ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-04-22
Share to
ဧပြီလ ၁၅ ရက်နေ့ မှ ၂၂ ရက်နေ့ အထိ တစ်ပတ်စာ ‌ဈေးကွက်သုံးသပ်ချက်

ဈေးကျဆင်းသွားတဲ့ မတ်ပဲ

မတ်ပဲ ကတော့ အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်ကြောင့် ဈေးတွေ ဆက်တိုက် မြင့်တက်ခဲ့ပေမယ့် အိန္ဒိယအစိုးရက အိန္ဒိယနိုင်ငံတွင်းရွေး‌ ကောက်ပွဲမတိုင်ခင် အဖက်ဖက်ကနေ ဈေးကျဆင်းအောင် လုပ်ဆောင်နေတာကြောင့် မတ်ပဲ အခြေအ‌ေနက လက်ရှိမှာ ကျဆင်းသွားပါတယ်။

မြန်မာ ပြည်တွင်းမှာတော့ ပွဲတော်ကာလ ပိတ်ရက်ရှည် အပြင် အိန္ဒိယနိုင်ငံရဲ့ လိုအပ်ချက်တွေကြောင့် အမြင့်ဈေး နဲ့ ပဲ ဆက်ရှိနိုင်တယ်လို့ ခန့်မှန်းထားကြပေမယ့် အိန္ဒိယနိုင်ငံမှာ မတ်ပဲ ဈေး ကျဆင်းတာကြောင့် ပြည်တွင်းမှာလည်း ကျဆင်းသွားပါတယ်။

အိန္ဒိယနိုင်ငံချန်နိုင်း ဈေးကွက်မှာ မတ်ပဲ FAQ တစ်တန်ကို ရူပီး ၉၃၀၀ ရှိခဲ့ပြီး တစ်တန်ကို ၁၅၀ လောက် ဈေးကျဆင်းသွားပါတယ်။SQ က တစ်တန်ကို ၉၆၅၀ ရှိပြီး တစ်တန် ကို ၂၀၀ ရူပီး ကျဆင်းပါတယ်။

လက်ရှိ ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၂၀၀၀၀၀ ပေါက်ဈေးရှိပြီး ပိတ်ရက်မတိုင်ခင် အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၇၅၀၀၀ ကျပ် ဈေး ကျဆင်းပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၄၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၆၀၀၀၀ ကျပ် ဈေးကျဆင်းပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၂‌၃၀ မှ ၅၂၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅ ကျပ်ဈေးကျဆင်းပါတယ်။

အမြင့်ဈေးတန်းမှာ ရှိနေတဲ့ ပဲစင်းငုံ

ပဲစင်းငုံကတော့ အိန္ဒိယနိုင်ငံတွင်း ‌ေဈးကျဆင်း ပေမယ့် ပြည်တွင်းမှာတော့ အမြင့်ဈေးနဲ့ ရှိနေတာ ဖြစ်ပါတယ်။

ပြည်တွင်းလက်ကျန်လည်း နည်းသလို အိန္ဒိယလိုအပ်ချက် ကြောင့် အရောင်းမရှိပဲ အမြင့်ဈေးနဲ့ တင်းနေတာလို့ ကုန်သည်အချို့က ဆိုပါတယ်။ ဒါ့အပြင် ပိတ်ရက်ရှည် ကာလ နဲ့ ငွေလဲလှယ်နှုန်း ဈေးမြင့်တက်တာတွေ ကြောင့် ဈေးက ဆက်တက်နေတာလည်း ဖြစ်ပါတယ်။

အိန္ဒိယအစိုးရကတော့ ပြီးခဲ့တဲ့ ဧပြီ လ ၁၅ ရက်နေ့ ကနေ စပြီး လက်ကျန်ပဲ စာရင်းတွေကို ပေးဖို့ ထုတ်ပြန်ခဲ့ပြီး နောက် တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေ လုပ်ဆောင်နေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ချန်နိုင်း ဈေးကွက်မှာတော့ ပဲစင်းငုံနီက တစ်တန်ကို ရူပီး ၁၀၉၂၅ ရှိပြီး ၂၅ ‌ေလာက် ကျဆင်း သွားပေမယ့် ပြည်တွင်း ရန်ကုန်စျေးကွက်မှာတော့ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၁၅၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အ ပတ် နဲ့ ယှဉ်ရင် တစ်တန်ကို ၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲစင်းငုံ တစ်တန်ကို ငွေကျပ် သိန်း ၄၀ ကျော်ထိ ပေါက်ဈေးရှိခဲ့ပေမယ့် ဈေးကွက်ထဲမှာ တော့အရောင်း အဝယ်အေး နေပါတယ်။

ဈေးပြန်မြင့်လာတဲ့ ပြောင်း

ပိတ်ရက် မတိုင်ခင် အနိမ့်ဈေးနဲ့ ရက်အတန်ကြာ ငြိမ်နေတဲ့ ပြောင်းက ယနေ့ ဖွင့်ရက်မှာတော့ ဈေး ပြန်မြင့်တက်လာပါတယ်။

နယ်စပ်လမ်းကြောင်းဂိတ်‌ေတွ ပိတ်ပေမယ့် ပိတ်ရက်ကာလအတွင်း မြင့်တက်လာတဲ့ ငွေကြေး ဈေးကွက်နဲ့ သယ်ယူပို့‌ေဆာင်စရိတ်ကြောင့် အနည်းငယ် မြင့်တက်လာတာလို့ သိရပါတယ်။

လက်ရှ်ိ ဈေးမြင့်တက်မှူက‌‌ေ‌တာ့ ယာယီ အနေအထား ဖြစ်နိုင်ပေမယ့် မြ၀တီ ကုန်သွယ်မှု ပုံမှန် ပြန်ဖြစ်ရင်‌ေတာ့ အနည်းငယ် ပြန်တက်နိုင်မယ်လို့ ခန့်မှန်း မှုတွေလည်း ရှိပါတယ်။

ရေကြောင်းတင်ပို့မှုတွေ ရှိပေမယ့်လည်း လျော့နည်း တာကြောင့် ပြောင်းဈေးကွက်ရဲ့ အလားလာ ကတော့ နယ်စပ် အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၀၄၀ မှ ၁၀၆၀ ကြားရှိပြီး ငြိမ်နေပါတယ်။

မန္တလေး ဈေးကွက်မှာတော့ စီပီ ပြောင်းက သုံးတင်း၀င် တစ်အိတ်ကို ၅၀၅၀၀ မှ ၅၁၀၀၀ ကြား ရှိပြီးညပိတ်ရက်မတိုင်ခင် အပတ်နဲ့ ယှဉ်ရင် တစ်အိတ်ကို ၁၅၀၀ ကျပ် ဈေး မြင့် တက်လာပါတယ်။

မုံရွာဈေး ကွက်မှာ လည်း တစ်တင်း ၁၆၀၀၀ ကျပ် ရှိပြီး ၁၀၀၀ ကျပ် ဈေး တက်လာပါတယ်။

မေမီမောင်(AMIA)

News

ဆက်စပ်သတင်းများ

May 6, 2024