ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2024-01-17
Share to
တရုတ်အဝယ်လိုက်လို့ နှမ်းမျိုးစုံ စျေးနှုန်းတွေ မြင့်တက်လာ

 

ရန်ကုန်၊ဇန်နဝါရီ ၁၅

တရုတ်က အဝယ်လိုက်လာတာကြောင့် ပြည်တွင်းနှမ်းစျေးကွက်မှာ နှမ်းနက် စမုံအပါအဝင် နှမ်းမျိုးစုံစျေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ ကုန်စည်ဒိုင်တွေကသိရ တယ်။

နှမ်းမျိုးစုံ စျေးနှုန်း တွေက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၁၃ ရက်နေ့အတွင်း ၄၅ ပိဿာ တစ်အိတ်ကို ၁၅၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်လောက်အထိ မြင့်တက်လာတာဖြစ်ပါတယ်။

" တရုတ်ကအဝယ်လိုက်လို့စျေးပြန်မာလာတာ၊အဓိကဝယ်တာ နှမ်းနက်စမုံ ပါ၊ဒါပေမယ့် အဖြူ၊အညို၊အနီကလည်း တရုတ်ကအခွံချွတ်သမားတွေကဝယ်တယ်။ မိုးနှမ်းကတုန်းနေပြီ အညာနှမ်းပဲပေါ်နေတယ်၊ နှမ်းက တရုတ်က ပဲအဓိကဝယ်တာ ၊သူမဝယ်ရင်စျေး ကျတာပဲ " လို့ အောင်လံ ကုန်စည်ဒိုင်ဥက္ကဋ္ဌဦးအောင်မိုးကပြောပါတယ်။

မန္တလေး ကုန်စည်စျေးကွက်မှာ နှမ်းနက် စမုံက ၄၅ ပိဿာ၀င် တစ်အိတ် ကို ၃၄၀၀၀၀ ကျပ်မှ ၃၈၀၀၀၀ ကျပ်၊ နှမ်းဖြူဂျပန်က ၃၉၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ် ၊နှမ်းဖြူရိုးရိုးကလည်း ၃၅၀၀၀၀ ကျပ်မှ ၃၆၅၀၀၀ ကျပ်စျေးပေါက်ပြီး နှမ်းညိုက ၂၉၅၀၀၀ ကျပ်မှ ၃၁၀၀၀၀ ကျပ်စျေးပေါက် နေပါတယ်။

အောင်လံကုန်စည်ဒိုင် စျေးကွက်မှာ နှမ်းနက်စမုံ(အက်ဆစ်လွတ်) ၄၅ ပိဿာကို ၃၃၀၀၀၀ ကျပ်မှ ၃၅၀၀၀၀ အထိစျေးရှိပြီး အက်ဆစ်မလွတ်တဲ့ နှမ်းနက်စမုံက ၃၁၅၀၀၀ ကျပ်ရှိကာ နှမ်းဖြူ ၄၅ ပိဿာကို ၃၀၀၀၀၀ ကျပ်ရှိနေပါတယ်။

နှမ်းမျိုးစုံ စျေးမြင့်တက်လာတာကြောင့် မန္တလေးကုန်စည်ဒိုင်စျေးကွက်အပါအဝင် နယ်ကုန်စည်ဒိုင်တွေ မှာလည်း နှမ်းမျိုးစုံ အရောင်းအဝယ်သွက်နေတယ်လို့ သိရပါတယ်။

" မန္တလေးစျေးကွက် မှာတော့ ရောင်းလိုအား ဝယ်လိုအား ကောင်းနေတယ်ပြောရမယ်၊ တရုတ်ဝယ်လက်ကတော့ အက်ဆစ်အောင်တာကိုပဲ ကြိုက်တာ၊ စျေးနှုန်းက တစ်ရက်နဲ့တစ်ရက်မတူဘူး အတက်အကျကပြောင်းနေတာပေါ့ ၊ ကြာသပတေးနေ့တုန်းကဆို နှမ်းစျေးကခုထက်ပိုတယ်၊ခုရက်က နည်းနည်းပြန်ကျတယ်ပြောရမယ် " လို့ မန္တလေးက ကုန်သည်တစ်ဦးက သုံးသပ်ပြောပါတယ်။

နှမ်းကို တရုတ်ကသာအဓိကဝယ်ယူတာဖြစ်လို့ နှမ်းစျေးကွက်က တရုတ်ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျ ဖြစ်ပေါ်တတ်သလို ဒေါ်လာစျေးအတက်အကျ ၊ပို့ကုန်မူဝါအပြောင်းအလဲပေါ်လိုက်ပြီးလည်း ဈေးအတက်အကျ ဖြစ်နိုင်တယ်လို့ ကုန်သည်တွေကသုံးသပ်ပါတယ်။

နှမ်းကိုတော့ မကွေးတိုင်း ၊စစ်ကိုင်းတိုင်း ၊မန္တလေးတိုင်းမှာ အဓိကစိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှုအနေနဲ့ ဆီကြိတ်ခွဲခြင်း ၊မုန့်လုပ်ငန်းတွေမှာပဲ အသုံးပြုမှုရှိနေပါတယ်။

ချစ်ခွန်းချို (AMIA)

News

ဆက်စပ်သတင်းများ

May 4, 2024