ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-12-22
Share to
ပြည်ပ သကြားတင်ပို့မှုကို လာမည့်နှစ် ဇန်နဝါရီမှာ စတင်မည်ဟုဆို

ဒီဇင်ဘာ ၃၀

နှစ်စဉ် တန်ချိန် ၄သိန်းခန့် ထုတ်လုပ်နေသော သကြားကို ကြံကြိတ်ရာသီ လာမည့်နှစ် ဇန်နဝါရီမှ စတင်ပြီး ပြည်ပတင်ပို့ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက် ပစ္စည်း လုပ်ငန်း ရှင်များအသင်းက ပြောပါတယ်။

လာမည့်နှစ် ပြည်ပကို သကြားရောင်းချရာမှာ အခွန်လျော့ပေးသည့် ဗီယက်နမ်နိုင်ငံကို တန်ချိန်ပမာဏတိုးပြီး တန်၁သိန်း ပြည်တွင်းထုတ်လုပ်နိုင်မှု၏ ၄ပုံတစ်ပုံ(တနည်း ၂၅ရာခိုင်နှုန်း) ရောင်းဖို့ စီစဉ်ထားပါတယ်။

" ဇန်နဝါရီလမှာ စ တင်ပို့မယ်။ခုနှစ် ဗီယက်နမ်ကနောက်ထပ် ကုမ္ပဏီတစ်ခုကလည်းကမ်းလှမ်း တာရှိသလို တ ခြား နိုင်ငံတွေက ကမ်းလှ မ်းတာတွေလည်းအများကြီးရှိပေမယ့် ဗီယက်နမ်လိုအခွန်လျှော့ပေးတာမရှိလို့ ဗီယက် နမ်ကိုပဲအများဆုံးပို့ဖြစ်တာပါ" လို့ မြန်မာနိုင်ငံ သကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းရဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးဝင်ဋ္ဌေးကပြောပါတယ်။

ထိုအပြင် မြန်မာ့သကြားကိုဝယ်လိုသည့် တရုတ်နဲ့ ဖိလစ်ပိုင်ကိုလည်း တင်ပို့ရောင်းချမယ်လို့ ၎င်းကပြောပါ တယ်။ပြည်ပကို သကြားတင်ပို့ ရောင်းချရာတွင် ပြည်တွင်းစားသုံးမှုအပေါ် တွက်ချက်ပြီး စားသုံးမှုဖူလုံသော ပမဏထက် ပိုလျှံတာကိုသာ ပြည်ပ တင်ပို့နေခြင်းဖြစ်ပါတယ်။

ယခုနှစ် ကြံရာသီမှာထွက်မည့် မြန်မာ့ သကြားကို ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံမှ ကုန်သည်တွေကလည်း ဝယ်ယူတင်သွင်းလိုနေကြပါတယ်။

အယ်နီညို ရာသီဥတု၏ အကျိုးဆက်ကြောင့် အရှေ့တောင်အာရှနှင့် အိမ်နီး ချင်း နိုင်ငံတွေက ပြည်ပမှ သကြားတင်သွင်းမှု တိုးမြှင့်ဖို့ ကြိုးစားနေကြပါတယ်။

နိုင်ငံတကာဈေးကွက် အလားအလာကောင်းများရှိနေတာကြောင့် ပြည်တွင်းမှာလည်ပတ်နေတယ့် သကြားစက် ရုံ ပေါင်းက ၂၃ ရုံမှ အချို့သော သကြားစက်ရုံများက ကုန်ကြမ်း ကြံတစ်တန်ကို ကျပ်၁၅၀၀၀၀ အထိ ဈေးတိုး ပေး ပြီးဝယ်မယ်လို့ ကြေငြာထားတာတွလည်း ရှိနေပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024