ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-04-15
Share to
 ဧပြီလ ၉ ရက်နေ့ မှ  ၁၃  ရက်နေ့ အထိ တစ်ပတ်စာ ‌ဈေးကွက်သုံးသပ်ချက်

 

 

လိုအပ်ချက်ကြောင့် ဈေးဆက်တက်နိုင်မည့် မတ်ပဲ

 

မတ်ပဲကတော့ သုံးပတ်ဆက်တိုက်ဈေးမြင့်တက်နေခဲ့ပါတယ်။သင်္ကြန် ပိတ်ရက်ရှည်ကာလ အတွင်း အိန္ဒိယ ဝယ်ယူ မှု နဲ့ ပဲ တင်ပို့ မှု တို့ အတွက်  ဝယ်လိုအား မြင့်တက်လာလို့ ဈေးတွေ မြင့်တက် လာတာ လို့ ကုန်သည်တွေထံကနေ သိရပါတယ်။

 

ပြည်တွင်း ကုန်သည်ကြီး အချို့ကတော့ မတ်ပဲက လတ်တလော မြင့်တက်နေတာ ဖြစ်ပြီး ဆက်ပြီး မြင့်တက် နိုင်ခြေ နည်းတယ်လို့ ခန့်မှန်းထားကြပေမယ့် အိန္ဒိယဘက်က ဈေးကွက် သတင်းတွေမှာတော့ မတ်ပဲ ရဲ့ လိုအပ်ချက်က ကြီးနေတာ ဖြစ်လို့ ဈေးက တက်နိုင်ဦးမယ်လို့သုံးသပ်မှုတွေ ရှိပါတယ်။

 

လက်ရှိ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၂၇၅၀၀၀  ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်  တစ်တန်ကို ၉၀၀၀၀ သိန်းကျော် ဈေးတက်လာပါတယ်။     (SQ/RC)ကတော့ တစ်တန်ကို    ၃၅၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၀၀၀၀၀ ကျော် ဈေးတက်လာပါတယ်။  မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၂၅၀  မှ ၅၂၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၄၀ ကျပ်ဈေးတက်လာပါတယ်။

 

ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်တော့ အတက်ဈေးက နှေးနေပေမယ့် မတ်ပဲက တစ်တန်ကို ၃၅ သိန်းထိ စံချိန်တင် မြင့်တက်ခဲ့ တာဖြစ်လို့ ဆက်ပြီးတက်ဖို့က စောင့်ကြည့်ရမယ့် အနေအထားရှိနေပါတယ်။

 

သိန်း ၄၀ ကျော်ထိ ဈေးမြင့်တက်ပေမယ့် အရောင်းအဝယ်အေးနေတဲ့ပဲစင်းငုံ

ပဲစင်းငုံ တစ်တန်ကို ငွေကျပ် သိန်း ၄၀ ကျော်ထိ ပေါက်ဈေးရှိခဲ့ပေမယ့် ဈေးကွက်ထဲမှာ တော့အရောင်း အဝယ်အေး နေတယ်လို့ကုန်သည်တွေ ထံကနေ သိရပါတယ်။ ပြည်တွင်းမှာ လက် ကျန် နည်းနေပြီး လှောင်လက်ကြီးတွေ လက်ထဲ မှာ သာရှိနေတာ ဖြစ်လို့နယ်ကုန် စည်ဒိုင် တွေမှာ တော့ အရောင်း အဝယ်သိပ်မရှိတာလို့ ဆိုပါတယ်။

 

မြန်မာပြည်တွင်းမှာတော့ အရောင်းအဝယ်သိပ်မရှိသလို အိန္ဒိယနိုင်ငံမှာလည်း  ပဲစင်းငုံနီက အဝင်နည်း နေတဲ့ အတွက် ဝယ်လိုအားများပြီး ဈေးမြင့်တက်နေတာလို့ သိရပါတယ်။

မြန်မာနိုင်ငံအပါအဝင်  အာဖရိကနိုင်ငံတို့ကပါ ပဲစင်းငုံနီကို အဝယ်ရှိပေမယ့် ဈေးကွက်ထဲ မရောက်လာ သေးပဲ ဈေးအဆမတန် မြင့်တက်နေလို့အိန္ဒိယအစိုးရကတော့ လာမယ့် ဧပြီ လ ၁၅ ရက်နေ့ ကနေ စပြီး လက်ကျန်ပဲ စာရင်းတွေကို ပေးဖို့ ထုတ်ပြန်ခဲ့ပါတယ်။

 

ရေရှည် မှာတော့ ပဲစင်းငုံနီဈေးက  အလားလာ ကောင်းနိုင်ပေမယ့် မကြာခင် ပြုလုပ်မယ့် ရွေးကောက်ပွဲ ကြောင့် မူဝါဒတွေ ပြောင်းလဲသွားနိုင်လို့  စံချိန်ကျော်လွန် ဈေးရောက်ဖို့ကတော့ စောင့်ကြည့်ရမယ့် အခြေအနေ ဖြစ်ပါတယ်။

 

ဒီတစ်ပတ်  ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၁၄၇၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အ ပတ်  နဲ့ ယှဉ်ရင် တစ်တန်ကို ၁၆၀၀၀၀ ကျပ်နီးပါးဈေးတက်လာပါတယ်။

 

ရက်အတန်ကြာ ဈေးငြိမ်နေတဲ့ ပဲတီစိမ်း

 

ပဲတီစိမ်းကတော့ရန်ကုန်ဈေးကွက်မှာ ဈေးငြိမ်နေပြီး နယ်ဈေးကွက်တွေမှာလည်း ဈေးအေးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ အကျဈေးနဲ့ငြိမ်နေပေမယ့် ဈေးကွက် အခြေအနေအရ ဈေးမာနေတဲ့အခြေအနေလို့ကုန်သည်အချို့က ဆိုပါတယ်။ ဆက်ပြီး ကျဆင်းနိုင်ဦး မယ်လို့ခန့်မှန်းထားကြပေမယ့် တရုတ်ဝယ်လိုအား မရှိတဲ့အတွက် အရောင်းအဝယ် ထိန်းလိုက် တာမျိုးတွေကြောင့် ဈေးက တန့်သွားတာလို့လည်း သုံးသပ်ကြပါတယ်။

 

ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတစ်ပိဿာကို ၃၈၃၀ ကျပ်၊ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃၀၀၀ မှ ၃၃၃၅ နဲ့ ဈေးငြိမ်နေပါတယ်။

 

နယ်စပ်ဂိတ်အခြေအနေကြောင့်  တင်ပို့မှုမရှိပဲ ဈေးကျဆင်းသွားမယ့် ပြောင်းဆံ

 

ပြောင်းကတော့ ရေရှည်မှာဈေးက ဆက်ပြီး ကျဆင်းနိုင်ဦးမယ်လို့ကုန်သည်တွေက သုံးသပ် ထားကြပါတယ်။ လက်ရှိ တရုတ်တင်ပို့မှုလည်း မရှိသလို မြဝတီနယ်စပ်ပြဿာနာတွေကြောင့် တင်ပို့မှု အခြေအနေက ဆိုးရွားသွားနိုင်တယ်လို့ဆိုပါတယ်။

 

ရေကြောင်းတင်ပို့မှုတွေ ရှိပေမယ့်လည်း လျော့နည်း တာကြောင့် ပြောင်းဈေးကွက်ရဲ့ အလားလာ ကတော့ နယ်စပ် အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပေမယ့်  လက်ရှိ ကလည်း ထိုင်းဘက် က ဝယ်ယူမှုကို တစ်လတာ ရပ်နားထားလို့ ပြည်တွင်း ဈေးကွက် မှာတော့ ဈေးက အတော် ကိုကျဆင်းနေတဲ့ အခြေအနေ ဖြစ်ပါတယ်။

 

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၀၄၀ မှ ၁၀၆၀ ကြားရှိပြီး ၂ ပတ်ဆက်တိုက် ငြိမ်နေပါတယ်။

 

မေမီမောင်(AMIA)

 

 

News

ဆက်စပ်သတင်းများ