ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-02-20
Share to
ယခုတစ်ပါတ် ပဲဈေးကွက် သတင်းများ

ဖေဖော်ဝါရီလ ၁၂ ရက်မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စျေးနှုန်းတွေအပေါ် စျေးကွက်သုံးသပ်ချက် ဖြစ်ပါတယ်

ဒီတစ်ပတ်မှာတော့ မတ်ပဲ ရော ပဲစဥ်းငုံနီပါ စျေးတွေ ထပ်ကျလာသလို ပဲပုတ်စျေးလည်းကျပါတယ်။ငရုတ်စျေးကွက်ကတော့ အတက်ပြပါတယ်။


မတ်ပဲစျေးကွက်

မတ်ပဲကတော့ ပို့ကုန်ရငွေ အပြောင်းအလဲကြောင့် စျေးကွက်တည်ငြိမ်မှုမရှိဘဲ အကျဘက်ကို ရောက်လာ ခဲ့ပါတယ်။

လတ်တလော ပို့ကုန်ရငွေ ဂယက်ကြောင့် မတ်ပဲစျေးကျနေပေမယ့် အိန္ဒိယနိုင်ငံက မတ်ပဲလိုအပ်ချက်ရှိနေတဲ့အတွက် မတ်ပဲစျေးကွက်က အများကြီးကျဆင်းနိုင်တဲ့အခြေအနေတော့မရှိဘူးလို့ ပဲကုန်သည်ကြီး အချို့က ဆိုပါတယ်။

အိန္ဒိယက သူတို့နိုင်ငံရဲ့ လိုအပ်ချက်ကိုပြည့်မှီဖို့ စျေးကောင်းပေးပြီး ဝယ်ယူမှုရှိလာနိုင်တာကြောင့် စျေးက အတက်မှာပဲရှိနိုင်တယ်လို့ကုန်သည်တွေကသုံးသပ်ပါတယ်။

ဖေဖော်ဝါရီ တတိယအပတ် ရန်ကုန် ဘုရင့်နောင်မှာ မတ်ပဲ FAQ တစ်တန်ကို ၃၁၈၈၀၀၀ ကျပ်ရှိပြီး ဖေဖော်ဝါရီလ ဒုတိယအပတ် က ဈေးနဲ့ ယှဉ်ရင် တစ်တန်ကို ၁၅၀၀၀၀ လောက် ဈေးပြန်ကျ ခဲ့ပါတယ်။

မန္တလေးစျေးကွက်မှာလည်း ဒီတစ်ပတ် မှာ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကိ​ု ၂၈၅၀၀၀ ကျပ်စျေးပေါက်ပြီး ပြီးခဲ့တဲ့အပတ်က ထက် ၂၅၀၀၀ ကျပ်ဈေးထပ်ကျလာတာတွေ့ရပါတယ်။

နယ်ကုန်စည်ဒိုင်တွေမှာလည်း မတ်ပဲတစ်တင်းကို ၁၀၆၀၀၀ ကျပ်အထိရှိခဲ့ပေမယ့် ၁၀၀၈၀၀ အထိရောက်သည် အထိ ဈေးက ပြန်ကျသွား ပါတယ်။


ပဲစဉ်းငုံနီစျေးကွက်

ပဲစဉ်းငုံနီကလည်း ပို့ကုန်ရငွေဂယက်ကြောင့်ပဲ စျေးကွက်ကျဆင်းသွားတာကိုတွေ့ရပါတယ်။
ဒါပေမယ့် ပဲစဉ်းငုံနီကိုလည်း အိန္ဒိယဘက်ကလိုအပ်ချက်ရှိပြီး ဝယ်လိုအားကောင်းတာကြောင့် စျေးနှုန်း က အများကြီးကျဆင်းနိုင်ဖွယ်မရှိဘဲ လတ်တလောမှာ စျေးကစားနေလို့ တည်ငြိမ်မှုမရှိဖြစ်နေတာဖြစ်ပါတယ်။

မတ်ပဲရော ပဲစဉ်းငုံကိုပါ အိန္ဒိယက အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ကို လာမယ့်မတ်လအထိသက်တမ်းတိုးထားသလို ပဲတန်ချိန်အများအပြားဝယ်ယူဖို့ရှိတာကြောင့် စျေးက အတက်ဘက်မှာပဲ ရှိတယ်လို့ကုန်သည်တွေကသုံးသပ်ပါတယ်။

ဖေဖော်ဝါရီ တတိယအပတ် ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၃၉၆၅၀၀၀ ကျပ်ရှိလို့ ဖေဖော်ဝါရီလ ဒုတိယအပတ် က ဈေးနဲ့ယှဉ် ရင် ၆၂၀၀၀ ကျပ် ဈေးကျလာတာဖြစ်ပါတယ်။

အလားတူ မန္တလေး စျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကို ၃၇၇၀၀၀ မှ ၃၇၈၀၀၀ ကျပ် စျေးပေါက်ပြီး တစ်အိတ်ကို ၇၀၀၀ ကျပ်လောက် ကျလာတာဖြစ်ပါတယ်။


ပဲပုတ်စျေးကွက်

ပဲပုတ်ကလည်း ပြည်တွင်း ပဲမျိုးစုံ စျေးကွက်မှာ စျေးကျဆင်းလာတာတွေ့ရပါတယ်။

ပဲပုတ်က အဓိကပြည်တွင်းစားသုံးမှုအပေါ်မှီခိုရပြီး ပြည်ပကိုတင်ပိ​ု့မှုနည်းပါတယ်။ဒါကြောင့်လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ ပဲမျိုးစုံ စျေးကျဆင်းနေချိန် ပဲပုတ်လည်းစျေးကျဆင်းလာတာဖြစ်ပါတယ်။

မန္တလေး စျေးကွက်မှာ ပဲပုတ် (ဗမာ) က ၅၃.၂၅ ပိဿာတစ်အိတ်ကို ၁၆၀၀၀၀ မှ ၁၇၅၀၀၀ ကျပ်သာရှိသလို ပဲပုတ် (ရှမ်း)ကလည်း ၁၆၀၀၀၀ မှ ၁၇၂၀၀၀ ကျပ်သာရှိပြီး တစ်အိတ်ကို ၁၀၀၀၀ မှ ၂၅၀၀၀ ကျပ်အထိ စျေးကျဆင်းသွားပါတယ်။

ငရုတ် စျေးကွက်

ပြည်တွင်း ကုန်စိမ်းစျေးကွက်မှာ ငရုတ်ကတော့ ပြည်ပက အဝယ်လိုက်လာလို့ စျေးအတက်ဘက်ကိုပြန်ရောက်လာနေပါတယ်။

ရှမ်းပြည်နယ် အောင်ပန်းကုန်စိမ်းစျေးကွက်မှာ ဒါကြောင့် ငရုတ်သီးအစိမ်းကစျေးအတက်ပြလာပြီး ငရုတ်သီးခြောက်က အနည်းငယ်ကျရိပ်ပြလာပါတယ်။

ရှမ်းသွယ်ခြောက်နဲ့ ရှမ်းပွခြောက် တစ်ပိဿာကို ၈၅၀၀ မှ ၉၀၀၀ ကျပ်၊ ကုလားအော်သီးခြောက်တစ်ပိဿာကို ၄၀၀၀၀ ကျပ်၊ကုလားအော်သီးအစိမ်းတစ်ပိဿာကို ၇၀၀၀ ကျပ်၊ ကျောက်စိမ်းသီးအစို တစ်ပိဿာကို ၃၅၀၀ ကျပ် စျေးပေါက်နေပါတယ်။


(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024