ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-05-13
Share to
မေ လ ၇  ရက်နေ့ မှ  မေလ ၁၃   ရက်နေ့ အထိ တစ်ပတ်စာ ‌ဈေးကွက်သုံးသပ်ချက်

ဈေးအနည်းငယ်ပြန်လည် မြင့်တက်လာခဲ့တဲ့ မတ်ပဲ နဲ့ ပဲစင်းငုံနီ

 

မတ်ပဲကတော့ ပြီးခဲ့တဲ့ တစ်ပတ်တာလုံး အတက်အကျ အနည်းငယ်နဲ့ ရှိနေရာမှာ သောကြာနေ့မှာတော့ ဈေးပြန်မြင့်တက်လာခဲ့ပြီး စနေ မှာပါ အတက်ဈေးနဲ့ရှိနေခဲ့ပါတယ်။အကျဈေး နဲ့ ရှိနေရာမှ အရောင်းအဝယ် ပြန်အေးသွားတဲ့အတွက် ဈေးမြင့်ပေးဝယ်ယူတာတွေ ကြောင့် ဈေးအနည်းငယ် ပြန်မြင့်တက်လာတာ ဖြစ်နိုင်တယ်လို့ ကုန်သည်အချို့က ခန့်မှန်းပါတယ်။ဆက်ပြီးတက်နိုင်ခြေ ရှိမရှိဆိုတာတော့ ခန့်မှန်းရ ခက်နေတဲ့အခြေအနေ ဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

 

မတ်ပဲကတော့ လက်ရှိ အခြေအနေအရ အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲ အခြေအနေ နဲ့ တင်းကြပ်နေတဲ့ စစ်ဆေးတာတွေကြောင့် ဈေးကျဆင်းနေပေမယ့် ပဲ လိုအပ်ချက် မြင့်မားနေတာ ဖြစ်လို့ လတ်တလော ကာလ အတွင်း ဈေးကျဆင်းနေတာလို့ ကုန်သည်အချို့က ခန့်မှန်းထားတာ ဖြစ်လို့ ရွေးကောက်ပွဲ အပြီး ဇွန်လ လောက် ထိ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

 

ပဲစင်းငုံနီကလည်း ဈေးဆက်ပြီး မြင့်တက်လာပါတယ်။ အိန္ဒိယလိုအပ်ချက်အပြင် ပြည်တွင်း လက်ကျန် လျော့နည်းနေတာကြောင့်လည်း ထုတ်ရောင်းတာမျိုး မလုပ်ပဲ လှောင်ထားဆဲ အခြေအနေရှိကြတယ်လို့ကုန်သည်အချို့က ဆိုပါတယ်။အိန္ဒိယနိုင်ငံ အတွင်းမှာတော့ ရွေးကောက်ပွဲ အခြေအနေနဲ့ စစ်ဆေးမှုတွေကြောင့် ဈေးက အေးနေပြီး အရောင်းအဝယ်လည်း အေးနေတယ်လို့ အိန္ဒိယသတင်းတွေ မှာ ဖော်ပြထားပါတယ်။

 

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၁၅၅၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တေ့ာ တစ်တန်ကို ၃၀၀၀၀ နီးပါးဈေးမြင့်တက်လာပါတယ်။   (SQ/RC)ကတော့ တစ်တန်ကို    ၃၄၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၄၀၀၀၀နီးပါးဈေးမြင့်တက်လာပါတယ်။ 

မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၁၄၀  မှ ၅၁၇၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးတက်ပါတယ်။

 

 

 

ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၀၈၂၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၂၄၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

 

ဈေးကောင်းနေတဲ့ ပဲတီစိမ်း အသစ်

 

ပဲတီစိမ်း ကတော့ ဈေးကွက်ထဲ ကို အသစ်တွေ အဝင်ရှိနေပြီး တရုတ်အဝယ်ရှိနေလို့ ဈေးကောင်း ရရှိနေ တယ်လို့ ကုန်သည်တွေ ထံကနေ သိရပါတယ်။အဟောင်းတွေက အရည်အသွေးပိုင်း အားနည်းနေတဲ့ အတွက် အသစ်ကို သာ ဦးစားပေးဝယ်ယူနေတယ်လို့ ဆိုပါတယ်။ပဲတီစိမ်းက ပြီးခဲ့တဲ့ လ အထိ အကျဈေးနဲ့ရှိခဲ့ရာမှ မေလ အစ မှာ ဈေးပြန်ရလာတာ လည်း ဖြစ်ပါတယ်။

 

ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်းဈေးတွေ ငြိမ်နေပေမယ့် မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၈၅၀၀၀ ကနေ ၁၈၇၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၃၀၀၀၀ ကျော်ထိ ဈေးမြင့်တက်လာပါတယ်။

 

ဈေးဆက်တိုက် မြင့်တက်လာတဲ့ ပြောင်း

 

ပြောင်းဆံကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ကုန်သွယ်ရေးလမ်းကြောင်း အဆင်ပြေနေ တာ ဖြစ်ပြီး  ပုံမှန်တင်ပို့မှု ရှိနေတာ ဖြစ်တဲ့အတွက် အမြင့်ဈေးပေးပြီး ဝယ်ယူနေကြတယ်လို့ ပြောင်း တောင်သူအချို့က ပြောပါတယ်။လက်ရှိမှာတော့ ကုန်းလမ်းကြောင်း အပြင် ရေကြောင်းကပါ တင်ပို့နေတာ ဖြစ်တယ်လို့သိရပါတယ်။

 

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၁၀၀ မှ ၁၁၂၀ ကြားရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

 

မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၅၄၀၀၀  ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။ရှမ်းပြောင်းတွေကလည်း တစ်အိတ်ကို ၅၄၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

 

လက်ရှိ ဈေးပြန်မြင့်တက်လာပေမယ့်လည်း စိုက်စရိတ်ရရှိနေတဲ့အနေအထားမဟုတ်ဘူးလို့ တောင်သူတွေ က ပြောပါတယ်။ ဒါ့အပြင် ပြောင်းအများစုကတော့ တောင်သူ လက်ထဲ မှာ မရှိတော့ဘူးလို့သိရပါတယ်။

 

မေမီမောင်(AMIA)

 

 

News

ဆက်စပ်သတင်းများ