ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-12-11
Share to
ဖောငမြှောင်တောင် Fall Army Worm (FAW) ကျရောက်မှု ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ချက်
• မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းများရှိ ကြက်သွန်၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် မြေပဲ စိုက်ခင်းများတွင် ဖောငမြှောင်တောင်များ ဆိုးဝါးစွာ ကျရောက်နေတာကို တွေ့ရှိရပါတယ်။
 
• ဖောငမြှောင်တောင်ဖျက်ပိုး မျိုးစိတ်ဟာဆိုရင် ပြန့်နှံ့နှုန်းနှင့် ပေါက်ပွားနှုန်း အလွန်လျင်မြန်သဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းခြင်းမရှိပါက သီးနှံအထွက်နှုန်းလျော့ကျစေပြီး အကျိုးစီးပွား ထိခိုက်နိုင်တာကြောင့် အလေးထား ကာကွယ်သင့်တဲ့ ဖျက်ပိုးဖြစ်ပါတယ်။
 
• ဖျက်ဆီးမှု အဆိုးဆုံးဖြစ်တဲ့ သားလောင်းများဟာ ညဘက်မှာအများဆုံးထွက်ကြပြီး အစိမ်းရောင်ရှိသော နုနယ်တဲ့အစိတ်အပိုင်းနေရာများကို စားသောက်ဖျက်ဆီးကြပါတယ်။ တစ်ပင်လုံးစားသောက်ဖျက်ဆီးပြီးမှ နောက်တစ်ပင်ကိုကူးပြောင်း စားသောက်ကြတဲ့ ဖျက်ပိုးများလည်း ဖြစ်ပါတယ်။
 
• ငမြောင်တောင်ပိုး၏ သွင်ပြင်လက္ခဏာကို လောက်ကောင်၏ဦးခေါင်ပိုင်းတွင် အဖြူရောင်အင်္ဂလိပ်အက္ခရာ Y ပြောင်းပြန် ပုံသဏ္ဍန် အမှတ်အသားထင်ရှားစွာပါရှိခြင်း၊ ခန္ဓာကိုယ်၏ ဝမ်းဗိုက်အဆစ်ရှစ်ဆစ်၌ အစက်လေးစက် သည် စတုရန်းပုံရှိနေခြင်းတို့ဖြင့် အလွယ်ခွဲခြားကြည့်နိုင်ပါတယ်။
 
ကာကွယ်နှိမ်နင်းနည်းများအနေဖြင့်
 
၁။ နေ့စဉ်ကွင်းဆင်းစစ်ဆေး၍ ဥမြုံများ၊ လောက်ကောင်ငယ်များကို လက်ဖြင့်ကောက်ယူ ဖျက်စီးပါ။(လောက်ကောင်ကြီးများကို ပင်စည်ပတ်လည်ဝိုင်း၍ ထွက်နေသည့်အရွက်များ အတွင်းတွင် ရှာဖွေဖျက်စီးခြင်း)
 
၂။ စိုက်ခင်းဝန်းကျင်ရှိ ပေါင်းမြက်များကို နှိမ်နင်းပေးပါ။
 
၃။ မီးထောင်ချောက်ထွန်းခြင်းကို တကွင်းတစပ်တည်း လူထုလုပ်အားဖြင့်ဆောင်ရွက်ပါ။
 
၄။ ပိုတက်ရှ်မြေဩဇာကို သုံးစွဲပေးပါ။
 
၅။ ပိုးသတ်ဆေးများအား မနက်စောစောနှင့် ညနေပိုင်းတွင် ဖျန်းပေးပါ။
 
ပိုးသတ်ဆေး အသုံးပြုလိုပါက မြန်မာ့ဩဘာမှ ငှက်ကြီးတောင် ပိုးသတ်ဆေးကို အသုံးပြုနိုင်ပါတယ်။
News

ဆက်စပ်သတင်းများ