ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-12-11
Share to
စားဖိုဆောင်သီးနှံ ဈေးကွက်သတင်းများ

ဒီဇယ်၊ဓာတ်ဆီ ဝယ်ယူရရှိရန် အခက်အခဲ၊ ဈေးနှုန်းကြီးမြှင့်မှုကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေနှောင့်နှေးမှုမှ ပြည်တွင်းထွက် စားဖိုဆောင်သီးနှံများ စိုက်ပျိုးထွက်ရှိရာဒေသတွင် ဈေးမရ သော်လည်း ဝယ်ယူစားသုံးသူဈေးကွက် ဈေးနှုန်းကြီးမြင့်မှုကို ကြုံတွေ့နေရပါတယ်။

ဂျင်းဈေးကွက်

ဂျင်းတက်အစိုကတော့ အဓိက ဘင်္ဂလား ဒေ့ရှ်ကိုသာ တင်ပို့ရတာဖြစ်ပြီး လက်ရှိမှာ လမ်းပန်းဆက်သွယ်ရေးကြောင့် ရခိုင်ကို ကုန်းလမ်း၊ရေလမ်းသွားလာမရလို့မြန်မာ ဘင်္ဂလား ဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးရပ်နေတဲ့ အတွက် ဂျင်းတက်ဈေးက ကျလာနေပါတယ်။

ပြည်ပတင်ပို့မှုမရှိတော့တဲ့အတွက် ပြည်တွင်းစားသုံးမှုနဲ့ ပြည်တွင်း သိုလှောင်ထားမယ့်သူတွေအပေါ်သာ ဈေးကွက်ကမှီခိုနေရချိန် ဒီဇယ်၊ ဓာတ်ဆီ တွေဝယ်မရ၊ ဈေးနူန်းတွေတက်တဲ့ အကျိုးဆက်ကြောင့် သယ်ယူပို့ဆောင် မရတာ ၊ပို့ဆောင်ရေးစရိတ်တွေ ထပ်မံမြင့်တက်လို့ ဂျင်းဈေးက စိုက်တဲ့ဒေသမှာ ထပ်မံကျဆင်းလာနိုင်ပြီး စား သုံးသူ (end user) ဈေးကွက်တွင် ဈေးမြင့်တက်လာမည်လို့ ကုန်သည်တွေကသုံးသပ်ထားကြပါတယ်။

ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာတော့ ဂျင်းတက်ဈေးက ဂျင်းအခက်အကြီးအသန့် တစ်ပိဿာကို၃၅၀၀ ကျပ်၊ ဂျင်းအခက် ၃၀၀၀ ကျပ်၊ ဂျင်းအသေးတစ်ပိဿာကို ၂၀၀၀ ကျပ် ဈေးပေါက်နေပါ တယ်။လက်လီဈေးကွက်မှာက ဂျင်းတစ်ပိဿာကို ၁၇၀၀၀ ကျပ်အထိအမြင့်ဆုံး ရောင်းချမှုရှိ နေပါတယ်။

ကြက်သွန်ဖြူဈေးကွက်

ပြည်တွင်းကထွက်တဲ့ ကြက်သွန်ဖြူနဲ့ပြည်ပကနေတင်သွင်းနေရတဲ့ကြူကုတ်ကြက်သွန်ဖြူတွေက အမြင့်ဈေးတန်းမှာရှိနေဆဲဖြစ်ပါတယ်။ တရုတ်ကြက်သွန်ဖြူ ကြူကုတ်ကို ထိုင်းနယ်စပ်ဂိတ်ကနေ တင်သွင်းမှုရှိလာ တာကြောင့် လက်ကား ဘုရင့်နောင်ကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ပိဿာကို၁၀၅၀၀ ကနေ ၁၁၅၀၀ ကျပ်သာ ရှိပေမယ့် လက်လီဈေးကွက်မှာက ကြက်သွန်ဖြူတစ်ပိဿာကို ၂၅၀၀၀ ကျပ်အထိ ဈေးတန်းရှိနေပါသေးတယ်။

ရှမ်းပြည်နယ်အောင်ပန်းကထွက်တဲ့ အောင်ပန်း ထူးကတစ်ပိဿာကို ၁၂၅၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၃၀၀၀ကျပ်၊အောင်ပန်းထူး ၄က ၁၃၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၄၀၀၀ ကျပ်အထိရှိနေ ပါတယ်။သယ်ယူပို့ဆောင်ရေး စရိတ်တွေမြင့်တက်တာ ၊ သယ်ယူပို့ဆောင်ဖို့လမ်းကြောင်းမပွင့်တာတွေကြောင့် ကြက်သွန်ဖြူဈေးတွေက တချို့မြို့တွေမှာ ဈေးကျဆင်းမှုမရှိသေးတာဖြစ်တယ်လို့သိရပါတယ်။

ကြက်သွန်နီ ဈေးကွက်

ကြက်သွန် ထွက်ရှိတဲ့ဒေသတွေကနေ ကုန်စည်ဒိုင်တွေကို ရောင်းချဖို့သယ်ယူပို့ဆောင်ဖို့ရာ လမ်းကြောင်း တွေမကောင်းတာကြောင့် ကုန်စည် ဒိုင်တွေကို ကြက်သွန်အဝင်နည်းပြီး ဈေးပြန်တက်လာပါတယ်။လက်ရှိမှာကြက်သွန်နီ နွေအဟောင်းတွေက ဈေးတန်းမြင့်ပြီး အဝင်ပိုနည်းလာကာ မိုးအသစ်တွေကတော့ ကုန်ဝင်သ လောက်အရောင်းအဝယ် ဖြစ်နေတယ်လို့သိရပါတယ်။

ရခိုင်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေမဖြစ်ပွားခင်က မြန်မာ့ကြက်သွန်နီကို ဘင်္ဂလား ဒေ့ရှ်ကနေ ဝယ်ယူမှု အားကောင်းလို့ ဈေးတန်းက ကုန်စည်ဒိုင်တွေမှာ တစ်ပိဿာကို ၃၉၅၀ ကျပ်အထိ မြင့်တက်ခဲ့ရာကနေ လက်ရှိမှာ တော့ပြည်ပတင်ပို့မှု့ လျော့သွားလို့ ဈေးတန်းပြန်ကျသွားပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ဆိပ်ဖြူ ကြက်သွန်နီမှာ ရှယ်က ၄၀၀၀ ၊လတ်ကြီး ၃၇၀၀၊လတ်သန့်က ၃၁၅၀ကျပ်နဲ့ လတ်ချောက ၂၃၀၀ ကျပ်ရှိပါတယ်၊မြင်းခြံ ကြက်သွန်နီက ၂၀၀၀ ကျပ်ကနေ ၃၈၀၀ကျပ်ဈေးရှိနေပါတယ်။ပခုက္ကူဈေးကွက်မှာတော့ ကြက်သွန်နီအသစ်က ၁၈၅၀ ကျပ်မှ ၂၅၀၀ ကျပ်ရှိပြီး နွေအဟောင်းကြက်သွန်ကတစ်ပိဿာကို ၂၅၀၀ ကနေ ၂၈၀ ကျပ်အထိသာရှိပြီးအရောင်းအဝယ်သွက်နေတယ် လို့သိရပါတယ်။မြင်း ခြံကုန်စည်ဒိုင်မှာတော့ နွေကြက်သွန်နီအဟောင်းက တစ်ပိဿာကို ၂၇၀၀ မှ ၃၁၀၀ ကျပ်၊ မိုးအသစ်ကြက်သွန် နီကတစ်ပိဿာကို ၁၇၀၀ မှ ၂၃၀၀ ကျပ်ဈေးရှိနေပါတယ်။လက်လီဈေးကွက်မှာတော့ ကြက်သွန်နီ အလုံး အကြီးအသေး ၊ အပုတ်အနာအဆာ ရှိမရှိ ပယ်လိုက်ပြီး အမြင့်ဆုံးတစ်ပိဿာကို ၂၄၀၀၀ ကျပ်ထိ ဈေး တန်း ရှိနေပါတယ်။

အာလူးဈေးကွက်

အာလူးကတော့တရုတ်ကနေတင်သွင်းတဲ့ တရုတ်အာလူး ရှိသလို ရှမ်းပြည်ကထွက်တဲ့ ဒေသအာလူးတွေ လည်း ရှိပါတယ်။တရုတ်အာလူးကတော့ ကုန်စည်ဒိုင်တွေမှာ ဈေးအနည်းငယ်ပြန်ကျပြီး ရှမ်းအာလူးတွေလည်း ဈေးပြန်ကျလာပါတယ်။ခုတပတ်ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာတော့တရုတ်အာလူးတစ်ပိဿာကို ၂၈၀၀ ကျပ်ထိ ပြန်ကျသွားပါတယ်။

ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်ဈေးကွက်မှာတော့မျက်နီ S-2 အကြီးအသေးအရော တစ်ပိဿာကို ၂၈၀၀ ကျပ်၊ A-1 က ၁၃၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ မျက်နီ OK က ၂၀၀၀ကျပ်၊မားကစ် S-1 ၃၀၀၀ ကျပ် ၊မားကစ် S-2 ၃၂၀၀ ကျပ်ရှိတယ်လို့သိရပါတယ်။သယ်ယူပို့ဆောင်ရေးစရိတ်တွေကြီးမြင့်တဲ့ဒေသတွေမှာတော့ အားလူးတစ်ပိဿာကို ၁၀၀၀၀ ကျပ်အထိ ရောင်းချမှုရှိနေပါတယ်။

စားသုံးတဲ့ဈေးကွက်မှာတော့ တရုတ်အာလူးကို လုပ်ငန်းသုံးအဖြစ်အသုံးပြုမှုများပြီး ရှမ်းအာလူးတွေကတော့ပြည်တွင်းစားသုံးမှုများပါတယ်ဆိုပေမယ့် လက်ရှိမှာ တော့စားသုံးသူတွေက ဈေးနူန်း နည်းတဲ့အာလူးကိုသာအဓိကရွေးချယ်စားသုံးလာကြတာပါတယ်။

ကုန်စိမ်းဈေးကွက်

ကုန်စိမ်းသီးနှံ အများစုက ရှမ်းပြည်နယ်ကထွက်ရှိပြီး အဲ့ဒီ ကမှ တနိုင်ငံလုံးကို ဖြန့်ချီနေတာဖြစ်ပါတယ်။ လက် ရှိမှာ စက်သုံးဆီ အခက်အခဲကြောင့် သယ်ယူပို့ဆောင်မှုကြန့်ကြာလာလို့ ရှမ်းပြည်နယ် တွင်းက ကုန်စိမ်းထွက် ကုန်အများစု ဈေးကျဆင်းနေပါတယ်။ ရှမ်းပြည်နယ်ကနေ ကုန်စိမ်းတွေ ပို့ဆောင်နိုင်မှု လျော့တာကြောင့် ကျန် တဲ့တိုင်းနဲ့ ပြည်နယ်မှာတော့ ကုန်စိမ်းသီးနှံဈေးတွေက မြင့်တက်နေပါတယ်။

ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းပွဲရုံတွေမှာပန်းဂေါ်ဖီတစ်ထုတ်ကို အထုတ်ကြီးမှ ၄၅၀ ကျပ် အထုတ်လတ်စက၃၀၀ ကျပ်၊ မုန်ညှင်းစိမ်း တစ်စီး ၃၅၀ ကျပ်၊ ခရမ်းချဉ်သီးအစိမ်းက တစ်ပိဿာကို ၆၀၀မှ ၉၀၀ ၊ အမှည့်က တစ်ပိ ဿာကို ၅၀၀မှ ၁၂၀၀ ကျပ်၊ မုန်လာဥနီ အကြီး တစ်ပိဿာမှ ၁၂၀၀ ကျပ်နဲ့ အသေးက ၈၀၀ ကျပ်၊ ဂေါ်ဖီ(၂ပိဿာနီးပါး) တစ်ထုတ်ကိုမှ ၇၀၀ ကျပ်သာရှိပြီး ငရုတ်သီး (ပီနံသီးအစစ်) တစ်ပိဿာမှ ၇၀၀၀ ကျပ်သာ ရှိတယ်လို့သိရပါတယ်။

ချစ်ခွန်းချို (AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024