ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-02-28
Share to
ဖရဲသီး တင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုများရှိ

တရုတ်နိင်ငံသို့ ဖရဲသီး တင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုများရှိ နေကြောင်း ဖရဲသီးကုန်သည်များ ထံမှ သိရသည်။

လမ်းခရီးကြာမြင့်မှုကြောင့် ပုပ်သိုးပျက်စီးမှုများ အများအပြားရှိနေကာ ဖရဲ ကုန်သည် တချို့ အရှုံးပေါ်နေကြောင်း လည်း သိရသည်။


“တရုတ်ဘက်မှာ နှင်းမုန်တိုင်း ရှိတယ်။နောက်ပြီး တင်ပို့တဲ့ လမ်းပိုင်းတွေ ပိတ် တာတွေ အစရှိတဲ့ ခက်အခဲတွေရှိတော့ လမ်းခရီးမှာတင် ရက်ကြာ ကုန်တယ် ။အဲ့ဒီချိန်မှာအမှည့်လွန်တာတွေ ၊ ပုတ်ကုန်တာတွေ ကြောင့် ဝယ်လိုအားကျဆင်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ “ ဟု မူဆယ် ခွါညို သစ်သီးပွဲရုံမှပြောသည်။

လက်ရှိ ရန်ကုန်တွင် ဖရဲ သီး တစ်လုံလျှင် ၁၂၀၀၀မှ ၁၃၀၀၀ ကျော်ထိ ရောင်းချလျက်ရှိကြောင်း စျေးကွက်မှ သိရသည်။

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဖရဲသီး တစ်တန်လျှင် (၁၅၀) ဒေါ်လာ ထိ ရရှိခဲ့ကြောင်း စီးပွါးရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရပြီး အရည်အသွေးပေါ် နှင့် အချိန်နှင့်အမျှ စျေးနှုန်း ပြောင်းလဲ နိုင်ကြောင်းသိရသည်။

တရုတ်နှစ်သစ် ကာလ တွင် တရုတ် ဘက် ဖရဲတင်ကား မလုံလောက်သည့် ပြဿနာများ နှင့် ပြည်တွင်း ဘက် ဖရဲတင်ကား စျေးတက်သည့် ပြဿနာ များ ရှိခဲ့ပြီး ကားခ နှစ်ဆခန့် မြင့် တက်လျက်ရှိကြောင်း သိရသည်။

“ အဓိက ကတော့အရည်အသွေးကြောင့်ပါ အသီးတွေက ကြာလာတော့ အပုပ်တွေဖြစ်ကုန်လို့ပါ။ အရည်အသွေးလတ်ဆတ်တဲ့အသီးတွေပဲဝင်မယ်ဆိုရင်စျေးကွက်ပြန်တက်နိုင်ပါတယ်။အခုက စျေးကွက် က ပုံမှန်မရှိဘူး “ ဟု ဖရဲသီး တင်ပို့သူတစ်ဦး ကပြောသည်။

လက်ရှိ အချိန်တွင် ဖရဲစိုက် တောင်သူများ အနေဖြင့် သေချာစဉ်းစားချင့်ချိန်ပြီးမှဖရဲ တင် ပို့ ကြရန် တိုက်တွန်းထား ခြင်း များ လည်းရှိကြောင်း သိရသည်။

ရှမ်းမြောက်တိုက်ပွဲများကြောင့် မူဆယ်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးဇုန်တို့ ရပ်ဆိုင်းသွားသဖြင့် သစ်သီးဝလံနှင့် ရေထွက်ကုန်တင်ပို့သူတို့ အခက်အခဲဖြစ်နေရာ အချို့သော ကုန်သည်များက ဖရဲသီးများကို လွယ်ဂျယ်နှင့် မိုင်းလား ကုန်သွယ်ရေးဇုန်တို့မှ တဆင့်တရုတ်ဈေးကွက်သို့ တင်ပို့ကြကြောင်းသိရသည်။

လက်ရှိတွင် ဖရဲသီးကို မိုင်းလားနှင့် လွယ်ဂျယ်လမ်းကြောင်းတို့မှတင်ပို့နေခြင်းဖြစ်ပြီး ဖရဲသီးတင်ပို့ရာတွင် လမ်းကြောင်းအခက် အခဲများကြောင့် အများဆုံး၁၅ရက် ခန့် အထိ တင်ပို့မှုမှာ ကြာမြင့်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ ၂၅ မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

ဖိုးချဲ(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024