ဩဂိုး

မုံညင်း ရွက်ပြန့်အထူး စပါးရွေးချယ်ပေါင်းသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ဩဂိုး
အစွမ်းရှိပစ္စည်း (AI) Chlorimuron-ethyl 10%+ Metsulfuron-methyl 10%
ဆေးအမျိုးအစား ပေါင်းသတ်ဆေး
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ပေါင်းပင် Amino Acidဖြစ်ပေါ်မှုကိုရပ်တန့်စေပြီးCellကွဲပွားမှုနှင့်အပင်ကြီးထွားမှုကိုရပ်တန့်စေသောပင်လုံးပြန့်ပေါင်းသတ်ဆေးဖြစ်သည်။
  • Chlorimuron-ethyl သည် အပင်အတွက်မရှိမဖြစ်လိုအပ်သော Amino Acid မျာကိုတာဆီးပေပြီး Cell ဖွံ့ဖြိုးမှုနှင့်အပင်ကြီးထွားမှုကို ဟန့်တားဖျက်ဆီးသည်။
  • Metsulfuron -methyl ပေါင်ပင်မပေါက်မီနှင့်ပေါက်ပြီး ရွက်ပြန့်ပေါင်းနှင့်တစ်နှစ်ခံမြက်အချို့ ကို နှိမ်နှင်းနိုင်ပြီး အရွက်နှင့်မြေဆီလွှာအတွင်းအပင်မှစုပ်ယူပြီး လျင်မြန်စွာ အလုပ်လုပ်သည်။
‌သုံးစွဲ၍ရသောသီးနှံ စပါး။
နှိမ်နှင်းနိုင်သော ပေါင်း ရွက်ပြန့်ပေါင်း ( လယ်လေးညင်း၊ လယ်ဗဒူ၊ ကနဖော့၊ မှိုချဉ်၊ ကတောက်ဆက်) ၊ မုံညင်းအုပ်စု (မြက်မုံညင်းစိမ်း၊ မြက်မုံညင်းဝါ၊ မြက်ကွမ်းသီးလေး)။
သုံးစွဲရမည့်အချိန်
  • ပေါင်းပင်အရွက် (၂-၃) ရွက်ထွက်ချိန် ပက်ဖျန်းနိုင်သည်။ ရေမရှိလျှင်ပိုထိရောက်သည်။
  • အကောင်းဆုံးအချိန် စပါးစိုက်ပြီး/ကျဲပြီး (၁၅-၂၀)ရက်သားတွင်အသုံးနိုင်သည်။
နှုန်းထား
  • ပေါင်းရွက် ( ၂-၃ )ရွက်ထွက်ချိန် ၁.၅ ဂရမ်/ဆေးဖျန်းပုံး (၁)ပုံး။
  • ပေါင်းရွက် (၄-၆ )ရွက်ထွက်ချိန် ၃ ဂရမ်/ဆေးဖျန်းပုံး (၁)ပုံး။
  • တစ်ဧကလျှင်(၇.၅-၁၅ ဂရမ်) ဆေးဖျန်းပုံး ၅ ပုံးအသုံးပြုပါ။
အဓိကအကျိုးကျေးဇူးများ
  • စပါးပင်ငယ်စဉ်တွင် အပင်ဝါခြင်း၊ လောင်ကျွမ်းခြင်းလုံးဝမရှိပါ။
  • ဆေး ၂ မျိူးအရောဖြစ်သောကြောင့် ရွက်ပြန့်နှင့် မုံညင်းပေါင်းများအားနှိမ်နင်းရာတွင်အကောင်းဆုံးပေါင်းသတ်ဆေးဖြစ်သည်။
  • လက်ပေါင်းလိုက်ခြင်းထက် ကုန်ကျစရိတ်ပိုမိုသက်သာစေသည်။

ဆက်စပ်ထုတ်ကုန်များ