ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-12-11
Share to
ဆောင်းရာသီ စိုက်ပျိုးသီးနှံများအတွက် ရာသီဥတု ညွှန်းကိန်း သီးနှံအာမခံစနစ် စတင်

ဒီဇင်ဘာ ၇

တောင်သူလယ်သမားများ ရာသီဥတုစိန်ခေါ်မှုကို ကုစားရန် ရာသီဥတုညွှန်းကိန်း သီးနှံအာမခံလုပ်ငန်းစနစ်ကိုမတ်ပဲနဲ့ပဲတီစိမ်းအဓိကစိုက်ပျိုးတဲ့ပဲခူးတိုင်း ၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန် တိုင်းမှာ စတင်ပြီးအကောင်ထည်ဖော်ဆောင်ရွက် နေတယ်လို့သိရပါတယ်။

ရာသီဥတု ညွှန်းကိန်းသီးနှံအာမခံလုပ်ငန်းကို ဆောင်းရာသီ စိုက်ပျိုးသီးနှံတွေဖြစ်တဲ့ ပဲအမျိုးမျိုးနဲ့ နေကြာ အတွက် Pilot Project ရှေ့ပြေးစမ်းသပ်စီမံချက် အဖြစ် ခုလ ဒီဇင်ဘာကစပြီးစတင်ဆောင်ရွက်နေတာဖြစ် တယ်လို့သိရပါတယ်။

တောင်သူတွေ အနေနဲ့ ဆောင်းသီးနှံအာမခံစနစ်ကို ဆောင်းသီးနှံ ချေးငွေထုတ်ချေးစဉ်မှာ တပါတည်း ပရီမီယံကြေး သွင်းပြီး အာမခံစနစ်ကို ရယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

" ရာသီဥတု ပြောင်းလဲမှု၊ မိုးများခြင်း၊ မိုးနည်းခြင်း စတဲ့ အခြေအနေကြောင့် ဆုံးရှုံးမှု တွေ အတွက် အာမခံ ထားရတဲ့သဘော ပါ။ အာမခံထားရင် မိုးများလွန်း၊ မိုးနည်းလွန်း လို့ သတ်မှတ်မိုးရေချိန် ကျော်လွန် တာ၊လျော့ နည်း ရရှိမှုတွေ အပေါ် အာမခံပေးတာပါ၊စိုက်ပျိုးရေးလုပ်ငန်းကစွန့်စားရမှုများပါတယ်။တောင်သူတွေ အတွက် ရာသီဥတုဖောက်ပြန်တာတွေ၊သီးနှံဆုံးရှုံးတာတွေ၊ ပိုးမွှားရောဂါကျတာတွေ ဒီလိုဆုံးရှုံးတာတွေကို အာမခံထား တာနိုင်ငံတကာမှာလုပ်ကြပါတယ်။တချို့နိုင်ငံမှာဆိုရင် မိုးခေါင်ရေရှားတာကိုအာမခံထားကြတယ်။ " လို့ MRF ဥက္ကဋ္ဌဦးရဲမင်းအောင်က ပြောပါတယ်။

ဆောင်းသီးနှံ အတွက် အာမခံစနစ်ထားမယ်ဆိုပါက အာမခံ ပရီမီယံကြေးအနေနဲ့ တစ်ဧကကို ချေးငွေရဲ့ ၁ ရာခိုင်နူန်းဖြစ်တဲ့၁၀၀၀ ကျပ်ပေးသွင်းရပြီး ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ခင်းပျက်စီးရင်ချေးငွေ တစ် သိန်းကျပ်ကိုတောင်သူက ပြန်ဆပ်ဖို့မလိုပဲ မြန်မာ့ အာမခံလုပ်ငန်းက စိုက်ပျိုးရေးဘဏ်ကိုပေးလျော်သွား မှာဖြစ်တယ်လို့သိရပါတယ်။

ဒါပေမယ့်တောင်သူတွေကတော့ ဆောင်းတွင်းကာလမှာ မိုးရွာသွန်နိုင်မှုက အလွန်နည်းတာကြောင့်အာမခံ စနစ်ကို မထားသူတွေလည်းရှိသလို အာမခံစနစ် ရယူတဲ့တောင်သူတွေလည်းရှိပါတယ်။

“သေချာရှင်းပြတာမျိုးမရှိဘူး။အာမခံကြေးတော့မကောက်ခံပါဘူးအာမခံစနစ်ကဒီဘက်ကတောင်သူတွေကစိတ်ပါဝင်စားမှုနည်းကြတယ်ဘယ်တောင်သူမှအာမခံစနစ်ကိုစိတ်မဝင်စားကြဘူး၊ရှင်းပြမှုအပိုင်းကလည်းအားနည်းတယ် " လို့ ပဲတီစိမ်စိုက်တောင်သူတစ်ဦးကပြောပါတယ်။

သီးနှံအာမခံစနစ်ကို မြန်မာ့အာမခံလုပ်ငန်းနဲ့မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တို့က ပူးပေါင်းဆောင်ရွက်နေ တာဖြစ် ပြီး အဓိကတောင်သူတွေ သီးနှံပျက်စီးဆုံးရှုံးမှုမှ ကာကွယ်နိုင်ရေး အကျိုးရှိအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။သီးနှံရာသီဥတုညွှန်းကိန်း အာမခံစနစ် ဆိုတာကတော့မိုးရေချိန်ကို အခြေခံတဲ့အာမခံစနစ်၊ ရာသီဥတု ညွှန်းကိန်းကို အခြေပြုတဲ့ Weather Index Insurance ဖြစ်တယ်လို့ဆိုပါတယ်။

ချစ်ခွန်းချို (AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024