ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-12-26
Share to
ပြည်ပမှ စားအုန်းဆီ တစ်လ တန်ခုနှစ်သောင်းအထိ တိုးမြှင့် တင်သွင်းသွားရန် စီစဉ်နေဟုဆို

ဒီဇင်ဘာ ၂၅

ပြည်တွင်းစားဆီဖူလုံရေးအတွက် လာမည့်နှစ်တွင် လစဉ်တင်သွင်းနေသော စာအုန်းဆီ ပမာဏကို တစ်လ တန် ချိန်ခုနှစ်သောင်း တိုးမြှင့် တင်သွင်းရန် စီစဉ်နေတယ်လို့ မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အ သင်းက ပြောပါတယ်။

လက်ရှိပြည်တွင်းစားသုံးရန်အတွက် စာအုန်းဆီကို တစ်လတန်ချိန် ငါးသောင်း တင်သွင်းနေရာမှ လာမည့်နှစ် တွင် တစ်လ တန်ချိန်နှစ်သောင်းတိုးမြှင့် တင်သွင်းရန် ဝန်ကြီးဌာနက စီစဉ်နေပါတယ်။

" ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေးနဲ့ စားသုံးဆီဖူလုံရေးကို စီးပွားရေး ဦးတည်ချက်တရပ်အဖြစ် ထည့်သွင်း လုပ် ဆောင် နေပါတယ် " လို့ မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောပါ တယ်။

မြန်မာနိုင်ငံတွင် အခြေခံလူတန်းစားများက စားအုန်းဆီကိုသာ အဓိကထားစားသုံးနေရခြင်းကြောင့် ပြည်တွင်း စားအုန်းဆီဝယ်လိုအားက တင်သွင်းသည့်ပမာဏထက် များနေပါတယ်။

လက်ရှိ ပြည်တွင်း စားအုန်းဆီဖြန့် ေ၀ ရေး ကို အခြေခံလူတန်းစားများအတွက် သင့်တင်မျှတသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာ နိုင်ငံဆီ ကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

ပြည်ပကနေ တင်သွင်းလာတဲ့ စားအုန်းဆီတွေကိုမှ စံချိန်စံညွှန်းကိုက်ညီမှုရှိမရှိအပေါ် တာဝန်ရှိအဖွဲ့အစည်းက စစ်ဆေးပြီး ဆီကန်တွေမှာ စနစ်နကျသိုလှောင်မှုအပိုင်းကို ဆောင်ရွက်နေပါတယ်။

ထို့အပြင် ဆီထွက်သီးနှံစိုက် ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေးကိုလည်း ဆောင်ရွက်နေပါတယ်။

ထို့ကြောင့် ပြည်တွင်း ဆီထွက်သီးနှံကနေ စားဆီပြည်ပဝစွာရရှိစေရေး ဆီစက်လုက်ငန်းရှင်တွေကို ဆီစက် လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေတွေ ထုတ်ချေးပေးနေရာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ နေပြည် တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၇)ခုကဆီ စက်ပိုင်ရှင် ၂၁ ဦးကို ငွေကျပ် (၁၇၇၃)သန်း ထုတ် ချေး ထားတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနကသိရပါတယ်။

ဒုတိယအကြိမ်ချေးငွေအဆိုပြုလွှာထပ်မံ ခေါ်ယူထားပြီးဖြစ်လို့ ချေးငွေစံသတ်မှတ်ချက်များနှင့် ကိုက်ညီတဲ့ လုပ်ငန်းရှင်တွေ ကို ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေတွေ ထုတ်ချေးပေးဖို့စီစဉ်နေတယ်လို့သိရပါတယ်။

ပြည်တွင်းမှာ စားသုံးဆီသုံးစွဲမှုက နှစ်စဉ်တန်ချိန် (၁ ဒသမ ၁)သန်းခန့်လိုအပ်ပါတယ်။

ချစ်ခွန်းချို

News

ဆက်စပ်သတင်းများ

May 4, 2024