ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-01-08
Share to
သယ်ယူပို့ရေးအခက်အခဲကြောင့် ထောပတ်သီးကို တောင်ကြီးစျေးကွက်မှာပဲ ရောင်းချနေရ

ဇန်နဝါရီ ၅၊၂၀၂၄


မြန်မာ့ထောပတ်သီးကို တာချီလိတ်ကို သယ်ယူပို့ဆောင်ဖို့အတွက် အခက်အခဲတွေရှိတာ ကြောင့် တောင်သူတွေအများစုက တောင်ကြီးစျေးကွက်မှာပဲ ကုန်သည်တွေကိုရောင်းချမှုများနေတယ်လို့ သိရပါတယ်။

တောင်ကြီးစျေးကွက်မှာ ထောပတ်သီး တစ်ကီလိုကို ၃၀၀၀ ကျပ်စျေးရှိနေပြီး တာချီလိတ်စျေးကွက်မှာ တစ်ကီလိုကို ၄၅၀၀ ကျပ်စျေးပေါက်နေတယ်လို့သိရပါတယ်။

‌ထောပတ်သီးတစ်ကီလိုကို ၁၅၀၀ ကျပ်ကွာဟမှုရှိပေမယ့် သယ်ယူပို့ဆောင်ရေး စရိတ်၊ ဂျုတီကြေး၊ စတဲ့ အထွေထွေကုန်ကျစရိတ်တွေ ကားအခက်အခဲတွေကြောင့် တာချီလိတ်ထိသယ်ယူရောင်းချနိုင်ခြင်းမရှိတာဖြစ်ပါတယ်။

" အရင်ကတော့ တောင်သူတွေလည်းထိုင်းဘက်ထိသွားရောင်းတာရှိတယ်၊ ထိုင်းဘက်ထိမဟုတ်တောင် တာချီလိတ်အထိတော့ရောင်းကြတယ်၊ အခုကတော့ လမ်းပန်းအခက်အခဲ ဆီ အခက်အခဲ အကုန်လုံးကြောင့် တောင်ကြီးမှာပဲရောင်းလာကြတယ်။ တာချီလိတ်ထိရောင်းသူလည်းရှိပေမယ့်နည်းတယ်။ ထိုင်းဘက်ကိုကတော့ ပို့ဖို့ကမလွယ်တော့ ကုန်သည်ပဲ တင်ပို့နေကြတဲ့အခြေအနေပါ " မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမင်းကပြောပါတယ်။


ရှမ်းပြည်နယ်ကထွက်ရှိတဲ့ ထောပတ်သီးကို ကုန်သည်တွေကဝယ်ယူပြီး တာချီလိတ် နယ်စပ်ဂိတ်မှတဆင့် ထိုင်းဘက်ကို တင်ပို့ရောင်းချနေကြတာဖြစ်ပြီး ခုနှစ်မှာ ထိုင်းကို ထောပတ်သီး တန်ချိန် ၁၀၀၀ ကနေ ၂၅၀၀ လောက်အထိတင်ပို့နိုင်ဖို့ခန်းမှန်းထားပါတယ်။


တာချီလိတ်ကုန်သွယ်ရေးစခန်းကနေ ထောပတ်သီးကို ထိုင်းငံအထိ တင်ပို့ပါက အခွန် ၂ ရာခိုင်နူန်း ဆောင်ရတဲ့အပြင် သယ်ယူပို့ဆောင်ရေးစရိတ်၊အထွေထွေကုန်ကျစရိတ်တွေရှိတဲ့အပြင် အခက်အခဲ တွေရှိပြီး အချိန်ပေးရတာကြောင့် တောင်သူအများစုသည် အရင်က တာချီလိတ်မှာ ပွဲစားတွေနဲ့ကုန်သည်တွေကိုရောင်းချရာကနေ ဒီနှစ်မှာတော့ တာချီလိတ်အထိပင်မသယ်ယူနိုင်တော့ဘဲ တောင်ကြီးမှာပဲ ထောပတ်သီးကိုရောင်းချကြတာများလာတာ​ဖြစ်တယ်လို့သိရပါတယ်။

ထောပတ်သီးကိုတော့ ရှမ်းပြည်နယ် ကဒေသတွေနဲ့ မန္တလေးတိုင်းမှာ စိုက်ပျိုးပြီး တစ်နှစ်ကို ထောပတ်တန်ချိန် ၃၀၀၀ လောက်ထွက်ရှိကြောင်း ၊ထွက်ရှိတဲ့ ထဲကမှ ထိုင်းကို အများဆုံး တင်ပို့တာဖြစ်တယ်လို့သိရပါတယ်။

ပြည်တွင်းမှာ ထောပတ်သီး အထွက်နှုန်းကောင်းပေမယ့် လည်း အရည်အသွေး ကောင်းမွန်တဲ့ အသီး နည်းတာကြောင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက မျိုးစပ်ဖြစ်တဲ့ Hass အမျိုးအစားထောပတ်သီး ကို တင်သွင်း စိုက်ပျိုးပြီး ပြည်ပကိုတင်ပို့ရာမှာလည်း Hass အမျိုးအစားထောပတ်သီးကိုသာ တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။

ချစ်ခွန်းချို (AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024