ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-12-13
Share to
အိန္ဒိယ၏ ပို့ကုန် ကန့်သက်ချက်များကြောင့် မြန်မာ့ကြက်သွန်နီဈေး မြင့်တက်လာ

ဒီဇင်ဘာ ၁၃

လာမည့်နှစ် ရွေးကောက်ပွဲရှိနေသော အိန္ဒိယဝန်ကြီးချုပ် မိုဒီအစိုးရက ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးကို ဦးစား ပေးမှု အနေဖြင့် ကြက်သွန်နီ ပြည်ပတင်ပို့ခြင်းကန်သက်မှုကို ၂၀၂၄ မတ်လအထိ မတ်လအကုန်အထိ သတ် မှတ်ထားတာကြောင့် မြန်မာ့ကြက်သွန်ကို ဝယ်လိုသည့်နိုင်ငံများလာပြီး ပြည်တွင်းဈေးမြင့်တက်လာပါတယ်။

အိန္ဒိယ အစိုးရက၏ ပို့ကုန်မူဝါဒ အပြောင်အလဲက အရှေ့တောင်အာရှအပါအဝင် ကမ္ဘာနိုင်ငံများ၏ စားနပ်ရိ က္ခာဈေးကွက်ကို သက်ရောက်မှုများစွာရှိနေပါတယ်။ဆန်ပြည်ပတင်ပို့မှု ကန့်သက်ချက်ကြောင့် နိုင်ငံတကာ ဆန် ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာသကဲ့သို့ ယခု ကြက်သွန်နီဈေးကွက်ကလည်း အလားတူအကျိုး သက်ရောက်မှုများဖြစ်လာပါတယ်။

" အဓိက အိန္ဒိယပိတ်တယ် ၊ မိုးတွေဘာတွေလည်းရွာလိုက်တော့ သူတို့က နွေကြက်သွန်မထွက်မချင်းကို ဈေးနူန်းတစ်ခုကိုတင်လိုက်တယ်၊ တစ်တန်ကို ဒေါ်လာ ၈၀၀ လျှောက်မှရမယ်၊အဲ့လိုဖြစ်သွားတာ၊ ဒီမှာတက် တာ ကားတွေမဝင်တာနဲ့ အိန္ဒိယကြောင့်ပါ။ " လို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖို ဆောင် သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ဥက္ကဋ္ဌ ဦးခင်ဟန်ကပြောပါတယ်။

အိန္ဒိယသည် ဘင်္ဂလားဒေရှ့် နိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများကို အဓိက ကြက်သွန်နီတင်ပို့နေသော နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။လက်ရှိ အိန္ဒိယ၏ ပြည်ပကြက်သွန်တင်ပို့မှုကို ပိတ်လိုက်ချိန်တွင် မြန်မာနိုင်ငံမှ ကြက်သွန်နီ ကို ဝယ်လိုမှုတွေမြင့်လာမယ်လို့ ကုန်သည်တွေကမျှော်လင့်နေပါတယ်။

ဆန်အပါအဝင် စိုက်ပျိုးသီးနှံများ ပြည်ပမှ တင်သွင်းနေရသည့် ဖီလစ်ပိုင်နိုင်ငံသည် မြန်မာနိုင်ငံမှ ကြက်သွန်ကို အစိုးရခြင်းသဘောတူညီမှု(G to Gစနစ်) ဖြင့်ဝယ်ယူတင်သွင်းရန် ညှိနှိုင်းဆောင်ရွက်နေပါတယ်။ထိုကြောင့် မြန်မာကြက်သွန် ပြည်ပဈေးကွက် အလားအလာကောင်းတွေရှိနေသဖြင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှာ နွေကြက်သွန်အဟောင်းက တစ်ပိဿာကို ၅၁၀၀ ကျပ်အထိ ရှိလာနေပြီး မိုးကြက်သွန်အသစ်ကလည်း တစ်ပိဿာကို ၃၇၀၀ ကျပ်အထိ မြင့်တက်လာပေမယ့် ဒီနေ့ဆိုရင် ကြက်သွန်ဝင် ရောက် မှု ကား ၈ စီးသာရှိပြီး ပိဿာချိန် ၄၈၀၀၀ သာအဝင်ရှိတယ်လို့သိရပါတယ်။

ဒီဇင်ဘာလ ၈ ရက်နေ့တုန်း က မိုးကြက်သွန်အသစ်တစ်ပိဿာကို အများဆုံး ၂၀၀၀ ကျပ်သာရှိခဲ့ပြီး နွေကြက်သွန်အဟောင်းကလည်း တစ် ပိဿာကို ၄၀၀၀ ကျပ်သာရှိခဲ့တာဖြစ်လို့ တစ်ပိဿာကို ၁၀၀၀ ကျပ်မှ ၁၇၀၀ ကျပ်အထိ မြင့်တက်လာတာဖြစ် ပါတယ်။

ပခုက္ကူကုန်စည်ဒိုင်မှာ နွေကြက်သွန်အဟောင်းက တစ်ပိဿာကို ၃၀၀၀ ကျပ်မှ ၄၀၀၀ကျပ် ၊ မိုးကြက်သွန်က ၂၈၀၀ ကျပ်မှ ၃၂၀၀ ကျပ် ရှိနေပြီး ကြက်သွန်ဝင်ရောက်မှုအနေနဲ့တစ်ရက်ကို အများဆုံး ပိဿာချိန် ၂၅၀၀၀၀ အထိပင်ဝင်ရောက်မှုရှိတဲ့အနက် အဟောင်းကြက်သွန်က အဝင်နည်းနေတယ်လို့သိရပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာတော့နွေကြက်သွန်အဟောင်းက တစ်ပိဿာကို ၄၀၀၀ ကျပ်၊ မိုးကြက်သွန်က ၂၈၅၀ ကျပ်မှ၃၀၀၀ ကျပ် ရှိနေပြီး ကြက်သွန်ဝင်ရောက်မှုအနေနဲ့ ပိဿာချိန် နွေအဟောင်းက တစ်ရက်ကို ထောင် ဂဏန်း သာဝင်ရောက်မှုရှိပြီး မိုးကြက်သွန်က ၁၅၀၀၀၀ လောက် အထိဝင်ရောက်မှုရှိတယ်လို့သိရပါတယ်။

ချစ်ခွန်းချို(AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024