ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-04-02
Share to
 မတ်လ ၂၆ ရက်နေ့ မှ  ဧပြီလ ၃၁  ရက်နေ့ အထိ တစ်ပတ်စာ ‌ဈေးကွက်သုံးသပ်ချက်  

တစ်တန်ကို သိန်း ၃၀ ကျော်အထိ ပြန်ရောက်ရှိလာတဲ့ မတ်ပဲ

မတ်ပဲက မတ်လ နောက်ဆုံး ပတ် မှာ အတက်အကျ အနည်းငယ်ရှိခဲ့ပေမယ့် ဧပြီ လ  ၁ ရက်နေ့ မှာတာ့ တစ်တန်ကို သိန်း ၃၀ ကျော်ထိ ဈေးမြင့်တက်လာခဲ့ပါတယ်။

လက်ရှိမှာတော့ အိန္ဒိယနိုင်ငံရဲ့ပဲဈေးကွက် အခြေအနေ တွေကိုလည်း စောင့်ကြည့်နေပြီး ပုံမှန် တင်ပို့မှု အတွက်သာ အရောင်းအဝယ်ရှိနေကြပါတယ်။

အိန္ဒိယနိုင်ငံ မှာလည်း ပွဲတော်အပြီး ဈေးအေးသွားသလိုပြည်တွင်းမှာလည်း လပြည့် ပွဲတော် ပိတ်ရက်တွေကြောင့် ဈေး အေးနေတဲ့အနေအထား ကြောင့် ပြည်တွင်းမှာတော့ တစ်ပတ်တာလုံး ဆက်လက် မြင့်တက်လာ မလားဆိုတာကတော့ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါ တယ်။

ပိတ်ရက် နီးလာတဲ့နဲ့ အမျှ သယ်ယူပို့ဆောင်ရေး အခြေအနေတွေကြောင့် ပဲဈေးက ပြန်တက်နိုင်မယ်လို့ ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၀၄၀၀၀၀  ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်  တစ်တန်ကို ၁ သိန်းကျော် ပြန်လည် မြင့်တက်လာပါတယ်။    (SQ/RC)ကတော့ တစ်တန်ကို    ၃၂၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၁၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄၉၀၀  မှ ၄၄၉၃၅  ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၀ ကျပ်ဈေးတက်လာပါတယ်။

ဈေးကွက်အခြေအနေ စောင့်ကြည့် ဝယ်ယူနေတဲ့ ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ တစ်ပတ်လုံး အမြင့်ဈေးနဲ့ ရှိနေတာ ဖြစ်ပါတယ်။ဈေးတွေ ကျဆင်းနေတာ ဖြစ်ပြီး လှောင်လက်တွေ လက်ထဲ မှာသာ  ပဲတွေက ရှိနေတာ ဖြစ်တဲ့အတွက် အရောင်းအဝယ်ကတော့ အေးနေတဲ့ အခြေအနေလို့သိရပါတယ်။

မြန်မာ့ပဲစင်းငုံနီကတော့ လတ်တလော အခြေအနေအရ အတက်ဈေးကို ရောက်ရှိနိုင်သေးမှာ မဟုတ်ပါဘူးလို့ ကုန်သည်အချို့က ခန့်မှန်းထားပေမယ့် ပိတ်ရက် ကာလ ရောက်တော့ မှာ ဖြစ်လို့ အနည်းငယ်ဈေးပြန်လှုပ်ခက်လာတာလို့လည်း ဆိုပါတယ်။

ဒီတစ်ပတ်  ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၈၀၀၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အ ပတ်  နဲ့ ယှဉ်ရင် တစ်တန်ကို ၇၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။

အကျဈေးနဲ့ ရှိနေတဲ့ ပြောင်းဆံ

ပြောင်းကတော့ ဈေး ကျဆင်းပါတယ်။ ထိုင်းနိုင်ငံရဲ့  ပြောင်းတင်သွင်းမှုကို ပိတ်ပင်သွားမယ်လို့ ထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲ ကြောင့် ကျဆင်းသွားတယ်လို့ကုန်သည်အချို့က ခန့်မှန်းပေမယ့် လက်ရှိ မှာတော့ လမ်းပန်းဆက်သွယ်ရေး အခြေအနေ တွေ ကြောင့် တင်ပို့မှုကလည်း နည်းပြီး ဈေးကလည်း ဆက်တိုက် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်း ထုတ်ပြန်ချက်ဟာ လက်ရှိမှာ သတိပေးချက်အနေနဲ့သာ ဖြစ်ပေမယ့် အမှန်တကယ် ပိတ်လိုက်ပါက ဈေးတွေ ယခု ပေါက်ဈေးထက် ကျဆင်းသွားမှာကို စိုးရိမ်ပြီး အများအပြား ရောင်းချတာတွေကြောင့် ဈေးက ပိုပြီး ကျဆင်းသွားတာ ဖြစ်တယ်လို့  ပြောင်းကုန်သည်အချို့က ဆိုပါတယ်။

ဈေးကွက် အတွင်း စီပီပြောင်း နဲ့ ရှမ်းပြောင်းက တစ်အိတ်ကို ၅၀၀၀၀ ပတ်ချာလည်ရှိနေပြီး ဗမာပြောင်းကတော့ တစ်အိတ်ကို ၄၇၀၀၀ မှ ၄၉၀၀၀ ကြား ပေါက်ဈေးရှိနေပါတယ်။

ကြက်သွန်နီ ဈေးက ကျဆင်းပေမယ့် ကြက်သွန်ဖြူကတော့ ဈေးပြန်မြင့်တက်လာ

ကြက်သွန်နီ ကတော့ ၂ ပတ်ဆက်တိုက်ဈေးကျဆင်းနေခဲ့ပါတယ်။ နေ့စဉ် ပိဿာချိန်  ၃ သိန်း နီးပါး ကားအစီးရေ ၅၀ အထိ အဆမတန် ဝင်ရောက်နေတာ ဖြစ်တဲ့ အတွက် ဈေးက ဆက်တိုက် ကျဆင်းနေတာ ဖြစ်ပါတယ်။

အဝင်များရင် ဈေးကျဆင်းတက်တာ ဖြစ်လို့ အဝင်ထိန်းဖို့ ကုန်သည်ကြီးတွေက တိုက်တွန်းပေမယ့် လည်း နယ်စုံကနေ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ ဆိပ်ဖြူ။မြစ်သား၊တောင်တွင်း၊မြင်းခြံ ၊မုံရွာ တို့ ကနေ အဝင်ရှိနေပြီး တစ်ပိဿာကို ၁၇၀၀ မှ ၃၁၀၀ ကြား ရှိကာ တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ကြက်သွန်ဖြူကတော့ ဆက်တိုက်ဈေးကျဆင်းခဲ့ရာမှ တစ်ပတ်အတွင်း ဈေးတွေ ပြန်မြင့်တက်လာခဲ့ ပါတယ်။ ဈေးကွက်ထဲ အဝင်နည်းသွားပြီး အကျ ဈေးနဲ့ အဝယ်ပြန်လိုက်လာတဲ့အတွက် ဈေးက ပြန်မြင့်တက်လာတာလို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၇၅၀၀ မှ ၉၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀၀ လောက်ဈေးပြန်မြင့်တက်လာပါတယ်။

ကြူကုတ်ကလည်း ဈေးကွက်ထဲ အဝင်နည်းလို့ တစ်ပိဿာကို ၁၀၃၀၀ မှ ၁၀၅၀၀ ကြားရှိနေပြီး တစ်ပိဿာကို ၇၀၀ လောက် ဈေးမြင့်တက်လာပါတယ်။

မေမီမောင်(AMIA)

News

ဆက်စပ်သတင်းများ