ပရစ်တီး

စပါးရွေးချယ်ပေါင်းအုပ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ပရစ်တီး
အစွမ်းရှိပစ္စည်း (AI) Pretilachlor 300%
ဆေးအမျိုးအစား စပါးပေါင်းအုပ်ဆေး
အသုံးပြုရမည့်ပုံစံ သမန်းပြင်ဖျန်းပေါင်းအုပ်ဆေး
‌ဆေးအာနိသင်ပြန့်နှံ့ပုံ ပရီတေလာကလောမှာ ပေါင်းပင်များ၏ဆဲလ်ကွဲပွားမှုကို တားဆီးပေးပြီး ပေါင်းပင်ထွက်မလာနိုင်အောင် တားဆီးပေးသည်။
‌အသုံးပြုနိုင်သော သီးနှံ စပါး။
နှိမ်နှင်းနိုင်သော ပေါင်း မြက်သီး၊ ဝမ်းဘဲစာ၊ တက်ကွက်၊ မုံညင်းစိမ်း၊ မုံညင်းဝါ၊ ဝက်လာ၊ လယ်ပဒူ၊ ကတောက်ဆတ် ကဲ့သို့သော တစ်ရာသီခံ ပေါင်းပင်များအား ကြိုတင်ကာကွယ်နှိမ်နင်းနိုင်ခြင်း။
သုံးစွဲရမည့်အချိန် အညှောင့်ဖောက်ကျဲထားသော စပါးခင်း (၃-၄)ရက်သားခန့်တွင် ရေထုတ်ပြီး ပေါင်းမပေါက်မီ သမန်းပြင်ဖျန်းရန်။
ဆေးနှုန်းထား ရေ ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် မြင်းခေါင်း စတီးဇွန်း ၈ ဇွန်း ထည့်ပြီး ၁ ဧကလျှင် ဆေးဖျန်းပုံး ၅ ပုံး (၄၀၀ စီစီ) နှုန်းဖျန်းနိုင်သည်။
အဓိကအကျိုးကျေးဇူးများ
  • စပါးကျဲခင်းရှိပေါင်းများ ကြိုတင်နှိမ်နင်းထားနိုင်သည့်အတွက် စပါးပင်ပိုမိုသန်စွမ်းခြင်း။
  • ကျွေးလိုက်သောမြေသြဇာအား အပင်မှအပြည့်အဝစားသုံးရခြင်း။
  • စပါးပင်လောင်ကျွမ်းမှုမရှိသည့်အပြင် ၁ ဧက ကုန်ကျစရိတ်နည်းပါးစေခြင်း။

ဆက်စပ်ထုတ်ကုန်များ