ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-02-11
Share to
တစ်ပါတ်တာ ပဲဈေးကွက်သတင်း

မတ်ပဲ က ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်ဈေးတွေ ကျဆင်းသွားပေမယ့် ပဲစင်းငုံနီကတော့ ဈေးမြင့်တက် လာပါတယ်။ မတ်ပဲ နဲ့ ပဲစင်းငုံနီကတော့ အိန္ဒိယအဝယ်ရှိနေတာ ဖြစ်လို့ ယာယီဈေးကျဆင်း နေတာ ဖြစ်ပြီး ဆက်ပြီး တက်နိုင်ဦးမယ်လို့ကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။ ကုလားပဲဈေးတွေ လည်း ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ဈေးတွေ မြင့်တက်လာပါတယ်။ ပဲတီစိမ်းလည်း အနည်းငယ်ဈေးမြင့်တက် လာပါတယ်။ နှမ်းဈေးတွေ အနည်းငယ်ကျဆင်းပါတယ်။ မြေပဲလုံးဈေးတွေလည်း မြင့်တက်လာသလို ပြောင်းဈေးတွေ လည်း မြင့်တက်လာပါတယ်။







ရန်ကုန်ဘုရင့်နောင်



မတ်ပဲ (FAQ/RC) တစ်တန် ၃၃၀၀၀၀၀

မတ်ပဲ(FQ/RC) တစ်တန် ၃၅၂၅၀၀၀

ပဲစင်းငုံနီ တစ်တန် ၄၀၂၇၀၀၀

ကုလားပဲဖြူလုံး တစ်ပိဿာ ၄၈၃၀ မှ ၄၉၂၀

ကုလားပဲဖြူကြီး တစ်ပိဿာ ၄၉၁၅ မှ ၅၀၀၀

ကုလားပဲခြမ်း တစ်ပိဿာ ၆၄၀၀ မှ ၆၇၀၀

ပဲယင်းနီ တစ်ပိဿာ ၃၈၆၅

ပဲတီစိမ်း(ပခုက္ကူသစ်) တစ်ပိဿာ ၂၈၃၀ မှ ၃၃၃၅

ပြောင်းဆံ တစ်ပိဿာ ၁၁၄၀ မှ ၁၁၆၀

ပဲလွန်းဖြူ တစ်ပိဿာ ၃၇၁၅ မှ ၄၀၈၅



ပြည်ကုန်စည်ဒိုင်



မတ်ပဲ တစ်တင်း ၁၀၅၅၀၀

ကုလားပဲ(ဟော်လန်) တစ်တင်း ၁၀၀၀၀၀ မှ ၁၀၁၀၀၀

ကုလားပဲ(မြကြေးမုံ) တစ်တင်း ၁၀၀၀၀၀

ပဲကြီး(ရွှေကျွန်း) တစ်တင်း ၁၂၅၀၀၀

ပဲကြီး(ကုန်းပဲ) တစ်တင်း ၁၂၀၀၀၀

ဘိုကိတ်ပဲ တစ်တင်း ၈၀၀၀၀





အောင်လံ ကုန်စည်ဒိုင်



မတ်ပဲ တစ်တင်း ၁၀၄၀၀၀

ပဲစင်းငုံနီ တစ်တင်း ၁၂၈၀၀၀

ပဲတီစိမ်း တစ်တင်း ၇၈၀၀၀

ကုလားပဲ တစ်တင်း ၉၉၀၀၀

ကုလားပဲ(မြကြေး) တစ်တင်း ၉၈၀၀၀

ဘိုကိတ်ပြာ တစ်တင်း ၈၀၀၀၀

ပဲကြီး တစ်တင်း ၁၂၀၀၀၀

မြေပဲလုံးဆံနီ တစ်ပိဿာ ၈၀၀၀

မြေပဲလုံးဆံဖြူ တစ်ပိဿာ ၆၉၀၀

နှမ်းနက်(စမုံ) တစ်အိတ် ၃၅၀၀၀၀ မှ ၃၈၀၀၀၀

နှမ်းပြာ တစ်အိတ် ၃၄၀၀၀၀

နှမ်းဖြူ တစ်အိတ် ၃၅၀၀၀၀

နှမ်းနီ တစ်အိတ် ၃၄၀၀၀၀

ဝါ တစ်ပိဿာ ၃၃၀၀ မှ ၃၅၀၀





မော်လမြိုင်ကုန်စည်ဒိုင်



ရော်ဘာ Local 3 မှိုင်းခံပြား တစ်ပေါင် ၁၇၈၀

Local 3 နေလှန်းပြား တစ်ပေါင် ၁၇၆၀

ပဲတီစိမ်း(ရွှေဝါ) တစ်တင်း ၈၆၀၀၀

ပဲတီစိမ်း(ရိုးရိုး) တစ်တင်း ၇၀၀၀၀

မတ်ပဲ တစ်တင်း ၁၀၃၀၀၀

ပဲလွန်းဖြူ တစ်တင်း ၇၂၀၀၀

မြစ်သား ကြက်သွန်နီ (က၊လ၊သ) တစ်ပိဿာ ၂၅၀၀ မှ ၂၈၀၀

ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၉၅၀၀

ကြက်သွန်ဖြူ(ထူး ၄၊၅) တစ်ပိဿာ ၁၇၀၀၀ မှ ၁၇၅၀၀



(သီးနှံဈေးနှုန်းများသည် ယနေ့ ပေါက်ဈေး ဖြစ်ပြီး ဈေးကွက်သုံးသပ်ချက်သည် ပြီးခဲ့သည့် သောကြာနေ့ နှင့် နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်ပါသည်။)

News

ဆက်စပ်သတင်းများ

May 4, 2024