ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-12-18
Share to
နိုင်ငံခြားငွေ မူဝါဒ ဖြေလျော့မှုက ပြည်ပ ပဲမျိုးစုံတင်ပို့မှု တိုးလာမည်ဟုဆို
ဒီဇင်ဘာ ၁၆
ဗဟိုဘဏ်၏ နိင်ငံခြားငွေမူဝါဒ  ဖြေလျော့ပေးလိုက်တာကြောင့်  ပြည်ပကို ပဲမျိုးစုံ တင်ပို့မှု အရင်က ထက်ပိုပြီး များလာနိုင်တယ်လို့  ပဲကုန်သည်တွေက သုံးသပ်ကြပါတယ်။
ယခုဘဏ္ဍာနှစ် ၈လအတွင်း ပြည်ပသို့ ပဲမျိုးစုံ တန်ချိန် ၁သန်းကျော်တင်ပို့ထားပြီး ဗဟိုဘဏ်၏ ငွေလဲနှုန်းခြေ လျော့မှုက ပိုကုန်သမားများအတွက် အခွင့်အလန်းများ တိုးလာခြင်းကြောင့် လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့တဲ့ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့  ပြည်ပကို ကုန်ပစ္စည်း တွေ အရင်ကထက် ပိုပြီးတင်ပို့နိုင်ဖို့အတွက်  စီစဉ်နေကြ ပါတယ်။
လယ်ယာထွက်ကုန်များ၊ရေထွက်ကုန်များ အပါအဝင် ပြည်ပပို့ကုန် လုပ်ငန်းများသည် နိုင်ငံခြားငွေလဲနှုန်းနှင့် ပက်သက်၍ ထည်ငြိမ်သော ငွေကြေးမူဝါဒကို လိုလားကြပါတယ်။
" ပို့ကုန်ရငွေဖြေလျှော့ပေးလိုက်တာ ကောင်းတဲ့ကိစ္စပါ၊ အရင်ကထက်ပိုပြီးတော့ပို့နိုင်ဖို့တော့မျှော်လင့်ပါတယ် ၊ ဒါပေမယ့် ပေါ်လစီတွေက ခဏခဏပြောင်းတတ်တော့ အခြေအနကို စောင့်ကြည့်ရမယ့်သဘောရှိတယ် " လို့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း အကြံပေး ဦးစိုးဝင်းမောင်ကပြောပါတယ်။
ပို့ကုန်ရငွေဖြေလျှော့မှုကြောင့် လက်ရှိဘဏ္ဍာနှစ် အတွက် ပဲမျိုးစုံတင်ပို့မှုလျာထားချက် ပြည့်မှီနိုင်ခြင်းရှိမရှိကို အခြေအနေစောင့်ကြည့်ရမှာဖြစ်ကြောင်း ၊  မူဝါဒက မပြောင်းဘဲဆက်ရှိနေမယ်ဆိုရင် လာမယ့်ဘဏ္ဍာနှစ်မှာ လျာထားချက်ပြည့်မှီအောင်တင်ပို့နိုင်မယ့်အခြေအနေရှိတယ်လို့သိရပါတယ်။
ယခုနှစ် ပြညပသို့ ပဲမျိုးစုံ တငပို့မှုနှင့် ပက်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်း များအရ မတ်ပဲ တန်ချိန် ၅သိန်းကျော်ဖြင့် အများဆုံးတင်ပို့ထားပြီး ပဲတီစိမ်းက ဒုတိယအများဆုံး တင်ပို့ထားပါ တယ်။
ဘဏ္ဍာနှစ် ၈လအတွင်း ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုမှာ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း၉၀၀ ကျော် ရရှိတားပါတယ်။
ပြီးခဲ့တဲ့  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တုန်းက ပြည်ပကို  ပဲမျိုးစုံတင်ပို့မှုအနေနဲ့ ပင်လယ်ရေ ကြောင်းမှ တန်ချိန် ၁၆ သိန်းကျော်၊ နယ်စပ်မှ တန်ချိန် ၃ သိန်းနီးပါး၊ စုစုပေါင်း တန်ချိန် ၁၉ သိန်းကျော် တင်ပို့ ခဲ့ပြီး အမေရိကန်ဒေါ် လာ (၁ ဒ သမ ၄)ဘီလျံကျော်ရရှိခဲ့တယ်လို့သိရပါတယ်။
အိန္ဒိယ နိုင်ငံ၏ ဝယ်လိုအား မြင့်တက်လာနိုင်သောကြောင့် လက်ရှိ မြန်မာနိုင်ငံ၏ ဆောင်းသီး နှံအဖြစ် စိုက်ပျိုး သော မတ်ပဲရာသီတွင် တောင်သူများက မျှော်လင့်ချက်များစွာဖြင့် အားထည် လုပ်ဆောင်နေ တယ်လို့ ဓနုဖြူမြို့ နယ်မှ လယ်သမားတစ်ဦးက ပြောပါတယ်။
 
ချစ်ခွန်းချို(AMIA)
News

ဆက်စပ်သတင်းများ

May 4, 2024