ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-01-22
Share to
ကောက်ပဲသီးနှံဈေးကွက် သုံးသပ်ချက်

ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ စျေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ စျေးနူန်းတွေအပေါ် စျေးကွက်သုံးသပ်ချက် ဖြစ်ပါတယ်။

ခုတစ်ပတ်မှာ မတ်ပဲက အတက်အကျမငြိမ​်ဘဲ အကျဘက်ဦးတည်ရာကနေ စျေးပြန်တက်လာပြီး ပဲစဉ်းငုံနီကတော့ ဆက်တိုက်ဈေး မြင့်တက်လာသလို နှမ်းမျိုးစုံ စျေးကလည်း တက်လာပါတယ်။ ​ ပဲတီစိမ်းကတော့ ရန်ကုန်မှာစျေးတန်းငြိမ်နေပြီး မန္တလေးစျေးကွက်မှာ အတက်ပြလာ ပါတယ်။


မတ်ပဲစျေးကွက်

မတ်ပဲကတော့ ဇန်နဝါရီလ တတိယပတ်ရဲ့ ၁၅ ရက်နေ့ကနေ ၁၉ ရက်အထိစျေးကျဆင်းခဲ့ပေမယ့် ၁၆ ရက်နေ့ ( စနေနေ့) မှာတော့ ဈေးတန်းက သိန်း ၃၀ ကျော်အထိ ပြန်တက်လာပါတယ်။

အိန္ဒိယက သူတို့နိုင်ငံရဲ့ ပဲလိုအပ်ချက် ကြောင့် မြန်မာကနေ မတ်ပဲတန်ချိန်အများအပြား ဝယ်ယူဖို့ရှိတာကြောင့် မတ်ပဲ ပိဿာ ၂၀ တစ် တင်းကို ကျပ် ၉၀၀၀၀ အထက်မှာပဲရှိနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားကြပါတယ်။

မြန်မာ့မတ်ပဲကို အိန္ဒိယက ဇန်နဝါရီ နဲ့ဖေဖော်ဝါရီလမှာ ပဲတန်ချိန်အများအပြား ဝယ်ယူမယ်လို့ပြောဆိုထားတာရှိတဲ့အပြင် အခွန်ကင်းလွတ်ခွင့်နဲ့ ပဲတင်ပို့ခွင့်ကိုလာမယ့်နှစ် မတ်လအထိသက်တမ်းတိုးလိုက်တာကြောင့် မတ်ပဲစျေးက အတက်ဘက်မှာပဲ ရှိနေတာဖြစ်ပါတယ်။

ဇန်နဝါရီလ တတိယပတ်မှာ မတ်ပဲ FAQ တစ်တန်ကို ၂၉၈၅၀၀၀ အထိ ဈေးကျခဲ့ပြီး စနေ့နေ့ မှာတေ့ တစ်တန်ကို သိန်း ၃၀၀၈၀၀၀ ကျပ်အထိ ပြန်တက်ခဲ့ပါတယ်။အရင်အပတ် နဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၂၇၀၀၀ လောက် ကျခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။

မန္တလေးစျေးကွက်မှာလည်း ဇန်နဝါရီလတတိယအပတ်မှာ ပိဿာ ၆၀ တစ်အိတ်ကိ​ု ၂၆၀၀၀၀ ကျပ်မှ ၂၈၅၀၀၀ ကျပ်စျေးပေါက်လို့ အရင်အပတ်ထက် ၅၀၀၀ ကျပ်ဈေးကျလာတာတွေ့ရပါတယ်။

နယ်ကုန်စည်ဒိုင်တွေမှာလည်း အရင်တပတ်က မတ်ပဲတစ်တင်းကို ၉၉၀၀၀ ရှိရာကနေ ၉၇၅၀၀ ကျပ်အထိကျသွားပါတယ်။


ပဲစဉ်းငုံနီစျေးကွက်

ပဲစဉ်းငုံနီကတော့ ပြည်တွင်း ပဲမျိုးစုံ စျေးကွက်မှာ ဆက်တိုက်ဆိုသလို မြင့်တက်လာနေတာဖြစ်ပါတယ်။

ပဲစဉ်းငုံနီကို အိန္ဒိယဘက်က ဝယ်လိုအားရှိတာကြောင့် စျေးကွက်ထဲကို ပဲစဉ်းငုံနီအသစ်တွေဝင်ရောက်နေပေမယ့်လည်း စျေးတန်းက အတက်ဘက်မှာပဲရှိနေတာဖြစ် ပါတယ်။

ဇန်နဝါရီလတတိယပတ်ရန်ကုန်စျေးကွက်မှာ ပဲစဉ်းငုံနီတစ်တန်ကို ၃၆၅၅၀၀၀ ကျပ်အထိ မြင့်တက်လာလို့ အရင်တပတ်နဲ့ယှဉ်ရင် ၁၇၀၀၀၀ ကျပ် ထပ်ပြီး မြင့်တက်လာတာဖြစ်ပါတယ်။

အလားတူ မန္တလေး စျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကို ၃၄၈၀၀၀ မှ ၃၅၀၀၀၀ ကျပ် စျေးပေါက်လာပြီး အရင်အပတ်ကထပ် တစ်အိတ်ကို ၁၇၀၀၀ ကျပ်လောက် တက်လာတာဖြစ်ပါတယ်။

အိန္ဒိယက ပဲစဉ်းငုံနီကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ကို လာမယ့် ၂၀၂၅ ခုနှစ်မတ်လအထိသက်တမ်းတိုးလိုက်တဲ့အပြင် သူတို့နိုင်ငံရဲ့ပဲ လိုအပ်ချက်အရ ပဲစဉ်းငုံတွေ ဝယ်ယူဖို့စာချုပ်ထားတာရှိပါတယ်။ စာချုပ်ချုပ်ထားတဲ့ ပမာဏအပြင်လည်း ပဲတွေပိုတိုးပြီးဝယ်ယူဖို့ရှိတယ်ဆိုတဲ့သတင်းတွေကြောင့်လည်း ပဲစျေးက အတက်မှာပဲရှိနေတာဖြစ်ပါတယ်။

ဒါ​ကြောင့် ပဲစဉ်းငုံနီက ကာလတစ်ခုအထိ တစ်တန်ကို သိန်း ၃၀ အောက်ထိ ကျနိုင်မယ့်အခြေအနေမရှိဘူးလို့ ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။


နှမ်းစျေးကွက်

ပြည်တွင်း နှမ်းမျိုးစုံစျေးကွက်မှာ တရုတ်က နှမ်း ဝယ်လိုအားကောင်းနေတာကြောင့်ယခုတစ်ပတ်မှာလည်း နှမ်းမျိုးစုံ စျေးနှုန်းတွေ မြင့်တက်လာပါတယ်။

ပြည်တွင်းကုန်စည်စျေးကွက်ထဲကို နှမ်းမျိုးစုံ အသစ်တွေ ဝင်ရောက်မှု နည်းသွားတာကြောင့် နှမ်းစျေးက တက်လာတာဖြစ်ပါတယ်။

ဇန်နဝါရီလ တတိယပတ် မန္တလေး ကုန်စည်စျေးကွက်မှာ နှမ်းနက် စမုံက ၄၅ ပိဿာကို ၃၅၀၀၀၀ ကျပ်မှ ၃၈၅၀၀၀ ကျပ်ရှိပြီး ၅၀၀၀ မှ ၁၀၀၀၀ ကျပ် တက်လာပါတယ်။ နှမ်းဖြူဂျပန်က ၄၀၀၀၀၀ သိန်းကျပ်စျေးပေါက်ပြီး ၁၀၀၀၀ ကျပ် တက်လာကာ နှမ်းဖြူရိုးရိုးကလည်း ၃၅၅၀၀၀ ကျပ်မှ ၃၆၅၀၀၀ ကျပ်စျေးပေါက်ပြီး တစ်အိတ်ကို ၅၀၀၀ ကျပ် တက်လာပါတယ်။ နှမ်းညိုကတော့ ၃၁၀၀၀၀ ကျပ်မှ ၃၁၅၀၀၀ ကျပ် စျေးပေါက်ပြီး ၁၅၀၀၀ ကျပ် တက်လာ ပါတယ်။

အောင်လံကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၃၃၀၀၀၀ မှ ၃၆၅၀၀၀ ကျပ်စျေးပေါက်ပြီး နှမ်းပြာက ၄၅ ပိဿာ ကို ၃၂၅၀၀၀ ကျပ် ၊ နှမ်းဖြူနဲ့နှမ်းနီက ၄၅ ပိဿာကို ၃၀၀၀၀၀ ကျပ်စျေးပေါက်နေပါတယ်။

နှမ်းနက်စမုံအပါအဝင် နှမ်းမျိုးစုံကို တရုတ်နိုင်ကသာ အဓိကဝယ်ယူတာဖြစ်လို့ တရုတ်ဝယ်လိုအားကောင်းပြီး ပြည်တွင်း နှမ်းလက်ကျန်နည်းရင် စျေးတက်ပါတယ်။ အကယ်၍ တရုတ်က ဝယ်လိုအားနည်းရင်တော့ နှမ်းမျိုးစုံ စျေးတန်းက ပြန်အေးသွားတတ်တယ်လို့ ကုန်သည်အချို့က ထံကနေ ရပါတယ်။

တရုတ်က အက်ဆစ်လွတ်တဲ့နှမ်းကိုသာအဓိကဝယ်ယူလို​့ အက်ဆစ်လွတ် တဲ့နှမ်းကပို​ပြီးစျေး ကောင်းရပါတယ်။ နှမ်းကလည်း ရိတ်သိမ်းခါစအချိန်မှာ အက်ဆစ်လွတ်ခါစျေးကောင်းရနိုင်ပေမယ့် သိုလှောင်ချိန်အပေါ်လိုက် ပြီး အက်ဆစ်ဓာတ်ပါဝင်မှု မြင့်လာပါတယ်။

ပဲတီစိမ်းစျေးကွက်

ပဲတီစိမ်းကတော့ ယခုတစ်ပတ် ရန်ကုန်စျေးကွက်မှာ အတက်အကျမရှိဘဲ ငြိမ်နေပေမယ့် မန္တလေးစျေးကွက်မှာ စျေးတက်လာတာတွေ့ရပါ တယ်။

တရုတ် အပါအဝင် ဥရောပနိုင်ငံတွေကို ပဲတီစိမ်း တွေ တင်ပို့မှုရှိတဲ့အပြင် ပဲအသစ်တွေလည်း ပေါ်နေတာကြောင့် မန္တလေး စျေးကွက်မှာ စျေးတန်းကလှုပ်နေတာဖြစ်ပါတယ်။

ရန်ကုန် စျေးကွက်မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)ထိပ်စ တစ်ပိဿာကို ၃၈၃၀ ကျပ်၊ ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၉၁၅ မှ ၃၄၂၀ ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)က ၃၆၆၅ ကျပ် နဲ့ အရင်အပတ်ကအတိုင်းစျေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) ပိဿာ ၅၆.၂၅ တစ်အိတ်ကို ၁၇၅၀၀၀ မှ ၁၉၀၀၀၀ ကျပ်စျေးပေါက်လို့ ၅၀၀၀ ကျပ်တက်လာတာတွေ့ရပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024