ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-05-28
Share to
ပြည်တွင်း ဝါဈေးကွက်ရရှိရေးအတွက် ဝါပိဿာချိန် ၃ သန်းကို တင်ဒါစနစ်ဖြင့် ဝယ်ယူမယ်

မေ ၂၇


ပြည်တွင်းမှာ ဝါ ဈေးကွက်ရရှိ​စေရေးအတွက် အဆင့်သတ်မှတ်ချက်အလိုက် စျေးနှုန်း သတ်မှတ်ပြီး တင်ဒါစနစ်ဖြင့် ဝါပိဿာချိန် သိန်း၃၀ ကို စက်မှုဝန်ကြီးဌာနက ဝယ်ယူသွားမယ်လို့သိရပါတယ်။


တင်ဒါစနစ်နဲ့ ဝယ်ယူမယ့်ဝါတွေက ချည်မျှင်ဝါ (A)အဆင့် ပိဿာချိန် (၂၉) သိန်း နဲ့ ချည်မျှင်ဝါ (C)အဆင့် ပိဿာချိန် (၁)သိန်းဝယ်ယူမှာဖြစ်ပြီး လက်ရှိမှာ တင်ဒါခေါ်ယူနေဆဲ ဖြစ်ကြောင်းနဲ့ ဝါတွေကို စက်မှုဝန်ကြီးဌာန အမှတ် (၃) စက်မှုလုပ်ငန်းလက်အောက်ရှိ ဝါကြိတ်စက်ရုံတွေမှာ အသုံးပြုဖို့အတွက် ဝယ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။


" အခုကတင်ဒါခေါ်တုန်းပဲဆိုတော့ရောင်းနိုင်သူလျှောက်လို့ရတယ်၊ စျေးနှုန်း ကတော့မသိရသေးဘူး။အဓိကတော့ ဝါကစျေးကွက်သိပ်မရှိတော့တောင်သူတွေလည်းစိတ်ပျက်ကျတယ်၊ခုလိုအစိုးရဘက်က ဝယ်​ေပးတာမျိုးကတဖက်တလမ်းကနေအထောက်ကူတော့ပြုပါတယ်" လို့ ဝါလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။


စက်မှုဝန်ကြီးဌာနကတော့ လက်ရှိမှာ ဝါပိဿာချိန်သိန်း၃၀ ကို ရွှေတောင်မြို့ရှိ အမှတ်၁အထည်စက်ရုံ၊စစ်ကိုင်းရှိအမှတ်၃အထည်စက်ရုံ၊ပွင့်ဖြူကအမှတ်၄အထည်စက်ရုံ၊မြစ်သား အမှတ်၇အထည်စက်ရုံ၊ပျော်ဘွယ်အမှတ်၈အထည်စက်ရုံ၊ တောင်တွင်းကြီးဝါကြိတ်စက်ရုံ၊ရမည်းသင်းဝါကြိတ်စက်ရုံတွေအတွက် ဝယ်ယူမှာဖြစ်တယ်လို့သိရပါတယ်။


ဝါစျေးကွက်ကောင်းဖို့ဆို့ရင် ဝါဂွမ်းစျေးကွက်‌ေပျာက်နေချိန်တွေမှာ
နိုင်ငံတော်ကနေ အရံဝါဂွမ်းအဖြစ် ဝယ်ယူပေးသင့်သလို ဝါစျေးကွက်ကောင်မွန်ရေးအတွက်ဝါဂွမ်းစျေးသာမက ဝါစေ့ စျေးလည်းဟန်ချက်ညီကောင်းမွန်ဖို့လိုအပ်တယ်လို့သိရပါတယ်။


လက်ရှိမှာတော့ ဝါစိုက်တောင်သူတွေအတွက် စိုက်ပျိုးရင်းနှီးစရိတ်အဖြစ် တစ်ဧကကို ၂သိန်းကျပ်နှုန်းထုတ်ချေးပေးဖို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက စီစဥ်နေတယ်လို့သိရပါတယ်။


ဝါသီးနှံက တိုင်းပြည်ရဲ့ အဓိကစိုက်ပျိုးတဲ့ သီးနှံတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး စိုက်ဧက (၄ ဒသမ ၅)သိန်း စိုက်ပျိုးတဲ့အနက် ချည်မျှင်ရှည်ဝါကိုသာ အဓိကထားစိုက်ပျိုးပြီး အရည်အသွေးပြည့်မီတဲ့ ချည်မျှင်ထွက်ရှိဖိုလည်းလိုအပ်ချက်တွေရှိနေတယ်လို့သိရပါတယ်။


ဒါကြောင့်အဝတ်အထည် ရက် လုပ်ဖို့အတွက် လိုအပ်တဲ့ချည်များကို ပြည်ပကနေ နှစ်ဧဥ် တင်သွင်းနေရဆဲဖြစ်တယ်လို့ဝန်ကြီးဌာနဘက်ကသိရပါတယ်။


ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ