ဆိုင်ယာနိုက် + ဝိုက်

အသေးစိတ်ဖော်ပြချက်

စပါးပင်မလောင်ပဲ ဒေါင်းမြီးပျံ နိုင်အောင်ဘယ်လိုဆေးနဲ့နှိမ်နှင်းမလဲ ?

ဒေါင်းမြီးပျံကိုနှိမ်နှင်းနိုင်သော ဆေးများမှာ Cyhalofop-butyl နဲ့ Fenoxaprop-p-ethyl တို့ဖြစ်ကြပါတယ်။ Fenoxaprop အုပ်စုမှာ ဒေါင်းမြီးပျံ နှိမ်နှင်းနိုင်ပေမယ့် စပါးသက်တမ်း ရက် ၂၀ ကျော်မှသာ စတင်အသုံးပြုသင့်ပါတယ်။ ငယ်စဉ်သုံးရင် လောင်ကျွမ်းမှုပြင်းထန်ပါတယ်။

နောက်ထပ်သတိပြုရမယ့်အချက်ကတော့ စပါးပင်ရင့်မှ ပေါင်းပင်ရင့်မှ ဖျန်းခဲ့လျှင် စပါးအထွက်လျော့ပြီးဖြစ်နေပါပြီ။ ပေါင်းသက်တန်းရင့်လို့ ဆေးနှုန်းထားမြှင့်ဖျန်းတာနဲ့ အမျှ စပါးလောင်ကျွမ်းမှုပိုပြင်းထန်လေ့ရှိတော့ အထွက် ပိုလျော့စေပါတယ်။

ဆိုင်ဟေလိုဖော့ (Cyhalofop) ပေါင်းသတ်ဆေးကတော့ စပါးပင်ငယ်စဉ်မှာ ဖျန်းနိုင်တယ်။ ဒေါင်းမြီးပျံ အပါအဝင်မြက်အုပ်စုပေါင်းတွေ အားလုံးနိုင်တဲ့ပေါင်းသတ်ဆေးဖြစ်ပါတယ်။ ရေစပ်စပ်အနေအထားရှိလျှင် အကောင်းဆုံး ပေါင်းနှိမ်နှင်းမှု ရရှိနိုင်ပါတယ်။ မြန်မာ့သြဘာမှာ ပေါင်းစုံသတ်ဆေးအတွဲလို့မေးဝယ်နိုင်ပါတယ်။ စပါးစိုက်တောင်သူများ စပါးမလောင်ပဲ ဒေါင်းမြီးပျံ ကို ကောင်းစွာနှိမ်နှင်းနိုင်ကြပါစေခင်ဗျာ။

ဆက်စပ်ထုတ်ကုန်များ