ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-05-27
Share to
မေ လ ၂၁  ရက်နေ့ မှ  မေလ ၂၇   ရက်နေ့ အထိ တစ်ပတ်စာ ‌ဈေးကွက်သုံးသပ်ချက်

 

ဈေးဆက်တက်နေပေမယ့် အရောင်းအဝယ်အေးနေတဲ့  မတ်ပဲ နဲ့ ပဲစင်းငုံ

 

မတ်ပဲက သုံးပတ်ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ငွေပြည်တွင်းငွေလဲလှယ်နှုန်းဈေး မြင့်တက်လာ တာနဲ့ အတူ ဈေးမြင့်တက်လာ တာ ဖြစ်ပြီး အရောင်းအဝယ်ကတော့ သိပ်မရှိဘူးလို့ ဆိုပါတယ်။

 

အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲ ဝယ်လိုအားမြင့်တက်နေတာ ဖြစ်တဲ့ အတွက် ဈေးက ဆက်ပြီးမြင့်တက် ပါတယ်။အိန္ဒိယအစိုးရ ပဲ ဈေးကျဆင်းအောင် နည်းလမ်း မျိုးစုံ နဲ့ ပြုလုပ်နေပေမယ့် ဈေးကွက်အ တွင်း ပဲ လိုအပ်ချက် ကြီးမားတာ၊အထွက်နှုန်း‌လျော့တာတွေကြောင့် ဈေးက အမြင့်ဈေး မှာ ရှိနေတာ ဖြစ်ပါတယ်။ဈေးကွက်ထဲ မတ်ပဲ အသစ်တွေ ဝင်နေပေမယ့်လည်း ဈေးက ဆက်တက်နေတာ ဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာ မတ်ပဲ FAQ  က တစ်တန်ကို ရူပီး ၉၀၅၀  ပေါက်ဈေးရှိနေပြီး ၂၅ ရူပီး မြင့်တက်လာပါတယ်။

 

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၃၀၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တေ့ာ တစ်တန်ကို ၆၀၀၀၀ ကျပ်  ဈေးမြင့်တက်လာပါတယ်။   (SQ/RC)ကတော့ တစ်တန်ကို    ၃၆၀၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၆၅၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။ 

မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၄၀၅   မှ ၅၄၄၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၁၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

 

ပဲစင်းငုံနီကလည်း ဈေး မြင့်တက်လာပေမယ့် အရောင်းအဝယ်ကတော့ အေးနေပါတယ်။ဈေးမြင့်တက် ပေမယ့်လည်း ငွေကြေးဖောင်းပွမှုကြောင့် ဈေးမြင့်တက်နေတာ ဖြစ်လို့  ပြီးခဲ့တဲ့ အပတ်တွေကလို ဈေးအများကြီး တက်တာမျိုး တော့ မရှိတော့ပါဘူး။

 

အိန္ဒိယနိုင်ငံတွင်းမှာလည်း ဈေးမြင့်တက်နေတာ ဖြစ်ပြီး ပဲ လိုအပ်ချက်ကြောင့် ဈေးမြင့်တက်နိုင်မယ့် အခြေအနေရှိနိုင်ပေမယ့် လက်ရှိမှာ ပဲ ဈေးကျအောင် နည်းမျိုးစုံ နဲ့ လုပ်ဆောင်နေတာ ဖြစ်လို့ ပဲဈေး အခြေအနေက ကာလတို အခြေအနေ မှာတေ့ာ ကောင်းနိုင်ပေမယ့် ကာလလတ် အခြေအနေမှာတော့ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၃၇၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ရူပီး ၂၇၅ ရူပီး ဈေးမြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်း ပဲစင်းငုံနီ FOB ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၁၃၂၀ မှ ၁၃၄၀ ရှိပြီး ၂၀ ဒေါ်လာ ဈေးမြင့်တက်လာပါတယ်။

 

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၄၃၆၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၄၅၀၀၀ ကျပ်ဈေးမြင့်တက်လာခဲ့ပါတယ်။

 

တစ်အိတ်ကို ငွေကျပ် ၆၀၀၀၀ ကျော်ထိ မြင့်တက်လာတဲ့ ပြောင်းဆံ

 

ပြောင်းဆံကတော့ ဆက်ပြီးတက်နိုင်ခြေ မရှိနိုင်ဘူးလို့ခန့်မှန်းထားကြပေမယ့် ငွေကြေးဈေးရယ် ပြည်ပ လိုအပ်ချက်ကြောင့် ဝယ်ယူတာတွေ ရှိလို့ လက်ရှိမှာတော့ သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၆၀၀၀၀ ကျော်အထိ ဈေးပြန်လည် မြင့်တက်လာခဲ့ပါတယ်။

 

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၂၃၀ မှ ၁၂၅၀ ကြားရှိပြီး တစ်ပိဿာကို ၉၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

 

မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၆၀၀၀၀ မှ ၆၁၀၀၀  ပေါက်ဈေးရှိနေပြီး တစ်ပတ် အတွင်း  တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ရှမ်းပြောင်းတွေကလည်း တစ်အိတ် ကို  ၆၀၀၀၀ မှ ၆၁၀၀၀ ကျပ် ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

 

တစ်လ အတွင်း တစ်ပိဿာကို ၃၅၀၀ ကျော်‌ဈေးမြင့်တက်လာတဲ့ ကြက်သွန်ဖြူ

 

ကြက်သွန်ဖြူကတော့ တစ်လ အတွင်း တစ်ပိဿာကို ၂၅၀၀ ကျော်ထိ ဈေးမြင့်တက်လာပါတယ်။

ဈေးကွက်ထဲ အဝင်နည်းသွားပေမယ့် အဝင်ရှိသလောက် အဝယ်လည်း ရှိနေတဲ့ အတွက် ဈေးမြင့်တက်နေတာလည်း ဖြစ်ပါတယ်။ ဈေးကွက်ထဲ ကို နေ့စဉ် အဝင် ပိဿာချိန် ၃၀၀၀၀ နီးပါး ရှိပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို အနိမ့်ဆုံး ၉၅၀၀ ကနေ အမြင့်ဆုံး ၁၁၅၀၀ ထိပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ မေလ အစနဲ့ ယှဉ်ရင်တော့  တစ်ပိဿာကို ၃၅၀၀ လောက်ဈေးမြင့်တက်လာပါတယ်။

 

ဈေးကောင်းရနေတဲ့ တရုတ်အာလူး

 

ဈေးကွက်ထဲ ရှမ်းအာလူးတွေက အနည်းငယ်သာ ရှိပြီး ဘုရင့်နောင်ဈေးကွက်ထဲ မှာတော့ တရုတ်အာလူး တွေသာ ဈေးဖွင့်ပါတယ်။ဈေးကွက်ထဲ အဝင်များပေမယ့် အရောင်းအဝယ်သွက်နေတဲ့ အတွက်ဈေးက မြင့်တက်နေပါတယ်။ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကွက်ထဲ ဈေးငြိမ်နေတာ ဖြစ်ပြီး ငွေကြေးဈေးကြောင့်လည်း ဈေးအနည်းငယ်မြင့်လာတာလည်း ဖြစ်ပါတယ်။

 

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တရုတ်အာလူး က တစ်ပိဿာကို ၁၈၀၀ မှ ၂၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

 

 

မေမီမောင်(AMIA)

 

 

News

ဆက်စပ်သတင်းများ