ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-03-14
Share to
ပြည်ပဝယ်လိုအားလျော့ကျလို့ ငရုတ်သီးစျေးကွက်ကျဆင်းနေ

မတ် ၁၃

ပြည်ပဝယ်လိုအားကျဆင်းနေတာကြောင့် ပြည်တွင်းငရုတ်သီးစျေးကွက် ကျဆင်းနေတနေလို့ ငရုတ်သီးရောင်းဝယ်ရေးလုပ်ကိုင်သူတွေက ဆီကသိရပါတယ်။

လတ်တလောမှာ တရုတ်က ဧရာဝတီ တိုင်းအပါအဝင် ​ဒေသအများစုက ငရုတ်သီးတွေကိုဝယ်ယူမှုရပ်ထားတဲ့အပြင် ထိုင်းဘက်ကလည်း ငရုတ်သီးဝယ်ယူမှု လျော့ကျနေတာကြောင့် ပြည်တွင်းငရုတ်သီးစျေးက ယခုမတ်လထဲမှာစျေးကွက်ပိုပြီးကျဆင်းလာတာဖြစ်တယ်လို့ဆိုပါတယ်။

" အရင်ကဆို တရုတ်က သကြင်္န် ကျော်မှ မဝယ်တာ၊အခုကျတော့ ခုကတည်းကမဝယ်တော့ဘူး။သူတို့က ကချင်ထဲက  မြစ်ကြီးနား ဗန်းမော်နဲ့မြို့တွေမှာ ကိုယ်တိုင်ငရုတ်တွေစိုက်ထားပြီးအဲ့ကနေပဲယူနေတယ်ကြားတယ်၊ဒီဘက်ဆင်းမဝယ်တော့ဘူး။ ထိုင်းကလည်း အဝယ်လျော့တယ်။လမ်းပန်းဆက်သွယ်ရေးကလည်းမကောင်းတော​့စျေးကကျနေတာ " လို့ ဧရာဝတီတိုင်း ငရုတ်သီး ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ငရုတ်သီးအမှည့်ကို  ထိုင်းကိုသာ အနည်းငယ်တင်ပို့မှုရှိပြီး တင်ပို့ရာမှာလည်း ၆ ဘီးကား  အအေးခန်းကားနဲ့တင်ပို့ရတာဖြစ်ပြီး ကားငှားရမ်းခ နှုန်းတွေက ၂ ဆနီးပါးလောက်တက်လာကာ  သိန်း ၄၀ ကျော်အထိရှိနေပါတယ်။ ထို့ပြင် လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတာကြောင့် ထိုင်းကိုငရုတ်တင်ပို့မှုကလည်းလျော့ကျနေတာဖြစ်ပါတယ်။

ပြည်တွင်းမှာ ငရုတ်သီးကို ဧရာဝတီ တိုင်း၊မကွေး၊ရှမ်း ၊ပဲခူးတိုင်း၊မန္တလေး ၊ရှမ်းပြည်နယ်မှာအဓိကစိုက်ပျိုးပြီး ပြည်တွင်း ငရုတ်သီးထွက်နူန်းကို ပြည်တွင်းစားသုံးမှုတခုတည်းနဲ့ ဖြုန်းအားမရှိတာကြောင့် ပြည်ပစျေးကွက်ကိုမှီခိုနေရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်ပစျေးကွက်အပေါ်မှီခိုမရတာကြောင့် ငရုတ်စျေးတွေကျနေပြီး ငရုတ်စိုက်တောင်သူတွေလည်း အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

 ဧရာဝတီတိုင်းအပါအဝင် ဒေသအချို့မှာ ငရုတ်သီး အမှည့် တစ်ပိဿာကို ခြံခူးစျေးက ၁၇၀၀ ဝန်းကျင်မှ ၂၀၀၀ ကျပ်အထိသာရှိပြီး မြဝတီကို  အအေးခန်းကားနဲ့ တင်ပို့ရောင်းချမှုမှာမှ တစ်ပိဿာကို ၂၅၀၀ နှုန်းလောက်သာရရှိနေတယ်လို့သိရပါတယ်။


ငရုတ်သီးအမှည့်စျေးကျသလို ငရုတ်သီးအမှည့်အခြောက်စျေးကလည်းကျလာနေပြီးရန်ကုန်ဘုရင့်နောင် စျေးကွက်မှာ ပန်းရဲသစ် နဲ့ မြှားနီကတစ်ပိဿာကို ၆၅၀၀ မှ ၇၀၀၀ ကျပ် ၊ မြစ်ဝ(ပု)သစ် ၁၀၀၀၀ ၊ ဆင်ဖြူ ကျွန်း ( ပု) က ၁၁၅၀၀ မှ ၁၂၅၀၀ ကျပ်ရှိနေပါတယ်။

 

 

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024