ပင်မစာမျက်နှာ စိုက်ပျိုးရေး ဗဟုသုတ
2023-05-10
Share to
စပါးအထွက်နှုန်းကိုထိခိုက်စေသော ဖျက်ပိုးများ

၁) ဆစ်ပိုး
ပင်စည်အတွင်းပိုင်းတွင် ဝင်ရောက်စားသောက် ဖျက်ဆီးသဖြင့်အပင်ငယ်စဉ် ခေါင်းညွန့်သေပြီး အနှံဖြူများ ထွက်ချိန် နောက်ပိုင်းတွင်အဆန်မပါသော အနှံဖြူများ ဖြစ်လာသည်။ ဖျက်ဆီးမှု လက္ခဏာစတွေ့သည့်နှင့် ဖိုင်းရား+တော်ပီဒို ဆေးအတွဲမှာ အသုံးပြုနိုင်သည်။

၂) ငမြှောင်တောင်
စပါးပင်တစ်ပင်လုံးကို နွားစားထားသကဲ့သို့ ရိုးပြတ်ငုတ်တိုများ ဖြစ်အောင် ဆိုးရွားစွာ ဖျက်ဆီးသည်။ အပင်ကြီးမှာ ကျလျှင် ဥမြုံတစ်ခုမှပေါက်သည့် လောက်ကောင်ငယ် ၁၀၀-၃၀၀ သည် အရွက်၏ အစိမ်းရောင်အပိုင်းကို ခြစ်၍စားသောက်သည်။ လောက်ကောင် ကြီးလာပါကစပါးရွက်နှင့် စပါးနှံများကို ကိုက်ဖြတ် စားသောက်သည်။
ပိုးစတင်တွေ့ရှိပါက ဆိုင်ကလုံး၊ အလန်း၊ ငှက်ကြီးတောင်ဆေးတစ်မျိုးမျိုး အသုံးပြုနိုင်သည်။

၃) နှံစုပ်ပိုး
စပါးနှံမှ နို့ရည်ကို စုပ်ယူစားသောက်သဖြင့် အနှံအရောင် ပျက်၍အဖျဉ်းမှော် များစေသည်။ စပါးခင်းအတွင်း ဝင်ရောက်ပါက ဂျပိုးအနံ့ရှိသည်။ နှံစုပ်ဂျပိုးများ တွေ့သည်နှင့် ဆေးဖျန်းပါ။

သြဘာမြေကောင်း ၊ ဖိုင်းရား၊ ဇွန်ဘီ ဆေးများအသုံးပြုနိုင်သည်။

၄) စပါးနှံဖြတ်ပိုး
လောက်ကောင်ငယ်စဉ် အရွက်ကို ကိုက်ဖြတ်စားသဖြင့် အရွက်များပေါက်ပြဲနေသည်။ အနှံထွက်ချိန် နောက်ပိုင်းတွင် ညနေ နေဝင်ချိန်မှစ၍ တစ်နှံချင်း၊ တစ်စေ့ချင်း ကိုက်ဖြတ်စားသောက်သည်။

♦ ဖျက်ဆီးမှုလက္ခဏာ စတွေ့သည်နှင့် ဇိုင်ကလုံး ပိုးသတ်ဆေး အသုံးပြု ကာကွယ်နိုင်သည်။

၅) ကြက်သွန်မြိတ်ပိုး
စပါးပင်ပွား၏ အခြေတွင် ရောင်ရမ်းဖုလုံးလာပြီး အရွက်များမှာကြက်သွန်မြိတ်လို ဖြစ်သွားသည်။ သားတက်များ မအောင်မြင်ဘဲမြက်ဖုတ်ကဲ့သို့ ရှုပ်ထွေးနေသည်။ နောက်ကျစိုက်သည့် လယ်ကွက်များတွင် ပိုမိုဆိုးရွားစွာ ဖျက်ဆီးသည်။

♦ ဖျက်ဆီးမှုလက္ခဏာ စတွေ့သည်နှင့် ဇွန်ဘီ၊ ဖိုင်းရား ဆေးအသုံးပြု ပြီး ကာကွယ်နှိမ်နင်းနိုင်သည်။

၆) ရွက်လိပ်အိမ်ပိုး
ရေရှိသော ပျိုးခင်း၊ စိုက်ခင်းများတွင် စပါးပင်ငယ်များ၏ အရွက်များကို ကိုက်ဖြတ်ပြီး ရွက်ပြတ်များဖြင့် ဖျာလိပ်ပုံ အိမ်များ ပြုလုပ်ကာထိုအတွင်း၌ နေပြီး စပါးရွက်၏ အစိမ်းရောင် အပိုင်းကို ခြစ်၍ စားသောက်လေ့ရှိသည်။

♦ ရွက်လိပ်၊ ရွက်ပြတ်များ စတွေ့သည်နှင့် ဆေးဖျန်းပါ။ သြဘာမြေကောင်း ၊ ဖိုင်းရား၊ ဇွန်ဘီ ဆေးများအသုံးပြုနိုင်သည်။

၇) ဖြုတ်ပိုးများ
စပါးပင်များ၏ အောက်ခြေတွင်နေ၍ ပင်ရည်ကို စုပ်စားသည်။ စပါးရွက်များ နီရဲခြောက်သွေ့၍ ဖြုတ်လောင်ခြင်း လက္ခဏာကိုတွေ့ရသည်။ စပါး ဗိုင်းရပ်စ်ရောဂါများကို သယ်ဆောင်သည်။ ဖြုတ်ညိုကျပါက စပါးနှံတွင် အစေ့တည်မှု နည်းသဖြင့် အဖျဉ်းအမှော်များစေသည်။

♦ ရေထုတ်ပြီး ပိုင်ဒီ၊ ဇွန်ဘီဆေးများကို စပါးပင် အောက်ခြေအထိ ဆေးကို နှံ့စပ်အောင် ပက်ဖျန်းပေးပါ။

၈) အခြားစပါးဖျက်ကောင်များ
စပါးခင်းတွင်း ကြွက်များ၊ ဂဏန်းများ၊ ခရုများ ဝင်ရောက် ကိုက်ဖြတ်ဖျက်ဆီးတတ်ပါသည်။ ၎င်းတို့ ကိုက်ဖြတ်ဖျက်ဆီးမှုကြောင့် စပါးအထွက်နှုန်းကို ထိခိုက်စေပါသည်။

ကာကွယ်နှိမ်နှင်းနည်းများ
ကြွက်ထောင်ချောက်များ ထောင်ခြင်း၊ အစာအဆိပ်များ ချခြင်း၊ ဂဏန်းများ - ဖော့စ်ဒရင်း ၄၀ အီးစီ သုံးပါ၊ ခရုများ - စနေးဆိုက် ၇၀ ဒဗလျူပီကို သုံးပါ။