ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-07-15
Share to
ဇူလိုင် ၉ ရက်နေ့ မှ ဇူလိုင် ၁၅ ရက်နေ့ အထိ တစ်ပတ်စာ ‌ဈေးကွက်သုံးသပ်ချက်

ဈေးပြန်မြင့်တက်လာတဲ့ မတ်ပဲ နဲ့ ဆက်ပြီး ကျဆင်းနေဆဲ ပဲစင်းငုံ

မတ်ပဲ က ဆက်တိုက်ဈေးကျဆင်းနေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးပြန်မြင့်တက်လာ ပါတယ်။ ငွေကြေးလဲလှယ်နှုန်း မြင့်တက်လာတဲ့အတွက် ဈေးမြင့်တက်လာတာ ဖြစ်ပြီး အမှန်တကယ် FOB ဈေး နှုန်းကတော့ ကျဆင်းနေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတွင်းမှာတော့ မိုးစိုက်ပဲ ဧကက ၁၈၁ ရာခိုင်နှုန်းထိ တိုးလာတယ်ဆိုတဲ့ ထုတ်ပြန်ချက် ကြောင့် မတ်ပဲ ဈေးတွေ ကျဆင်းနေပေမယ့် အကျဈေးနဲ့ပဲ ဝယ်ယူသိုလှောင်တာတွေ ရှိ မတ်ပဲ ဈေးက အများကြီး ကျဆင်းနိုင်မှာ မဟုတ်ဘူးလို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၈၉၂၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၁၇၅ ရူပီး ဈေးပြန်တက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၈၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ငွေကျပ် ၆၄၀၀၀ ကျော် ဈေးတက်လာပါတယ်။ ( SQ/RC) ကတော့ တစ်တန်ကို ၃၆၉၅၀၀၀ ပေါက်ဈေးရှိပြီး ၇၉၀၀၀ ကျပ်၊မတ်ပဲ RAW ကတော့ တစ်ပိဿာကို ၅၅၆၅ မှ ၅၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၅ ကျပ် အသီးသီးဈေးတက်လာပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကတော့ တစ်တန်ကို ၉၆၅ မှ ၉၇၅ ဒေါ်လာ ပေါက်ဈေးရှိပြီး တစ်တန်ကို ၅ ဒေါ်လာလောက် ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီကတော့ ဈေးကျဆင်းနေဆဲ အခြေအနေပါ။ ဈေးကွက်အတွင်း ငွေလဲလှယ်နှုန်းမြင့်တာ ၊ပဲလက်ကျန်ရှားနေတာတွေကြောင့် အရောင်း အဝယ်လည်း မရှိ ဈေးလည်း‌ အေးနေပါတယ်။တစ်ပတ် တွင်းမှာတော့ ငွေထုတ်မရတာတွေကြောင့် အတက်အကျ တွေကတော့ ရှိနေပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း ပဲသိုလှောင်ခွင့် ကန့်သတ်ထားတဲ့အတွက်ကြောင့် ဈေးကွက်အတွင်း အလျင် အမြန် ထုတ်ရောင်းရတဲ့အတွက် ပဲဈေးတွေ အနည်းငယ်ဈေးပြန်အေးသွားပါတယ်။ ဒါပေမယ့် ပဲစင်းငုံနီရဲ့လိုအပ်ချက် မြင့်တက်နေတာ ဖြစ်တဲ့အတွက် ဈေးကတော့ အများကြီး ကျဆင်းသွားမျိုး မရှိတာကို အိန္ဒိယဈေးကွက်ပေါက်ဈေးတွေကနေတဆင့် သိရပါတယ်။

အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၂၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၁၀၀ ရူပီဈေးတက်လာပါတယ်။

ရန်ကုန်စျေးကွက်မှာပဲစင်းငုံနီက တစ်တန်ကို ၄၄၇၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ် နဲ့ ယှဉ်လိုက်ရင် တစ်တန်ကို ၃၀၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

ငွေကြေး နဲ့ လမ်းခရီးအခြေအနေ‌ ကြောင့် ဈေးအနည်းငယ်ပြန်တက်လာတဲ့ ပြောင်းဆံ

ပြောင်းဆံကတော့ ဈေးပြန်တက်လာပါတယ်။ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးမြင့်တက်လာတာတွေ အိန္ဒိယနိုင်ငံကို အကန့်အသတ်မရှိ တင်ပို့ခွင့် ရတာတွေ နဲ့ ရှမ်းမြောက်ဘက် တိုက်ပွဲ အခြေအနေတွေ ကြောင့် လမ်းခရီး တွေ ခက်ခဲ ခဲ့ပြီးအဝင်နည်းတာ ဈေးမြင့်တက်လာတာလို့ကုန်သည်တွေ ဆီကနေ သိရပါတယ်။

မကြာခင် မှာလည်းထိုင်းကို အခွန်ကင်းလွတ်ခွင့် တင်ပို့မှု သက်တမ်းက ကုန်တော့မှာ ဖြစ်ပါတယ်။ပြောင်းကိုတော့ လက်ရှိ အိန္ဒိယနိုင်ငံ၊ထိုင်းနိုင်ငံ နဲ့ အခြား ဗီယက်နမ်၊ဖိလစ်ပိုင် တို့ကို တင်ပို့နေပြီး ပင်လယ်ရေကြောင်းကနေသာတင်ပို့နေတာ ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၄၃၀ မှ ၁၄၅၀ ကျပ်ရှိပြီး ၃၀ ကျပ်ဈေးတက်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းတစ်အိတ်ကို ၇၀၀၀၀ မှ ၇၂၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ သောကြာနဲ့နှိုင်းယှဉ်လိုက်ရင်တော့ တစ်အိတ်ကို ၂၀၀၀ ကျပ် ရှမ်း ပြောင်းကတော့ တစ်အိတ်ကို ၇၁၅၀၀ မှ ၇၂၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးပြန်တက်လာပါတယ်။

မေမီမောင်(AMIA)

News

ဆက်စပ်သတင်းများ

Myanma Awba App

Install
×