ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-02-13
Share to
တစ်ပါတ်တာ ပဲဈေးကွက် အလှုပ်အခတ်

ဖေဖော်ဝါရီလ ၅ ရက်မှ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စျေးနူန်းတွေအပေါ် စျေးကွက်သုံးသပ်ချက် ဖြစ်ပါတယ်။

ဒီတစ်ပတ်မှာ မတ်ပဲက ဈေးပြန်ကျပြီး ပဲစင်းငုံ ကလည်း စျေးကွက်မငြိမ်ပေမယ့် အတက်ပြလာပါတယ်။ အလားတူ မြေထောက်ပဲလည်းတက်လာသလို ပဲတီစိမ်း လည်းစျေးတက်ပါတယ်။

မတ်ပဲစျေးကွက်

မတ်ပဲကတော့ ဒီတစ်ပတ်ထဲမှာ စျေးကွက်တည်ငြိမ်မှုမရှိဘဲ ဈေးအတက်အကျကြမ်းခဲ့ပါတယ်။
မတ်ပဲအသစ်တွေလည်း နယ်စုံကနေ ဈေးကွက်ထဲစတင်ပြီးဝင်ရောက်နေတဲ့အတွက် စျေးတန်းကပြန်အေးသွားပေမယ့် အိန္ဒိယက မြန်မာ့မတ်ပဲကိုလိုအပ်ချက်ရှိပြီး ဝယ်လိုအားကောင်းတာကြောင့် စျေးကွက်ကလှုပ်ခတ်မှုရှိနေတာဖြစ်ပါတယ်။

အိန္ဒိယက ဖေဖော်ဝါရီလထဲမှာ မတ်ပဲတန်ချိန်အများအပြား ဝယ်ယူဖို့ရှိတဲ့အပြင်မတ်ပဲကို အခွန်ကင်းလွတ်ခွင့်နဲ့ ပဲတင်ပို့ခွင့်ပါလာမယ့်နှစ် မတ်လအထိသက်တမ်းတိုး​မြှင့်ထား တာကြောင့် မတ်ပဲစျေးကတော့ သိန်း ၃၀ အောက်ကို ပြန်ကျနိုင်တဲ့အခြေအနေမရှိဘူးလို့သိရ ပါတယ်။

ဖေဖော်ဝါရီ ဒုတိယအပတ် ရန်ကုန် ဘုရင့်နောင်ဈေးကွက် မှာ မတ်ပဲ FAQ တစ်တန်ကို ၃၃၀၀၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ် နဲ့ယှဉ် တစ်တန်ကို ၁၀၄၀၀၀ လောက် ပြန်ကျ ခဲ့ပါတယ်။

မန္တလေးစျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကို ၃၁၀၀၀၀ ကျပ်စျေးပေါက်ပြီး ပြီးခဲ့တဲ့ အပတ်က ထပ် ၁၀၀၀၀ ကျပ်ဈေးကျလာတာတွေ့ရပါတယ်။

နယ်ကုန်စည်ဒိုင်တွေမှာလည်း မတ်ပဲတစ်တင်းကို ၁၁၂၅၀၀ ကျပ်အထိရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ၁၀၆၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၆၅၀၀ လောက် အထိ ပြန်ကျသွား ပါတယ်။

ပဲစဉ်းငုံနီစျေးကွက်

ပဲစဉ်းငုံနီကလည်း ဒီတစ်ပတ် စျေးကွက်အတ်အကျ မတည်ငြိမ်ပေမယ့် အရင်အပတ်ကထပ် တော့ စျေးကွက်မြင့်လာပြီး သိန်း ၄၀ ကျော်လာ တဲ့အခြေအနေတွေ့ရပါတယ်။

ပဲစဉ်းငုံနီကိုလည်း အိန္ဒိယဘက်ကလိုအပ်ချက်ရှိပြီး ဝယ်လိုအားကောင်းနေတာကြောင့် စျေးကွက်ထဲကို ပဲစဉ်းငုံနီအသစ်တွေဝင်ရောက်နေပေမယ့်လည်း စျေးတန်းက ထပ်မံ မြင့်တက်လာတာဖြစ် ပါတယ်။

နောက်ပြီး ပဲစဉ်းငုံကိုလည်း အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ကို လာမယ့်မတ်လအထိသက်တမ်းတိုးထားတဲ့အပြင် ပဲတန်ချိန်အများအပြားဝယ်ယူဖို့ရှိတာကြောင့် စျေးက အတက်ဘက်မှာပဲ ရှိတယ်လို့ကုန်သည်တွေကသုံးသပ်ပါတယ်။

ဖေဖော်ဝါရီ ဒုတိယအပတ်ရန်ကုန်စျေးကွက်မှာ ပဲစဉ်းငုံနီတစ်တန်ကို ၄၀၂၇၀၀၀ ကျပ်အထိရှိလာပြီး အရင်တပတ်နဲ့ယှဉ်ရင် ၈၇၀၀၀ ကျပ် ထပ်ပြီး မြင့်တက်လာတာဖြစ်ပါတယ်။

အလားတူ မန္တလေး စျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကို ၃၈၅၀၀၀ ကျပ် စျေးပေါက်လာပြီး အရင်အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်အိတ်ကို ၅၀၀၀ ကျပ်လောက် ထပ်တက်လာတာဖြစ်ပါတယ်။

ပဲတီစိမ်းစျေးကွက်

ပဲတီစိမ်းကတော့ ခုတပတ်ရန်ကုန်မှာ စျေးတွေ တက်လာတာပြီး မန္တလေးစျေးကွက်မှာစျေးငြိမ်နေတာ တွေ့ရပါတယ်။

ပဲတီစိမ်း အသစ်တွေ ကုန်စည်ဒိုင်တွေကို နယ်အစုံကနေ ဝင်ရောက်နေမှုနဲ့အတူ တရုတ်ကလည်း ဝယ်လိုအား ကောင်း နေတာကြောင့် စျေးကတက်လာတာဖြစ်ပါတယ်။

တရုတ်က ပဲတီစိမ်းအဟောင်းထက် ဆောင်းသီးနှံပဲအသစ်ကိုပိုပြီး ကြိုက်တဲ့အတွက် တရုတ်ဝယ်လက်တွေက ဝယ်ယူမှုများနေတာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ဒုတိယအပတ် ရန်ကုန်ဘုရင့်နောင် မှာပဲတီစိမ်း ခရမ်းရွေဝါ တစ်ပိဿာကို ၄၅၀၀ ကျပ် ၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၄၆၅ ကျပ် ၊ပဲတီစိမ်း ဝါးခယ်မက တစ်ပိဿာကို ၃၅၀၀ မှ ၃၈၃၅ ကျပ် ရှိပြီး ပဲအမျိုးအစားအလိုက် တစ်ပိဿာကို ၈၅ ကျပ်မှ ၂၁၅ ကျပ် မြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို အမြင့်ဆုံး ၂၀၀၀၀၀ ကျပ်စျေးရှိပြီး အရင်တစ်ပတ်ကအတိုင်း စျေးငြိမ်နေ ပါတယ်။

မြေထောက်ပဲစျေးကွက်

မြေထောက်ပဲကတော့ စျေးကွက်အတက်ကျ မတည်ငြိမ်ပေမယ့် အရင်တပတ်နဲ့ယှဉ်ရင်တော့ စျေးတက်လာတာတွေ့ရပါတယ်။

မြေထောက်ပဲကို တရုတ်နဲ့ အိန္ဒိယက အဝယ်ရှိနေတာကြောင့်စျေးကအမြင့်စျေးမှာရှိနေပြီး လတ်တလောမှာ ပဲအသစ်တွေလည်း စတင်ပေါ်နေပြီဖြစ်တယ်လို့သိရပါတယ်။

ဒီတစ်ပတ် မန္တလေးစျေးကွက်မှာ မြေထောက်ပဲ သုံးတင်းဝင်တစ်အိတ်ကို ၄၀၅၀၀၀ အထိမြင့်တက်ခဲ့ရာကနေ ၃၉၅၀၀၀ ကျပ်ကိုပြန်ကျခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တော့ ၁၀၀၀၀ လောက် မြင့်တက်လာတာဖြစ်ပါတယ်။

(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024