ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-02-22
Share to
ကြက်သွန်ဖြူစျေး ကောင်း ရနေ


ကြက်သွန်ဖြူ အသစ်များ ဝင်ရောက်နေသော်လည်း ကြက်သွန်ဖြူစျေးများ ပြန်လည် မြင့်တက်လာ ကြောင်း ကုန်သည်များ နှင့် စားသုံးသူများ ထံမှ သိရသည်။

ယခုနှစ် ကြက်သွန်ဖြူပေါ်ချိန် တရုတ်နိုင်ငံမှ တရားမဝင် တင်သွင်းနေသည့် ကြက်သွန်ဖြူ များ အဝင် နည်း လာသည့် အတွက် စျေးကောင်း ရနေခြင်း ဖြစ်ကြောင်း သုံးသပ်ကြသည်။

“ လက်ရှိ ကြက်သွန်ဖြူကတော့ ဈေးတော်တော်လေးကောင်းတယ်လို့ ပြောလို့ရတယ်။ အခုနှစ်ကတော့ နယ်စပ်မှာ တိုက်ပွဲတွေ ဘာတွေဖြစ်တော့ တရားမဝင် ကြက်သွန်တွေ သိပ်မဝင်ဘူး။ ဒါကြောင့် ဈေးကောင်းရနေတာ။ စျေးတွေ က တော့ အမြဲတမ်းပြောင်းနေတော့ စျေးကို ပုံမှန် တင်ရောင်းလို့ မရဘူးဖြစ်တယ် ။”ဟု ရှမ်းပြည်နယ် အောင်ပန်းမှ ကြက်သွန်ပွဲရုံ တခု မှ လုပ်ငန်းရှင် တစ်ဦး ကပြောသည်။

ဖေဖော်ဝါရီ ၁၄ရက်နေ့ က ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ ကြူကုတ်ရှယ် တစ်ပိဿလျှင် ၉၀၀၀ မှ ၉၂၀၀ အထိ သာရှိ ခဲ့ပြီး လက်ရှိတွင် ၉၂၀၀ မှ ၉၄၀၀ အထိ ပြန်မြင့် တက်လာကြောင်းသိရသည်။

ထို့အပြင် အောင်ပန်း ထူး -၂ တစ်ပိဿာလျှင် ၁၅၈၀၀ မှ ၁၆၅၀၀သို့ လည်ကောင်း၊ အောင်ပန်း ထူး-၃တစ်ပိဿလျှင် ၁၆၂၀၀ မှ ၁၇၀၀၀သို့လည်ကောင်း ၊အောင်ပန်း ထူး- ၅ တပိဿ လျှင် ၁၇၀၀၀ မှ ၁၇၈၀၀ အထိလည်ကောင်း အသီးသီး ပြန်လည်မြင့်တက်လာကြောင်း သိရသည်။

လမ်းပန်ဆက်သွယ်ရေး အခက်အခဲများ ကြောင့် အဝင်နည်း လာ၍ ရှမ်းကြက်သွန်ဖြူ များ မြင့်တက်နေခြင်း ဖြစ်ကြောင်းလည်း ရန်ကုန်မြို့ပွဲရုံ တချို့ ကပြောပါသည်။

ပြီးခဲ့ သည့် နှစ် ဖေဖော်ဝါရီ လ ကြက်သွန်ဖြူတစ်ပိဿလျှင် အများဆုံ စျေး၅၀၀၀ ဝန်းကျင်သာ ရှိ ခဲ့ကြောင့် ၃ဆ အထိ ခုန်တက်သွားခြင်း ဖြစ်သည်။

“ လွန်ခဲ့တဲ့ ၅ ရက်လောက်က ကြက်သွန်ဖြူ ပြန်ကျသွားတယ်၊တစ်ပိဿကို ၁၂၀၀၀ ပဲ ဝယ်ရတယ် ။ အခု တစ်ပိဿ ကို ၁၅၀၀၀ ပြန်ဖြစ်နေပြီး စျေးတွေ က တစ်နေ့ နဲ့ တစ်နေ မတူဘူး အမြဲ ပြောင်းနေတယ် ။ “ ဟု ရန်ကုန်၊ ဒဂုံမြို့သစ်မှ စားသုံသူ တစ်ဦး ကပြောသည်။

ပြည်တွင်းစိုက်တောင်သူ အနေဖြင့်လည်းဈေးကောင်း ရရှိနေကြောင်း အောင်ပန်းကုန်စည်ဈေးကွက်မှ သိရသည်။

လက်ရှိ ရှမ်းပြည်နယ် ဘက်တွင် အထူး ၂ တစ်ပိဿလျှင် ၁၂၀၀၀ ကျပ် ဖြင့် ရောင်းချနေပြီး အထူး ၅ တစ်ပိဿလျှင် ၁၅၀၀၀ကျပ်ဖြင့်ရောင်းချနေကြောင်းသိရပြီး ဒေသတခုနှင့် တစ်ခု စျေးကွာနိုင်ကာအချိန်မရွေးပြောင်းလဲ နေကြောင်းသိရသည်။

ကြက်သွန်ဖြူကို အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ စတင်စိုက်ပျိုးကြ ပြီး ဖေဖော်ဝါရီလ နှင့် မတ်လများ ကြက်သွန် အသစ်များ ပေါ် ကြောင်း သိရသည်။

ဖိုးချဲ(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024