ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-04-10
Share to
အိန္ဒိယက အဝယ်ပြန်ရှိလို့ မတ်ပဲစျေး တစ်တင်ကို ၁ သိန်းအထက်ပြန်ရောက်လာ
 
ဧပြီ ၁၀
 
ပြည်တွင်း မတ်ပဲစျေးကွက် အကျစျေးတန်းမှာ ငြိမ်နေရာကနေ ဧပြီလထဲမှာတော့ စျေးကွက်ပြန်လည်မြင့်တက်လာတယ်လို့ ကုန်သည်တွေဆီကသိရပါတယ်။
 
အိန္ဒိယဘက်က မြန်မာ့မတ်ပဲကို ဝယ်လိုအားပြန်လိုက်လာတာကြောင့် ပြည်တွင်းကုန်သည်တွေ မတ်ပဲဝယ်ယူပြီး.သိုလှောင်မှုရှိလာလို့ မတ်ပဲစျေးပြန်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
 
" ရောင်းထားတာကများတော့ တင်ဖို့ရှိတယ်လေ၊ဟိုဘက်ကလည်း ပရောဂျက်ရှိတော့စျေးကပေးတယ်၊အဓိကအိန္ဒိယအဝယ်ပြန်လိုက်လို့ပေါ့ " လို့ အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်မိုးကသုံးသပ်ပါတယ်။
 
ပို့ကုန်ပဲမျိုးစုံနဲ့ပတ်သက်ပြီး ပို့ကုန်ရငွေနဲ့ပတ်သက်လို့ အပြောင်းအလဲအချို့လုပ်လိုက်တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့နောက်ပိုင်းထဲက မတ်ပဲစျေးကတအိအိနဲ့ကျဆင်းခဲ့ပြီးအခု သကြင်္ န်ကာလနီးချိန် တစ်လကျော်အကြာမှာ စျေးကွက်ပြန်လှုပ်လာတာဖြစ်ပါတယ်။
 
မတ်ပဲစျေးဟာ ဖေဖော်ဝါရီလဆန်းပိုင်းက ရန်ကုန်စျေးကွက်မှာ မတ်ပဲ FAQ တစ်တန်ကို ၃၅ သိန်းအထိမြင့်တက်ခဲ့ပြီး အခု မတ်လထဲမှာ မတ်ပဲ FAQ တစ်တန်ကို ၂၈၈၇၀၀၀ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။
 
အခု ဧပြီလ ၉ ရက်မှာ‌ေတာ့ဘရန်ကုန်စျေးကွက်မှာ မတ်ပဲFAQ တစ်တန်ကို ၃၁၄၁၀၀၀ ကျပ် ပြန်ဖြစ်လာပြီး မတ်လစျေးကွက်နဲ့ယှဥ်ပါက တစ်တန်ကို ၂၆၀၀၀၀ ကျော် ပြန်ပြီးမြင့်တက်လာတာဖြစ်ပါတယ်။
 
အလားတူ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းဘက်က ပွဲရုံတွေမှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၂၅၀၀ ကျပ်အထိ ကျဆင်းခဲ့ရာကနေ လက်ရှိမှာ တစ်တင်းကို ၁ သိန်းအထက်ထိပြန်လည်မြင့်တက်လာပါတယ်။
 
မတ်ပဲစျေးကွက်ဟာ သင်္ကြန်ကာလကျော်ပါကလည်း ယခုအတက် စျေးတန်းမှာပဲဆက်ရှိနေနိုင်တာကြောင့် မတ်ပဲသိုလှောင်ထားတဲ့တောင်သူတွေအနေနဲ့ အရောင်းအဝယ်လောမကြီးကြဖို့ ကုန်သည်အချို့က အကြံပြုထားပါတယ်။
 
မြန်မာ့မတ်ပဲက အိန္ဒိယနိုင်ငံကိုသာအဓိကတင်ပို့ရတဲ့ပို့ကုန်ပဲတစ်မျိုးဖြစ်တာကြောင့် မတ်ပဲစျေးကွက်ဟာ အိန္ဒိယရဲ့မတ်ပဲဝယ်လို အား အပေါ်မူတည်ပြီး စျေးအတက်အကျရှိသလို ပို့ကုန်ရငွေမူဝါဒအပြောင်း အလဲ ၊ပို့ကုန်တင်ပို့မှုမူဝါဒ အပေါ်လိုက်ပြီးလည်းစျေးအတက်အကျရှိ နေတာဖြစ်တယ်လို့သိရပါတယ်။
 
ချစ်ခွန်းချို (AMIA)
News

ဆက်စပ်သတင်းများ