ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-07-08
Share to
ဇူလိုင် ၂ ရက်နေ့ မှ ဇူလိုင် ၈ ရက်နေ့ အထိ တစ်ပတ်စာ ‌ဈေးကွက်သုံးသပ်ချက်

ဈေးဆက်တိုက် ကျဆင်းနေဆဲ မတ်ပဲ နဲ့ ပဲစင်းငုံ

မတ်ပဲကတော့ ၂ ပတ်ဆက်တိုက် ဈေးကျဆင်းနေဆဲ အခြေအနေ ဖြစ်ပါတယ်။လက်ရှိ အကျဈေး နဲ့ အရောင်းအဝယ်ရှိနေပေမယ့် အိန္ဒိယနိုင်ငံရဲ့ မတ်ပဲ လိုအပ် ချက်အခြေ အနေတွေ၊ပြည်တွင်း ငွေကြေးဈေးကွက် အခြေအနေတွေကို စောင့်ကြည့်နေကြတဲ့ အတွက် အများကြီး ရောင်းဝယ်တာမျိုး မရှိဘူးလို့လည်း သိရပါတယ်။

အိန္ဒိယနိုင်ငံ အတွင်း မိုးစိုက် ပဲ ဧက အများအပြား တိုးတက်လာတယ်ဆိုတဲ့ သတင်း တွေကြောင့် ပဲဈေးက ကျဆင်းနေတာ ဖြစ်တယ်လို့ကုန်သည်အချို့က ခန့်မှန်းထားကြပြီး မိုးစိုက်ပဲ ဧက က ပြီးခဲ့တဲ့ နှစ်နဲ့ ယှဉ်ရင် ၁၈၁ ရာခိုင်နှုန်းတိုးလာတယ်လို့ ဖော်ပြထားကြပါတယ်။

ဒါပေမယ့် အိန္ဒိယနိုင်ငံ တွင်း နွေမတ်ပဲ အဝင် နည်းတဲ့ အပြင် ဈေးကျဆင်းနေချိန် အရောင်းမရှိတဲ့ အတွက် မတ်ပဲကတော့ အများကြီး ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ လည်း သုံးသပ်မှုတွေလည်း ရှိပါ တယ်။

အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၇၅၀ ရှိပြီး ပြီးခဲ့တဲ့အပတ်ယှဉ်ရင် တစ်တန်ကို ၁၇၅ ရူပီး ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၂၁၀၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ငွေကျပ် ၂၉၀၀၀ ကျော် ဈေးကျဆင်းသွားပါတယ်။( SQ/RC) ကတော့ တစ်တန်ကို ၃၆၁၆၀၀၀ ပေါက်ဈေးရှိပြီး ၂၉၀၀၀ ကျပ်၊မတ်ပဲ RAW ကတော့ တစ်ပိဿာကို ၅၄၄၀ မှ ၅၄၇၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၉၇၀ မှ ၉၈၀ ဒေါ်လာ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၅ ဒေါ်လာလောက် ဈေးကျဆင်းသွားပါတယ်။

 

ပဲစင်းငုံနီကတည်း ဈေးကျဆင်းပါတယ်။ အိန္ဒိယနိုင်ငံတွင်း ဈေးကျဆင်းနေတာ ဖြစ်တဲ့အပြင် မြန်မာ ပြည်တွင်း ငွေကြေးဈေးကွက် အခြေအနေ တွေကြောင့် ရောင်းချသူလည်း နည်းတယ်လို့ သိရပါတယ်။

အိန္ဒိယအစိုးရမှာ ပဲစင်းငုံနီ လက်ကျန်က တန်ချိန် ၅ သောင်းအောက်လောက်သာရှိနေတာ ဖြစ်လို့ ပဲ ဈေးက ကောင်းနိုင်မယ်လို့ ခန့်မှန်းထားကြပေမယ့် ယခုနှစ်မိုးစိုက်ပဲဧရိယာက က ၁၃.၀၂ အထိ တိုးတက်လာတယ်လို့ ထုတ်ပြန်ထားပြီး ပဲစင်းငုံနီရဲ့ အခြေခံဈေးကိုလည်း တိုးမြှင့် ဝယ်ယူထားပေး ထားတာ ဖြစ်လို့ ရေရှည်ကာလ မှာ ပဲစင်းငုံနီ ဈေးဟာ ကျဆင်းနိုင်ဖို့ အစိုးရက မျှော်လင့်ထားကြပါတယ်။

အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၁၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၃၅၀ ရူပီး ဈေးကျဆင်းသွားပါတယ်။

ရန်ကုန်စျေးကွက်မှာပဲစင်းငုံနီက တစ်တန်ကို ၄၅၀၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ် နဲ့ ယှဉ်လိုက်ရင် တစ်တန်ကို ၆၀၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

တစ်လကျော်ကြာ အကျဈေးနဲ့ ရှိနေတဲ့ ကုလားပဲ နဲ့ ဆက်တိုက်ဈေးမြင့်တက်နေတဲ့ ပဲပုတ်

ကုလားပဲကတော့ အစ် ပွဲတော် ပြီးတဲ့ နေ့ကတည်းက အကျဈေး နဲ့ ရှိနေတာ ဖြစ်ပြီး ဆက်တိုက် ဈေးကျဆင်းနေခဲ့ပါတယ်။ဈေးကွက်ထဲ ပဲ အဝင်ရှိနေပေမယ့် ဈေးချ ဝယ်ယူတာတွေ ကြောင့် ဈေးကျဆင်းနေတာ လို့ သိရပါတယ်။

မန္တလေးဈေးကွက်မှာတော့ကုလားပဲလုံးv2 က တစ်အိတ်ကို ၂၄၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၆၀၀၀ ကျပ်၊ကုလားပဲ 929 က တစ်အိတ်ကို ၂၃၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်၊ကုလားပဲ ထိုင်ဝမ်က တစ်အိတ်ကို ၂၃၃၀၀၀ မှ ၂၃၄၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် အသီးသီးဈေးပြန်ကျဆင်းပါတယ်။နယ်ဈေးကွက်တွေမှာလည်း ကုလားပဲ တစ်တင်းကို ၁၀၀၀ ကနေ ၃၀၀၀ ကြား ဈေးကျဆင်းပါတယ်။
ပဲပုတ်ကတော့ ဆီအတွက် ဝယ်ယူမှု များပြားတာကြောင့် ဆက်တိုက်ဈေးမြင့်တက်နေခဲ့ပါတယ်။

ပဲပုတ်(ဗမာ)တွေကတော့ အမြင့်ဈေးနဲ့ ငြိမ်နေပေမယ့် ပဲပုတ်(ရှမ်း)တွေကတော့ ဈေးမြင့်တက် လာပါတယ်။ မန္တလေးဈေးကွက်မှာ တစ်အိတ်ကို ၂၂၀၀၀၀ မှ ၂၃၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

တစ်ပတ်အတွင်း တစ်ထောင်ကျော်ဈေးမြင့်တက်လာတဲ့ အာလူး

အာလူးဈေးတွေကတော့ တစ်ပတ်အတွင်း ဈေးဆက်တိုက်မြင့်တက်နေပြီး တစ်ပတ်အတွင်း တစ်ပိဿာကို တစ်‌ထောင်ကျော် ဈေးမြင့်တက်လာပါတယ်။တရုတ်ဘက်က အာလူးဈေးတွေ ဈေးကွက်ထဲ အဝင်နည်းတဲ့အတွက် ဈေးမြင့်တက်လာတာလို့သိရပါတယ်။နေ့စဉ် ဘုရင့်နောင် ဈေးကွက်ထဲကို တော့ ပိဿာချိန် ၄ သောင်းကျော် အဝင်ရှိနေပါတယ်။

ရန်ကုန်ဈေးကွက်မှာ အာလူး(ဟဲဟိုး)က တစ်ပိဿာကို ၂၇၀၀ နဲ့ ဈေးစဖွင့်ခဲ့ပြီး ရက်ပိုင်း အတွင်း တစ်ပိဿာကို ၃၂၀၀ ကျပ်ပေါက်ဈေးရှိကာ ၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

တရုတ်အာလူးကလည်း တစ်ပိဿာကို ၃၈၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၁၃၀၀ ကျပ် ဈေးမြင့်တက်လာတာလည်း ဖြစ်ပါတယ်။

မေမီမောင်(AMIA)

News

ဆက်စပ်သတင်းများ