြီး (၁၀-၁၅) ရက်သားမှစ၍ သီးပွင့်ချိန်အထိ ကောမက် ရွှေမိုးငွေမိုး ကို ၁၀ ရက်ခြား တစ်ကြိမ် ဖျန်းပေးပါ။
မတ်ပဲ ပန်းစတင်ပွင့်ချိန်မှစ၍ တင်ပို + ကောမက်ပီဖိုလန်ကို ဖျန်းပေးပါ။

⦿ ပိုးမွှား၊ ရောဂါနှင့် ပေါင်းမြက်နှိမ်နင်းခြင်း
အပင်တစ်လသားအတွင် ပေါင်းမြက်ကင်းစင်ရန် လိုအပ်ပါသည်။ ပဲ ၁၅ ရက်သားတွင် ဖော်ကျွန်း + ဖော်ဝမ်း ဖျန်းပေးခြင်းဖြင့် ရွက်ပြန့်နှင့် ရွက်ချွန် ၂ မျိုးလုံးအတွက် နှိမ်နင်းနိုင်သည်။ အပင်ငယ်စဉ်မှစ၍ ပျ၊ လှေး၊ ပင်စည်ထိုးယင်များကို ကာကွယ်ပါ။ အဝါရောင်မိုဇေ့ရောဂါ မဖြစ်ရန် ယင်ဖြူများကို ကာကွယ်ပါ။

⦿ ရိတ်သိမ်းခြင်း
မတ်ပဲတောင့်များ အစိမ်းရောင်၊ အနက်ရောင်သို့ (၇၅%) အထိ အရောင်ပြောင်းချိန်တွင် ရိတ်သိမ်းပါ။

⦿ ပေါင်းသတ်ဆေး အသုံးပြုခြင်း
ပေါင်းသတ်ဆေးဖျန်းရာတွင် ပဲခင်းများအတွင်း အစိုဓာတ်အနည်းငယ်ရှိပါက ပိုမိုထိရောက်ပါသည်။ ဆေးမဖျန်းမီနှင့် ဆေးဖျန်ပြီး မြေသြဇာကျွေးခြင်း၊ ရွက်ဖျန်းမြေသြဇာနှင့် ဆေးဖျန်းခြင်းများ မပြုလုပ်သင့်ပါ။ ဆေးဖျော်စပ်ရာတွင် ရေကြည်၊ ရေသန့်ကိုသာ အသုံးပြုသင့်ပါသည်။

မြေသြဇာအသုံးပြုရန်အတွက်

မြေခံ

တစ်ဧကလျှင် ရွှေကောမက် ပဲမျိုးစုံ (၂၅-၅၀) ကီလို နှင့် ကောမက် ဂျစ်ပ်ဆမ်(၂၅-၅၀) ကီလို အသုံးပြုပါ။

ပေါင်းသတ် ဆေးအသုံးပြုရန်အတွက်

မြက်ပေါင်းများပေါက်လျှင်

ပဲ အပင်ပေါက်ပြီး ၇ ရက်မှာ ၃၀ ရက်သားအတွင်းသုံးနိုင်သည်။ ပေါင်းပင် နုစဥ် သုံးနိုင်ပါက အကောင်းဆုံးဖြစ်သည်။ ပဲပင်ပေါက်ကာစ အရွက် ၂ ရွက်စတင်ထွက်ချိန်တွင် ဖော်ကျွန်းပေါင်းသတ်ဆေးကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၃၀ စီစီနှုန်းဖျန်းပါ။ ပေါင်းရင့်လျှင် ၅၀ စီစီနှုန်းဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ဖော်ကျွန်း

ရွက်ပြန့် မုန်ညင်းပေါင်းများပေါက်လျှင်

ပဲ အပင်ပေါက်ပြီး ၇ ရက်မှာ ၃၀ ရက်သားအတွင်းသုံးနိုင်သည်။ ပေါင်းပင်နုစဥ် သုံးနိုင်ပါက အကောင်းဆုံးဖြစ်သည်။ ပဲပင်ပေါက်ကာစ အရွက် ၂ ရွက်စတင်ထွက်ချိန်တွင် ဖော်ဝမ်း ပေါင်းသတ်ဆေး ကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၃၀ စီစီနှုန်းဖျန်းပါ။ပေါင်းရင့်လျှင် ၅၀ စီစီနှုန်းဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ဖော်ဝမ်း

မြက် မုန်ညင်း ရွက်ပြန့် ပေါင်းမျိူးစုံပေါက်လျှင်

ပဲ အပင်ပေါက်ပြီး ၇ ရက်မှာ ၃၀ ရက်သားအတွင်းသုံးနိုင်သည်။ ပေါင်းပင် နုစဥ် သုံးနိုင်ပါက အကောင်းဆုံးဖြစ်သည်။ပဲပင်ပေါက်ကာစ အရွက် ၂ ရွက်စတင်ထွက်ချိန်တွင် ဖော်ကျွန်း+ဖော်ဝမ်း ပေါင်းသတ်ဆေး ကို ဆေးဖျန်းပုံးတစ်ပုံးလျှင် ၃၀ စီစီနှုန်းစီဖြင့်ရောစပ်ဖျန်းပါ။ ပေါင်းရင့်လျှင် ၅၀ စီစီနှုန်းဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ဖော်ကျွန်း , ဖော်ဝမ်း

မှိုသတ်ဆေး အသုံးပြုရန်အတွက်

ရွက်ပြောက်ရောဂါ

ဆေးတစ်ပုံးလျင် ယူနတီ ၂၀ စီစီ နှုန်းဖြင့် တစ်ဧက ၅ ပုံး ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ယူနတီ

ပင်စည်ပုပ်ရောဂါ/ပင်ခြေပုပ်ရောဂါ/ခါးရိ

ဆေးတစ်ပုံးလျင် ရီဗိုက် ၃၀စီစီ အားအပင်ခြေထိ နှံ့စပ်အောင် ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ရီဗိုက်

ဖျူစေရီယမ်ပင်ညှိုးရောဂါ

ဆေးတစ်ပုံးလျင် ရီဗိုက် ၃၀စီစီနှင့်သမားတော် ၁၀၀ဂရမ် အားအပင်ခြေထိ နှံ့စပ်အောင်ရွှဲရွှဲ ဖျန်းပါ။ ကောမက်ဂျစ်ဆမ် မြေဩထည့်ပေးရမည်။

အသုံးပြုရမည့်ပစ္စည်း – ရီဗိုက်, ကောမက် ဂျစ်ပ်ဆမ်

မြစ်ခြောက်ဆွေးရောဂါ

ဆေးတစ်ပုံးလျင် ရီဗိုက် ၃၀စီစီနှင့်ပရိုပါ ၅၀စီစီ အားအပင်ခြေထိ နှံ့စပ်အောင်ရွှဲရွှဲ ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ရီဗိုက် 

သံချေးရောဂါ

ဆေးတစ်ပုံးလျင် ယူနတီ၂၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ယူနတီ 

ဖားဥမှိုရောဂါ

ကာကွယ်လိုပါက ကလောက်ဒီ ဆေးတစ်ပုံးလျှင် ၄၀ ဂရမ် နှုန်းဖျန်းပါ၊ ရောဂါ ကျရောက်ပါက ဆေးတစ်ပုံးလျင် ယူနတီ ၂၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း –  ယူနတီ

သီးတောင့်ပုပ်ရောဂါ

ဆေးတစ်ပုံးလျင် ယူနတီ ၂၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း –  ယူနတီ

မှဲ့ပြောက်စွန်းရောဂါ

ဆေးတစ်ပုံးလျင် ယူနတီ ၂၀ စီစီ နှုန်းဖြင့် နှံ့စပ်အောင် ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း – ယူနတီ

ပိုးသတ်ဆေး အသုံးပြုရန်အတွက်

ငမြောင်တောင်

ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၄၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီ တစ်လှည့်စီ အလှည့်ကျသုံးပါ။

အသုံးပြုရမည့်ပစ္စည်း- ဇိုင်ကလုံး, ငှက်ကြီးတောင်

ပွင့်ထွေးပိုး နှင့် ပဲတောင့်ထိုးပိုး

ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၄၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီ တစ်လှည့်စီ အလှည့်ကျသုံးပါ။

အသုံးပြုရမည့်ပစ္စည်း- ဇိုင်ကလုံး, ငှက်ကြီးတောင်

ပျ ၊ ယင်ဖြူ

ဆေးတစ်ပုံးလျှင် ဘက်တား ၂၀ ဂရမ် နှင့် ပိုင်ဒီ ၁၀ ဂရမ် ၊ ဘလိတ် ၂၀ ဂရမ် တစ်လှည့်စီ အလှည့်ကျသုံးပါ။ ပဲအပင်ဝါ(ရွှေဝါရောင်မိုစေ့) ကာကွယ်နိုင်ရန်အတွက် အပင်ငယ်စဥ်က တည်းကစ ၍ ကြိုတင်ကာကွယ်ပါ။

အသုံးပြုရမည့်ပစ္စည်း- ဘက်တား, ပိုင်ဒီ

ပဲဂျပိုးစိမ်း

ဆေးတစ်ပုံးလျှင် အလန်း ၂၀ ဂရမ် ၊ ဇိုင်ကလုံး ၄၀ စီစီ ၊ ငှက်ကြီးတောင် ၂၀ စီစီ တစ်လှည့်စီ အလှည့်ကျသုံးပါ။

အသုံးပြုရမည့်ပစ္စည်း- ဇိုင်ကလုံး, ငှက်ကြီးတောင်

လှေးပိုး

ဆေးတစ်ပုံးလျှင် ဘက်တား ၂၀ ဂရမ် ၊ တော်ပီဒို ၄၀ စီစီ ၊ ဘလိတ် ၂၀ ဂရမ် ကို တလှည့်စီ အလှည့်ကျသုံးပါ။

အသုံးပြုရမည့်ပစ္စည်း- ဘက်တား, တော်ပီဒို

ပိုးစေးနဲ

ဆေးတစ်ပုံးလျှင် ဆပ်ပြာမှုန့် ၂ ဇွန်း + ဒီမွန် ၁.၈ ၂၀ စီစီ + ပိုင်ဒီ ၁၀ ဂရမ် ရောစပ် အသုံးပြုပါ။

အသုံးပြုရမည့်ပစ္စည်း- ဒီမွန်,  ပိုင်ဒီ

ရွက်ဖြန်းအားဆေး အသုံးပြုရန်အတွက်

အပင်ကြီးထွားစေရန်

ဆေးတစ်ပုံးလျှင် ကောမက် ရွေမိုး ၂၅စီစီ + ကောမက်ငွေမိုး ၂၅ စီစီ ရောစပ်၍ ၁၅ ရက်သားမှ စတင်၍ ၂ ကြိမ်ပက်ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း- ကောမက် ရွေမိုး, ကောမက်ငွေမိုး

အသီး၊အပွင့်များစေရန်

ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ နှင့် ကောမက်ပီဖိုလန် ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်

အသီးအောင်စေရန်အတွက်သုံးစွဲရန်

ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ နှင့် ကောမက်ပီဖိုလန် ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်ပီဖိုလန်

ရေငတ်ဒဏ်နှင့် ရောဂါဒဏ်ခံ နိုင်ရည်ရှိစေရန်

ဆေးတစ်ပုံးလျှင် တင်ပို ၂၀ စီစီ နှင့် ကောမက်အားကောင်း (ပဲတီစိမ်း၊ မတ်ပဲ) ၅၀ ဂရမ် ရောစပ်ပက်ဖျန်းပါ။

အသုံးပြုရမည့်ပစ္စည်း- တင်ပို, ကောမက်အားကောင်း

အပင်ဟုန်ခြင်းကိုကာကွယ်၍ အသီး ကြီးထွားမှုကိုအားပေးစေရန်

ဆေးတစ်ပုံးလျှင် ဂိုးလ်  ၄၀ စီစီ သုံးပါ။

အသုံးပြုရမည့်ပစ္စည်း- ဂိုးလ်

သုံးစွဲသောဆေးများကို အာနိသင်ပိုကောင်းစေရန်

ဆေးတစ်ပုံးလျှင် ဝမ်းဒါး (‌ကော်ရည်) ၁၀ စီစီ သုံးပါ။

အသုံးပြုရမည့်ပစ္စည်း- ဝမ်းဒါး

Crops

ဆက်စပ်စိုက်သီးနှံများ