ဇောင်းထက်

စပါးမြက်သီးအထူးသတ်ဆေး

အသေးစိတ်ဖော်ပြချက်

ဆေးအမည် ဇောင်းထက် ၄၀ ဒဗလျူပီ
အစွမ်းရှိပစ္စည်း Quinclorac + Bensulfuron methyl
ဆေးအမျိုးအစား စပါးရွေးချယ်ပေါင်းသတ်ဆေး
အသုံးပြုရမည့်ပုံစံ ရွက်ဖျန်း
‌ဆေးအာနိသင်ပြန့်နှံ့ပုံ
  • ပင်လုံးပြန့် အာနိသင်ရှိပြီး ပေါင်းမြက်အားလုံးကို အရွက်နှင့် အမြစ်မှကောင်းစွာစုပ်ယူပြန့်နှံ့နိုင်သည်။
  • Quinclorac – ပေါင်းပင် အရွက်၊ အမြစ်တို့မှစုပ်ယူပြီး ပင်လုံးပြန့်အာနိသင်ရှိသည်။ မြက်သီး၊ ဝမ်းဘဲစာ၊ ဒိုက်ဝမ်းပူကို နှမ်နှင်းနိုင်သည်။
  • Bensulfuron methyl – ပင်လုံးပြန့် အာနိသင်ရှိ ရွေးချယ်ပေါင်းသတ်ဆေးဖြစ်ပြီး အရွက်၊ အမြစ်တို့မှ စုပ်ယူနိုင်ကာ ရွက်ပြန့်နှင့် မုန်ညင်းကို သတ်နိုင်သည်။
‌သုံးစွဲ၍ရသောသီးနှံ စပါး။
နှိမ်နှင်းနိုင်သောပေါင်း မြက်သီး၊ ဝမ်းဘဲစာ၊ ဒိုက်ဝမ်းပူ၊ ရွက်ပြန့်ပေါင်း နှင့် မုန်ညင်း။
သုံးစွဲရမည့်အချိန် စပါးစိုက်ပြီး ၇ – ၃၀ ရက်အတွင် အသုံးပြုနိုင်သည်။
နှုန်းထား ရေ၂၀ လီတာဝင် ဆေးဖျန်းပုံး ၁ ပုံးလျှင် မြင်းခေါင်း စတီးဇွန်း ၈ – ၁၀ ဇွန်း (၄၀၀ – ၅၀၀ ဂရမ်/ဧက) နှုန်းဖြင့် ၁ ဧကလျှင် ဆေးဖျန်းပုံး ၅- ၇ပုံးသုံးပါ။
သီးနှံမရိတ်မီနောက်ဆုံးဆေးဖျန်းရက် ၃၀ – ၄၀ ရက်။
အဓိကအကျိုးကျေးဇူးများ
  • မြက်၊ မြက်မုံညင်း၊ ရွက်ပြန့် အားလုံးကို အထိရောက်ဆုံးတစ်ပြိုင်နက်ထဲ သတ်နိုင်သည်။
  • မြက်သီးကိုအနှံထွက်ချိန်အထိ နှိမ်နှင်းနိုင်သည်။
  • စပါးပင် အရွယ်အစားအမျိုးမျိုးတွင် အပင်လောင်ခြင်း လုံးဝမရှိပါ။

ဆက်စပ်ထုတ်ကုန်များ