ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-03-25
Share to
တစ်ပါတ်တာ ပဲဈေးကွက်သတင်း

(သီးနှံဈေးနှုန်းများသည် ယနေ့ ပေါက်ဈေး ဖြစ်ပြီး ဈေးကွက်သုံးသပ်ချက်သည် ပြီးခဲ့သည့် သောကြာနေ့ နှင့် နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်ပါသည်။)


၂၂.၃.၂၀၂၄

မတ်ပဲ ရော ပဲစင်းငုံနီ အပါအဝင် ပဲမျိုးစုံကတော့ ဒီတစ်ပတ်မှာ စံချိန်တင် ဈေးကျဆင်းနေပါတယ်။ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ကုလားပဲ တစ်တင်းကို အနိမ့်ဆုံး ၃၀၀၀ ကနေ အမြင့်ဆုံး ၇၀၀၀ ထိဈေးကျဆင်းသွားပါတယ်။ ပဲကြီး ဈေး ထောပတ်ပဲ ဈေးတွေကလည်း သုံးတင်းဝင် တစ်အိတ်ကို အမြင့်ဆုံး ၂၀၀၀၀ လောက်ထိ ဈေးကျဆင်းသွားပါတယ်။ နှမ်းမျိုးစုံကတော့ တစ်ပတ်အတွင်း အရောင်းအဝယ်လည်း အေးလို့ ဈေးက ငြိမ်နေပါတယ်။ ပြောင်းဈေးကတော့ ထိုင်းဘက်က လမ်းခရီးအခြေအနေကြောင့် ပြည်တွင်း ဝယ်လိုအားနည်းပြီး ဈေးတွေ ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။ ကုန်ခြောက်သီးနှံတွေ ဖြစ်တဲ့ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ် အာလူး ဈေးတွေကလည်း ဈေးကွက်ထဲ ကျဆင်းနေပေမယ့် သကြားဈေး နဲ့ ဂျင်းဈေးတွေကတော့ ပြည်ပ ဝယ်လိုအားမြင့်လာတဲ့အတွက် ဈေးမြင့်တက်နေပါတယ်။


မန္တလေးဈေးကွက်

ကုလားပဲ (V2) ၅၇.၂၅ ပိဿာ ၂၄၀၀၀၀

ကုလားပဲ(ထိုင်ဝမ်) ၅၇.၂၅ ပိဿာ ၂၂၇၀၀၀ မှ ၂၂၈၀၀၀

ကုလားပဲ (၉၂၉) ၅၇.၂၅ ပိဿာ ၂၃၇၀၀၀

ကုလားပဲ(v7) ၅၇.၂၅ ပိဿာ ၂၄၃၀၀၀

မတ်ပဲ ၆၀ ပိဿာ ၂၇၀၀၀၀ မှ ၂၇၅၀၀၀

ပဲစင်းငုံနီ ၆၀ ပိဿာ ၃၅၀၀၀၀ မှ ၃၅၂၀၀၀

မြေ‌ေထာက်ပဲ (သစ်) ၅၄ ပိဿာ ၂၈၀၀၀၀ မှ ၃၁၀၀၀၀

နိုင်လွန်ပဲ ၅၉.၂၅ ပိဿာ ၂၇၀၀၀၀ မှ ၂၈၀၀၀၀

ပဲကြီး(က/လ/သ) ၅၅.၂၅ ပိဿာ ၂၀၀၀၀၀ မှ ၂၅၀၀၀၀

ပဲလွန်းပြာ ၅၄.၂၅ ပိဿာ ၁၇၀၀၀၀ မှ ၁၇၅၀၀၀

ပဲပုတ်(ဗမာ) ၅၃.၂၅ ပိဿာ ၁၆၀၀၀၀

ထောပတ်ပဲ (က/လ/သ) ၅၆.၂၅ ပိဿာ ၂၅၀၀၀၀ မှ ၃၆၀၀၀၀

စီပီပြောင်း ၅၄ ပိဿာ ၅၀၀၀၀ မှ ၅၀၅၀၀

စားတော်ပဲ ၅၉.၂၅ ပိဿာ ၂၄၂၀၀၀ မှ ၂၆၀၀၀၀

ပဲဇီးကွက်(ဗမာ) ၅၈.၂၅ ပိဿာ ၁၄၃၀၀၀ မှ ၁၄၅၀၀၀

ပဲကြား ၅၆.၂၅ ပိဿာ ၁၄၀၀၀၀ မှ ၁၄၃၀၀၀

မြေပဲအနီလုံးဆံ တစ်ပိဿာ ၇၀၀၀ မှ ၈၂၀၀

နှမ်းနက်(စမုံ) ၄၅ပိဿာ ၃၅၅၀၀၀ မှ ၄၀၅၀၀၀

နှမ်းဖြူ(ရိုးရိုး) ၄၅ ပိဿာ ၃၅၅၀၀၀ မှ ၃၉၀၀၀၀

နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ ၃၉၅၀၀၀ မှ ၄၀၅၀၀၀

နှမ်းညို ၄၅ ပိဿာ ၂၈၀၀၀၀ မှ ၂၉၀၀၀၀

နမ်းနီ ၄၅ ပိဿာ ၃၂၅၀၀၀ မှ ၃၃၀၀၀၀

ပန်းနှမ်း ၄၅ပိဿာ ၁၈၀၀၀၀ မှ ၁၈၃၀၀၀


အောင်လံကုန်စည်ဒိုင်

နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃၅၀၀၀၀ မှ ၃၈၀၀၀၀
နှမ်းဖြူ ၄၅ ပိဿာ ၃၅၀၀၀၀

နှမ်းနီ ၄၅ပိဿာ ၃၄၀၀၀၀

နှမ်းပြာ ၄၅ပိဿာ ၃၄၀၀၀၀

မတ်ပဲ တစ်တင်း ၉၀၀၀၀

ကုလားပဲ တစ်တင်း ၈၃၀၀၀

ကုလားပဲ(မြကြေး) တစ်တင်း ၈၇၀၀၀

ဘိုကိတ်ပြာ တစ်တင်း ၆၄၀၀၀

ပဲကြီး(က/လ/သ) တစ်တင်း ၈၈၀၀၀ မှ ၉၂၀၀၀

မြေပဲလုံးဆံနိ တစ်ပိဿာ ၇၂၀၀ မှ ၈၂၀၀

မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၅၀၀

ဝါ တစ်ပိဿာ ၃၀၀၀ မှ ၃၂၀၀



ပခုက္ကူကုန်စည်ဒိုင်

ပဲစင်းငုံနီ တစ်တင်း ၁၁၇၂၀၀

ပဲယင်းနီ (ယော) တစ်တင်း ၅၉၀၀၀

ကုလားပဲ(၉၂၉) တစ်တင်း ၇၉၀၀၀

ကုလားပဲ(ဟော်လန်) တစ်တင်း ၇၈၅၀၀

ကုလားပဲ(V2) တစ်တင်း ၇၈၈၀၀

ကုလားပဲ(V6) တစ်တင်း ၇၉၀၀၀

ပဲထောပတ်ပဲ (ကျွန်း) တစ်တင်း ၈၇၂၀၀

မကျည်းတောင့် တစ်ပိဿာ ၂၅၅၀

ပြောင်း(စီပီ) တစ်တင်း ၁၅၈၀၀

ကြက်သွန်နိ တစ်ပိဿာ ၈၀၀ မှ ၁၉၀၀



မုံရွာကုန်စည်ဒိုင်

မြေပဲလုံးဆံနီ တစ်ပိဿာ ၇၀၀၀

စီပီပြောင်း တစ်တင်း ၁၄၅၀၀

ကုလားပဲ(ထိုင်ဝမ်) တစ်တင်း ၇၇၅၀၀

ကုလားပဲ(၉၂၉) တစ်တင်း ၇၇၀၀၀

ကုလားပဲv2 တစ်တင်း ၇၉၀၀၀

ပဲစင်းငုံနီ တစ်တင်း ၁၁၅၃၀၀

ပဲကြီး တစ်တင်း ၇၄၀၀၀ မှ ၇၉၀၀၀

ပဲနီလုံး(ရိုးရိုး) တစ်တင်း ၄၃၀၀၀

မြေထောက်ဖြူ တစ်တင်း ၁၀၀၀၀၀

ထောပတ်ပဲ တစ်တင်း ၈၃၀၀၀



ပြည်ကုန်စည်ဒိုင်

ကုလားပဲသစ်(ဟော်လန်) တစ်တင်း ၈၄၀၀၀

ကုလားပဲသစ်(မြကြေးမုံ) တစ်တင်း ၈၇၀၀၀ မှ ၈၈၀၀၀

ပဲကြီး(ကုန်းပဲ) တစ်တင်း ၈၇၀၀၀

ပဲကြီး(ရွှေကျွန်း) တစ်တင်း ၉၂၀၀၀

ဘိုကိတ်ပဲ တစ်တင်း ၆၅၀၀၀ မှ ၆၆၀၀၀

မတ်ပဲ တစ်တင်း ၉၂၅၀၀ မှ ၉၂၈၀၀

ပဲစင်းငုံနီ တစ်တင်း ၁၁၇၅၀၀

ပဲဆီ တစ်ပိဿာ ၁၂၀၀၀ မှ ၁၃၀၀၀

နှမ်းဆီ တစ်ပိဿာ ၁၂၀၀၀ မှ ၁၃၀၀၀

((AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024