ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-05-23
Share to
ပြည်တွင်း ရာဘာခြံပိတ်ရာသီ ရောက် ခါ နီး ရာဘာစျေး မြင့်တက်နေ 

မိုးတွင်းကာလ ရာဘာခြံပိတ်ရာသီရောက် ခါ နီး ရာဘာစျေး မြင့်တက်နေ ကြောင်း ရာဘာ လုပ်ငန်းရှင်များ ထံ မှ သိရသည်။ 


ပြည်တွင်းရာဘာစျေးမှာနိုင်ငံတကာပေါက်စျေးပေါ်မူတည်ပြီး စျေး အတက်အကျ ဖြစ်ပေါ်ခြင်း ဖြစ်ပြီး
ဒေါ်လာစျေး နှင့် ကမ္ဘာ့ စျေး မှာ မြင့်တက်နေခြင်းကြောင့် အမြင့်စျေးတွင် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။


“ မိုးတွင်းရောက်မှစျေးတက်တော့လဲဘာမှမထူး၊ တချို့ တောင်သူတွေ ရောင်းစားလို့ ကုန်နေပြီလှောင်လက်တွေ ဒိုင်တွေအတွက် စျေး တက်ပေး တယ်လို့ ပြောရမှာပဲ ။ မိုးတွင်း ခြံတွေ လဲ ပိတ်ရတော့ မှာ ။ “ ဟု မော်လမြိုင်မှ ရာဘာလုပ်ငန်းရှင်တစ်ဦး ကပြောသည်။ 


ပြည်ပ လိုအပ်ချက် များ ရှိ နေ ပြီး ဒေါ်လာစျေး မှာ လည်း အမြင့်စျေး တွင် ရှိနေသောကြောင့် ရာဘာ စျေး မှာ နှစ်ထောင်ကျော် ထိ မြင့်တက် ခဲ့ ပြီးရာဘာစျေး မှာ ဒေါ်လာစျေး 
ပေါ်မူတည်ပြီး ထပ်မံ မြင့်တက်နိုင်ဖွယ်တော့ရှိ ကြောင်းသိရသည်။ 


ယခင် က ပြည်တွင်း ရာဘာ တစ်ပေါင်လျှင် ၁၀၀၀ ကျော်သာရှိခဲ့ ပြီး လက်ရှိ တစ်ပေါင်လျှင် ၁၉၅၀ မှ ၁၉၈၀ အထိ ပေါက်စျေးရှိကြောင်းမြန်မာနိုင်ငံရာဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ သိရသည်။


သို့သော် ပြင်ပ ပေါက်စျေး တွင် နေရာဒေသပေါ် လိုက်က တစ် ပေါင်လျှင် ၂၀၀၀ ကျော် အထိ 
ပေါက်စျေး ထိ မြင့်တက် နေခြင်း ဖြစ် သည်။ 


“ အဓိက ကမ္ဘာ့ရာဘာ စျေး ပဲ တက်တယ်။နိုင်ငံတကာ မှာ ရာဘာအထွက်နှုန်းတွေ ကျဆင်း နေတယ် ၊ အမြင့်ဆုံး ထုတ်လုပ်တဲ့ ထိုင်းနိုင်ငံ မှာလဲ ရာသီဥတု ကြောင့် အထွက်ကျတယ် ။ ရာဘာ လိုအပ်ချက်မြင့်တော့ စျေးမြင့်ပြီး ဝယ်ကြတာပေါ့ ။မိုးအခြေအနေ ကြည့်ပြီး ခြံပိတ်ရတယ်။ဒီနှစ်တော့ မိုးနောက်ကျမယ် 
ထင်တယ် ။ “ဟု မြန်မာနိုင်ငံရာဘာစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။


ရာဘာ မှာ ပြည်ပပို့ကုန်များအတွက် အရေးပါသော စက်မှုကုန်ကြမ်းဖြစ်သော်လည်း ရာဘာအစေးခြစ်ခြံအများစုမှာ မိုးများသောကာလများ၌ အစေးခြစ် ခြင်းများကို ရပ်နားထားရ ခြင်း ဖြစ်သည်။ 


ထို့ကြောင့် ထိုကာလ မှာ လုပ်ငန်းရှင်များ က ရာဘာ ခြံပြုပြင်ထိန်းသိမ်းမူများ လုပ်ကြကြောင်းသိရပြီး အထွက်နှုန်း လည်း လျော့ နိုင်ကြောင်း သိရသည်။ 


လက်ရှိ နိုင်ငံတကာ ပေါက်စျေး တစ်တန်လျှင် ဒေါ်လာ ၂၀၀၀ ထိ ရှိကြောင်း သိရသည်။ 


လက်ရှိ မြန်မာရာဘာ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းခန့် အား တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိကာ မလေးရှား၊အင်ဒိုနီးရှား၊ စင်ကာပူ၊ ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့လည်း တင်ပို့မှုများရှိကြောင်း ၊ အများဆုံ အနေဖြင့် ပင်လယ်ရေကြောင်း မှ တင်ပို့လျက်ရှိကြောင်း သိရသည်။ 


ရာဘာ တစ်နိုင်ငံ လုံ စိုက်ဧက တစ်သန်း ခြောက်သိန်း နှင့် လေး သောင်း ကျော် ထိ ရှိ ပြီး ပြည်ပနိုင်ငံများသို့ နှစ် စဉ်ရာဘာတန်ချိန် သုံးသိန်း ခန့် တင်ပို့လျက်ရှိကြောင်း သိရသည်။


ဖိုးချဲ(AMIA)

News

ဆက်စပ်သတင်းများ