ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-01-22
Share to
ဂျင်းတက်အစို ပြည်ပတင်ပို့မှုရှိနေပမယ့် ကုန်ကျစရိတ်မြင့်နေလို့ ပြည်တွင်းစျေးကွက် ငြိမ် နေ



ဇန်နဝါရီ ၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာ့နိုင်ငံကနေ ဂျင်းတက်အစို တင်ပို့မှု ရှိနေပေမယ့်လည်း သယ်ယူပို့ဆောင်ရေး စရိတ် ၊ အခွန်အခနူန်းထားတွေ မြင့်တက် နေတဲ့ အတွက် ပြည်တွင်းဂျင်းတက်စျေးက အတက်ဘက်ကို မရောက်နိုင်ဘဲ ငြိမ်နေတယ်လို့ ဈေးကွက်အတွင်း စုံစမ်း သိရပါတယ်။

လက်ရှိမှာ ဂျင်းတက်အစိုကို ပြည်ပတင်ပို့မှုအနေနဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ရန်ကုန်ဆိပ်ကမ်းကနေ ရေကြောင်းမှ တဆင့်တင်ပို့ကာ တစ်ပိဿာကို ၅၀၀၀ ကျပ်နူန်းဖြင့် ရောင်းချရတယ်လို့ သိရပါတယ်။

ရေကြောင်းကနေ တင်ပို့ရာမှာ ယခင်က ဂျင်းတက်တစ်ပိဿာကို အခွန်ကောက်ခံမှုအနေနဲ့ ၉၀၀ ကျပ်ဝန်းကျင်သာရှိသော်လည်း ယခုမှာ ၂၀၀၀ ဝန်းကျင် ကောက်ခံလာခြင်း ၊ ရှမ်းပြည်ကနေ ဘင်္ဂလားဒေ့ရှ်အရောက်အထိ သယ်ယူစရိတ်က ဂျင်းတက်တစ်ပိဿာကို ၁၀၀၀ ကျပ် ဝန်းကျင် ရှိနေတာကြောင့် ​ ဒေ့ရှ်နိုင်ငံကို ဂျင်းတက်တစ်ပိဿာအရောက်ကုန်ကျမှုက ၃၀၀၀ ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

" အခွန်ရယ်၊ ကုန်ကျစရိတ်ရယ်ပေါင်းလိုက်ရင် ရတဲ့စျေးတဝက်လောက်မက ကုန်နေပြီဆိုတော့ ပြည်တွင်းမှာ ကျွန်တော် တို့က တစ်ပိဿာကို ၂၀၀၀ လောက်ပဲအများဆုံးဝယ်နိုင်တော့တယ်။ ကုန်သည်ကတော့ တိုးကောက်တဲ့အခွန်၊ကုန်ကျစရိတ်တွက်ပြီး ကိုယ့်အတွက် အမြတ်ချန်ပြီး စျေးနဲ့ပဲ ဝယ်ကြမှာထုံးစံပဲ။ တောင်သူကတော့ နစ်နာတာပေါ့။ စျေးမရဘူးပေါ့ ။ပြည်တွင်းဂျင်းတက်စျေးက မတက်နိုင်ဘူးပေါ့။ " လို့ ရှမ်းတောင်က ပွဲရုံပိုင်ရှင်ကုန်သည်တစ်ဦးကသုံးသပ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို တင်ပို့ဖို့အတွက် ဂျင်းတက်ကတော့ အခက်ကြီး ဖြစ်ဖို့မလိုသလို မြေနီ ဖြစ်ဖို့လည်းမလိုကြောင်း ၊ အသေးစ ပယ်စ သာရှိပြီး ဂျင်းတက်အရောအနှောမျိုးစုံဝယ်ယူခြင်း၊ ပိဿာချိန်အများအပြား ဝယ်ယူခြင်း စတဲ့အချက်တွေကြောင့် စျေးနည်းပေမယ့်လည်း တောင်သူတွေက ပြည်ပတင်ပို့မှုအတွက်ကို ပိုပြီးရောင်းချကြတယ်လို့သိရပါတယ်။

လက်ရှိ ရှမ်းပြည်နယ်ကုန်စည်ဒိုင်တွေမှာတော့ဂျင်းအခက်ကြီးအသန့် တစ်ပိဿာကို ၃၅၀၀ မှ ၃၇၀၀ ကျပ် ၊ ဂျင်း မြေနီ ( အကြီးအသေးအရော) တစ်ပိဿာကို ၃၃၀၀ ကျပ်၊ ဂျင်း အလတ်စ (အကြီးသေးမြေနီမြေဖြူရော) တစ်ပိဿာကို 2800ကျပ် ၊ ထိုးဂျင်းခေါ် ဂျင်းအပယ်စအသန့် တစ်ပိဿာ 2000 ကျပ် ရှိပါတယ်။
ပြည်တွင်းလက်လီစျေးကွက်မှာတော့ ဂျင်းတက်တစ်ပိဿာကို ၇၀၀၀ ကျပ်လောက်အထိ ရောင်းချမှုရှိနေပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024