ဖော်ဝမ်း

ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် ရွက်ပြန့်ပေါင်းသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ဖော်ဝမ်း
အစွမ်းရှိပစ္စည်း (AI) Fomesafen 25% SL
ဆေးအမျိုးအစား ရွေးချယ် ပေါင်းသတ်ဆေး
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌ဆေးအာနိသင်ပြန့်နှံ့ပုံ အဓိက အားဖြင့် ထိသေပေါင်းသတ်ဆေးဖြစ်သည်။ ပေါင်းပင်အရွက်မှ စုပ်ယူနိုင်ပြီး အစာကြောစီးမှတစ်ဆင့် ပြန့်နှံ့ကာ သတ်ပေးနိုင်သော ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။
‌သုံးစွဲ၍ရသောသီးနှံ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် နှင့် မြေထောက်ပဲ။
နှိမ်နှင်းနိုင်သော ပေါင်းများ ရွက်ပြန့်ပေါင်းများ။
သုံးစွဲရမည့်အချိန် ပေါင်းပင် ၃ ရွက် မှ ၄ ရွက် ထွက်ချိန်။
နှုန်းထား ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် ၃၀ – ၅၀ စီစီ ထည့်ပြီး ၁ ဧကကို ၅ ပုံးမှ ၈ ပုံး (၁၅၀-၄၀၀ စီစီ/ဧက) ဖျန်းနိုင်သည်။
သီးနှံမစိုက်မှီ နောက်ဆုံးဆေးဖျန်းရက် ဂျုံ ၆ လ၊ အခြားသီးနှံ ၁၀ လ။
အဓိကအကျိုးကျေးဇူးများ
  • ထိသေပေါင်းသတ်ဆေးဖြစ်သဖြင့် ပေါင်းလျင်မြန်စွာသေစေနိုင်သည်။
  • လက်ပေါင်း၊ ပေါက်တူးပေါင်းလိုက်ခြင်း နှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှု ပိုကောင်းသည်။
  • ၁ ဧက ဈေးနှုန်း သက်သာပြီး တွက်ခြေကိုက်သော ပေါင်းသတ်ဆေး ဖြစ်သည်။

ဆက်စပ်ထုတ်ကုန်များ