ပင်မစာမျက်နှာ သတင်းနှင့်ဆောင်းပါး
2023-11-28
Share to
တောင်သူလယ်သမားကြီးများကို MSME လုပ်ငန်းရှင်ဖြစ်စေရန် ကနဦး ကျပ်၄၀ဘီလီယံဖြင့် အကောင်အထည် ဖေါ်မည်

နိုဝင်ဘာ- ၂၇
တောင်သူလယ်သမားကြီးများအား အသေးစား၊ အလတ်စား (MSME)စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်စေဖို့ လာ မည့်နှစ် နွေစပါးရာသီမှာ ကျပ်၄၀ဘီလီ ယံဖြင့် ကနဦး အကောင်အထည်ဖေါ်ရေးကို မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (MRF)က စီစဉ်နေပါတယ်။
လယ် ၁၀ဧက အထက်ပိုင်သော တောင်သူ လယ်သမားကြီးတွေကို လယ်၁ဧက ကျပ်၄သိန်း ချေးငွေပေးပြီး လယ်သမားတစ်ဦး၏ စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ စွမ်းရည် မြှင့်တင်ရေး အပြင် ကိုယ်ပိုင် သဘာဝမြေသြဇာ ထုတ်လုပ်ရေး၊ ကျွဲ၊ နွား ၊ကြက် ၊ငါး စတယ့် မွေးမြူရေး လုပ်ငန်းတွေကိုပါ တွဲဖက်လုပ်နိုင်ရေး အတွက်ရည်ရွယ် ဆောင်ရွက်ထားတယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ ပြုလုပ်တယ့် သတင်းပြန်ကြားဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်း အောင် ကပြောပါတယ်။

“Big Farmer (လယ်သမားကြီး)တွေက Pioneering Producer(ကနဦးထုတ်လုပ်သူ)ပါ။ MSME Level (အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်)မှာရှိပါတယ်”ဟု ဦးရဲမင်းအောင်က ရှင်းပြပါတယ်။
တောင်သူလယ်သမားကြီးများအား ကနဦး ချေးငွေထောက်ပံမှုကို ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းနှင့် နေပြည် တော် ကောင်စီ နယ်မြေရှိ လယ်မြေဧက တစ်သိန်းတွင် အကောင်အထည်ဖေါ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါ တယ်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ဦးစီးဌာန၏ အကျဉ်းဖျင်း အချက်အလက်များအရ မိုးစပါး စိုက်ဧက ၁၇သန်းဝန်း ကျင်နှင့် နွေစပါးစိုက်ဧက ၃သန်းခန့်ရှိပါတယ်။ မြန်မာနိုင်ငံတွင် လယ်ယာလုပ်ငန်းခွင်နှင့် အသက်မွေးဝမ်း ကြောင်း ပြုနေသူ ၄သိန်းခန့်ရှိနေပြီး လယ်ယာမြေပိုင်ဆိုင် စိုက်ပျိုးထုတ်လုပ်ရေး လုပ်ကိုင်နေသူများထဲမှာ လယ် ၁၀ ဧကအောက် ပိုင်ဆိုင်သူတွေက အများစုဖြစ်နေပါတယ်။

မြန်မာနိုင်ငံသည် ဆန်ကို အဓိက စားသုံးတယ့် နိုင်ငံဖြစ်ပြီး တစ်နှစ် ဆန်တန်ချိန် ၈သိန်းကျော် ၉သိန်းနီးပါး ပြည်တွင်းမှာ စားသုံးပြီး ပြည်ပကိုဆန်တန် ၂သန်း ကျော်တင်ပို့ပါတယ်။

ရာသီဥတုဖောက်ပြန်မှုနဲ့ နိုင်ငံတကာဈေးကွက် ဝယ်လိုအားဆွဲဆောင်မှုကို ဖြည့်တင်ရေးအတွက် ပြည်ပဆန် တင်ပို့မှုမြှင့်ဖို့ တစ်ဧက အထွက်နှုန်းတိုးရေးက မြန်မာ့ လယ်ယာလုပ်ငန်းခွင်ရဲ့ အဓိက လိုအပ်ချက်တစ် ခုဖြစ် နေပါတယ်။

တစ်ဧက စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးကို လယ်၁၀ဧက အောက်လုပ်ကွက်ငယ် လယ်သမား တွေ နဲ့ဆောင် ရွက်ခြင်းထက် လယ်ဧက ၂၀၊ ၃၀ နဲ့အထက်ပိုင်ဆိုင်တယ့် လယ်သမားကြီးများနှင့် အကောင် အထည်ဖေါ်ပါက ပိုမိုလျှင်မြန်စွာ ဆောင်ရွက်နိုင်မည်လို့ MRF သုံးသပ် ထားပါတယ်။

လယ်၁၀ဧကအောက် လုပ်ကွက်ငယ် လယ်သမားများအနေဖြင့် အထွက်နှုန်းတိုးမြှင့်ရေး စွမ်းဆောင်ဖို့ လျှင်မြန် စွာ အကောင်အထည်ဖေါ်ရေး ခက်ခဲသော်လည်း တောင်သူလယ်သမားကြီးများအနေဖြင့် မတည်ရင်းနှီးငွေ ထပ်မံဖြည့်တင်းပေးမည်ဆိုပါက အတွက်နှုန်းတိုးမြှင့်ရးကို လျှင်မြန်စွာ ဆောင်ရွက်နိုင်မည်လို့ သုံးသပ်ထားခြင်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့လယ်ယာကဏ္ဍမှာ Microfinance (အသေးစားငွေချေးလုပ်ငန်း)လုပ်ငန်းအချို့က ချေးငွေထုတ် ပေးဖို့ တွန့်ဆုတ်မှုတွေရှိ နေ ချိန်မှာ တစ်ဧကအထွက်နှုန်းတိုးမြှင့်ရေးအတွက် ဘဏ်များမှ ချေးငွေရရှိရေးက အဓိကအခန်းကဏ္ဍမှာ ပါဝင် လာပါတယ်။
လယ်ယာစိုက်ပျိုးရေးအတွက် အဓိကငွေပင်ငွေရင်း ထုတ်ပေးနေတယ့် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ကလည်း ၁ ဧက ကျပ်တစ်သိန်းခွဲ သတ်မှတ်ထုတ်ပေးခြင်းက ထွေထွေကုန်ဈေးနှုန်း မြင့်တက်ချိန်မှာ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် အရင်းအနှီးငွေများစွာ လိုအပ်ပါလာပါတယ်။

“ငွေရင်းနှီးနိုင်ရင်တော့ အထွက်တိုးဖို့ သွင်းအားစုပိုသုံးနိုင်မယ်။ မျိုးစပါးက အစရွေးချယ် ရင်းနှီးမြုပ်နှံ နိုင်တာ ပေါ့ ”ဟု ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှ လယ်သမားကြီး တစ်ဦးကပြောပါတယ်။

လယ်တစ်ဧက အထွက်နှုန်း တိုးမြှင့်ရေးက စိုက်ပျိုးချိန်တွင် ရင်းနှီးမြုပ်နှံမှု ဖြည့်တင်းပံပိုးပေးခြင်းအပြင် သီးနှံပေါ် ချိန်တွင် ဈေးကောင်းဖြင့်ရောင်းချနိုင်ရေးကလည်း အဓိက အခန်းကဏ္ဍတွင် ပါဝင်နေတယ်လို့ ၎င်းကပြော ပါတယ်။

ယခုနှစ် မိုးစပါးပေါ်ချိန် စပါးဈေးနှုန်းက တောင်သူများ မျှော်လင့်ထားတယ့် ဈေးဝန်းကျင်ရရှိခြင်းကြောင့် စိုက် ပျိုးစရိတ်ကုန်ကျမှုနဲ့ ရာသီဥတုဖောက်ပြန်မှုတွေရှိသော်လည်း ခုသာခံသာရှိပါတယ်လို့ ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်က လယ်သမားကြီး တစ်ဦးကပြောပါတယ်။

လက်ရှိ ပြည်တွင်းဈေးကွက်မှာ အမျိုးအစား၊ အစိုဓာတ်၊ သန့်ရှင်းမှုပေါ်မူတည်ပြီး ဆန်ကြမ်းစပါးဈေးနှုန်းကတင်း တစ်ရာကို ကျပ်၁၆သိန်းမှ သိန်း၂၀ကျော်အထိဈေးဖွင့်ရောင်းတာတွေရှိနေပါတယ်။ပေါ်ဆန်း ကဲ့သို့ ဆန်ချော စပါး ဈေးနှုန်းက ကျပ်သိန်း၂၀ အထက်မှာ အရောင်းအဝယ်ပြုလုပ်နေပါတယ်။

Chit Khon Cho (AMIA )

News

ဆက်စပ်သတင်းများ

May 4, 2024